မိသားစုတစ္ခုအိမ္တစ္အိမ္ရဲ႕စီးပြားေရးကိုလုံးဝပ်က္စီးသြားႏိုင္တဲ့ယိုေပါက္ႀကီး (၆)ခုျမတ္ စြာဘုရား ေဟာထားတာကေတာ့ေလာကမွာစီးပြားေရးပ်က္ရာ၊ပစၥည္းဥစၥာေတြရဲ႕ယိုေပါက္ႀကီး၆ခုဆိုတာပစၥည္းဥစၥာဟာ

ဘယ္ေတာ့မွမတည္ဘူးတဲျမန္မာေတြကေတာ့ေျပာၾကတယ္“လူမိုက္နဲ႔ေငြ”အတူမေနဘူးတဲ့ပစၥည္းဥစၥာဟာ ေပ်ာက္သြားတယ္။ျမတ္စြာဘုရားကဘာကိုေဟာသလဲဆိုရင္နံပါတ္(၁)ကအာလသ်လူပ်င္းနဲ႔ဆိုရင္

ေငြဟာအတူမေနဘူးတဲ့။ပ်င္းရိလို႔ရွိရင္ပ်င္းတယ္ဆိုတာပူလြန္းတယ္၊ေအးလြန္းတယ္၊မိုးခ်ဳပ္လြန္းတယ္၊ဆာေနေသးတယ္၊မစားရေသးဘူး၊စားၿပီးၿပီ၊ဗိုက္ေလးတယ္ဆိုတဲ့အခ်က္ေတြကိုအေၾကာင္းျပၿပီး

အလုပ္မလုပ္ဘဲနဲ႔ေနတာကိုပ်င္းတယ္လို႔ေျပာတာေနာ္။အဲဒီလိုပ်င္းရိမႈဟာလည္းပစၥည္းဥစၥာရဲ႕ယိုက်ဖို႔ရာအေပါက္တစ္ခုပဲတဲ့။ေနာက္ နံပါတ္(၂)ကေတာ့ပမာဒတဲ့အေပ်ာ္အပါးေတြဘက္ပဲစိတ္ဝင္စားတယ္

ေကာင္းက်ိဳးခ်မ္းသာျဖစ္ဖို႔စိတ္မဝင္စားဘူး။လုပ္ငန္းကိုလည္းစိတ္မဝင္စားဘူး။အေပ်ာ္အပါးေတြကိုအၿမဲတမ္းစိတ္ဝင္စားေနရင္လည္း ပ်က္စီးႏိုင္တယ္။နံပါတ္(၃)ကအႏု႒ာနလုပ္ငန္းတစ္ခုကိုလုပ္တဲ့အခါမွာတက္တက္ႂကြႂကြမရွိဘူး။

ဝတ္ေက်တမ္းေက်ပဲလုပ္တယ္၊ေျဖးေျဖးေဆးေဆးပဲ။ slowေပ့ါ။သြက္သြက္လက္လက္လုပ္ရမယ့္ဟာကိုသြက္သြက္လက္လက္မလုပ္ဘူး။ ပ်င္းပ်င္းရိရိလုပ္တယ္၊အဲဒီလိုဟာမ်ိဳးမျဖစ္ရဘူးတဲ့။ႀကိဳးႀကိဳးစားစားလုပ္ရမယ္။

အဲဒီေတာ့ပ်င္းရိျခင္းဟာလည္းဥစၥာရဲ႕ယိုေပါက္တစ္ခု။နံပါတ္(၄)ကကာမဂုဏ္အာ႐ုံေတြထဲမွာစိတ္ကိုလႊတ္ထားၿပီးေတာ့ေပ်ာ္ပါးျခင္းဟာလည္းပစၥည္းဥစၥာရဲ႕ယိုက်တဲ့အေပါက္တစ္ခုတဲ့။

နံပါတ္(၅)ကမေစာင့္စည္းျခင္း၊ကိုယ့္စိတ္ကိုလည္းအေစာင့္စည္းဘူး။ကာယကံဝစီကံကိုလည္းမထိန္းသိမ္းမေစာင့္ေရွာက္ဘူးကိုယ္က်င့္တရားကိုလည္းမထိန္းသိမ္းမေစာင့္ေရွာက္ဘူး။

အဲဒါဟာစီးပြားေရးယိုေပါက္တစ္ခုပဲ။နံပါတ္(၆)က အအိပ္ၾကဴးျခင္း၊ ဘယ္ေတာ့ျဖစ္ျဖစ္အိပ္တာပဲ။အအိပ္မ်ားေနတယ္၊ အဲဒီဟာလည္းပဲ ပ်က္စီးျခင္းအေၾကာင္းတစ္ခုပဲ။ခုနကေျပာခဲ့တဲ့အာလသ်နဲ႔ တႏၵီမွာ အာလသ်ပ်င္းရိတယ္

ဆိုတဲ့ေနရာမွာဘာအလုပ္မွ မလုပ္ဘဲေနတာမ်ိဳး၊တႏၵီက်ေတာ့ျဖစ္ေပၚလာတဲ့အခ်ိန္ကိုေ႐ႊ႕တာအၿမဲတမ္းအခ်ိန္ကိုေ႐ႊ႕ခ်င္တယ္။ေစာေသးတယ္၊ အခ်ိန္ေ႐ႊ႕လိုက္တယ္။

၈နာရီေလာက္ အလုပ္လုပ္ရမွာကို မလုပ္ေသးပါဘူး။၉နာရီမွ လုပ္မယ္။ ၉နာရီက်ေတာ့လည္း၁၀-နာရီက်မွာ သြားေတာ့မယ္။ဒီလိုအခ်ိန္ေတြကို ေ႐ႊ႕ေ႐ႊ႕သြားတာမ်ိဳးကို ဆိုလိုတယ္။အဲဒီအေပါက္ ၆-ေပါက္ကို ပိတ္ႏိုင္မွတဲ့။မပိတ္ႏိုင္လို႔ရွိရင္

ပစၥည္းဥစၥာဟာလူေတြနဲ႔အတူ မရွိႏိုင္ဘူးလို႔ဒီလို ျမတ္စြာဘုရားက ေဟာတယ္။အဲဒီလိုေဟာတာေတြဟာကိုယ့္အတြက္ပစၥဳပၸန္ဘဝမွာေကာင္းက်ိဳးရႏိုင္သလိုသံသရာအတြက္လည္း ေကာင္းက်ိဳးရႏိုင္တယ္။

မေကာင္းတဲ့အခ်က္အလက္ေတြကိုေရွာင္ၿပီးေတာ့ေကာင္းတဲ့အခ်က္အလက္ေတြကို ကိုယ့္သႏၲာန္မွာက်င့္ေဆာင္ဖို႔အေရးႀကီးတယ္။ယိုေပါက္ႀကီးေတြပိတ္ၿပီး စီးပြားလာဘ္လာဘတိုးတက္ၾကပါေစ။ခရက္တစ္ပါ

မိသားစုတစ်ခုအိမ်တစ်အိမ်ရဲ့စီးပွားရေးကိုလုံးဝပျက်စီးသွားနိုင်တဲ့ယိုပေါက်ကြီး၆)ခုမြတ်စွာဘုရားဟောထားတာကတော့လောကမှာစီးပွားရေးပျက်ရာ၊ပစ္စည်းဥစ္စာတွေရဲ့ယိုပေါက်ကြီး၆ခုဆိုတာပစ္စည်းဥစ္စာဟာ

ဘယ်တော့မှမတည်ဘူးတဲမြန်မာတွေကတော့ပြောကြတယ်“လူမိုက်နဲ့ငွေ”အတူမနေဘူးတဲ့ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။မြတ်စွာဘုရားကဘာကိုဟောသလဲဆိုရင်နံပါတ်(၁)ကအာလသျလူပျင်းနဲ့ဆိုရင်

ငွေဟာအတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင်ပျင်းတယ်ဆိုတာပူလွန်းတယ်၊အေးလွန်းတယ်၊မိုးချုပ်လွန်းတယ်၊ဆာနေသေးတယ်၊မစားရသေးဘူး၊စားပြီးပြီ၊ဗိုက်လေးတယ်ဆိုတဲ့အချက်တွေကိုအကြောင်းပြပြီး

အလုပ်မလုပ်ဘဲနဲ့နေတာကိုပျင်းတယ်လို့ပြောတာနော်။အဲဒီလိုပျင်းရိမှုဟာလည်းပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရာအပေါက်တစ်ခုပဲတဲ့။နောက် နံပါတ်(၂)ကတော့ပမာဒတဲ့အပျော်အပါးတွေဘက်ပဲစိတ်ဝင်စားတယ်

ကောင်းကျိုးချမ်းသာဖြစ်ဖို့စိတ်မဝင်စားဘူး။လုပ်ငန်းကိုလည်းစိတ်မဝင်စားဘူး။အပျော်အပါးတွေကိုအမြဲတမ်းစိတ်ဝင် စားနေရင်လည်း ပျက်စီးနိုင်တယ်။နံပါတ်(၃)ကအနုဋ္ဌာနလုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါမှာတက်တက်ကြွကြွမရှိဘူး။

ဝတ်ကျေတမ်းကျေပဲလုပ်တယ်၊ဖြေးဖြေးဆေးဆေးပဲ။ slowပေ့ါ။သွက်သွက်လက်လက်လုပ်ရမယ့်ဟာကိုသွက်သွက်လက်လက်မလုပ်ဘူး။ ပျင်းပျင်းရိရိလုပ်တယ်၊အဲဒီလိုဟာမျိုးမဖြစ်ရဘူးတဲ့။ကြိုးကြိုးစားစားလုပ်ရမယ်။

အဲဒီတော့ပျင်းရိခြင်းဟာလည်းဥစ္စာရဲ့ယိုပေါက်တစ်ခု။နံပါတ်(၄)ကကာမဂုဏ်အာရုံတွေထဲမှာစိတ်ကိုလွှတ်ထားပြီးတော့ပျော်ပါးခြင်းဟာလည်းပစ္စည်းဥစ္စာရဲ့ယိုကျတဲ့အပေါက်တစ်ခုတဲ့။

နံပါတ်(၅)ကမစောင့်စည်းခြင်း၊ကိုယ့်စိတ်ကိုလည်းအစောင့်စည်းဘူး။ကာယကံဝစီကံကိုလည်းမထိန်းသိမ်းမစောင့် ရှောက်ဘူးကိုယ်ကျင့်တရားကိုလည်းမထိန်းသိမ်းမစောင့်ရှောက်ဘူး။

အဲဒါဟာစီးပွားရေးယိုပေါက်တစ်ခုပဲ။နံပါတ်(၆)က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ်အိပ်တာပဲ။အအိပ်များနေတယ်၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်းအကြောင်းတစ်ခုပဲ။ခုနကပြောခဲ့တဲ့အာလသျနဲ့ တန္ဒီမှာ အာလသျပျင်းရိတယ်

ဆိုတဲ့နေရာမှာဘာအလုပ်မှ မလုပ်ဘဲနေတာမျိုး၊တန္ဒီကျတော့ဖြစ်ပေါ်လာတဲ့အချိန်ကိုရွှေ့တာအမြဲတမ်းအချိန်ကိုရွှေ့ချင်တယ်။စောသေးတယ်၊ အချိန်ရွှေ့လိုက်တယ်။

၈နာရီလောက် အလုပ်လုပ်ရမှာကို မလုပ်သေးပါဘူး။၉နာရီမှ လုပ်မယ်။ ၉နာရီကျတော့လည်း၁၀-နာရီကျမှာသွားတော့မယ်။ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှတဲ့။မပိတ်နိုင်လို့ရှိရင်

ပစ္စည်းဥစ္စာဟာလူတွေနဲ့အတူ မရှိနိုင်ဘူးလို့ဒီလို မြတ်စွာဘုရားက ဟောတယ်။အဲဒီလိုဟောတာတွေဟာကိုယ့်အတွက်ပစ္စုပ္ပန်ဘဝမှာကောင်းကျိုးရနိုင်သလိုသံသရာအတွက်လည်း ကောင်းကျိုးရနိုင်တယ်။

မကောင်းတဲ့အချက်အလက်တွေကိုရှောင်ပြီးတော့ကောင်းတဲ့အချက်အလက်တွေကို ကိုယ့်သန္တာန်မှာကျင့်ဆောင်ဖို့အရေးကြီးတယ်။ယိုပေါက်ကြီးတွေပိတ်ပြီး စီးပွားလာဘ်လာဘတိုးတက်ကြပါစေ။ခရက်တစ်ပါ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here