မိသားစုတစ်ခုမှာမိသားစုစိတ်ဓာတ်ပိုပြီးရှိတဲ့လူကပိုပြီးပင်ပန်းရတာပါမိသားစုတစ်ခုမှာအကြီးမို့အငယ်မို့ပိုပြီးအနစ်နာခံ ရတယ်ပိုပြီးပင်ပန်းရတယ်လို့မရှိပါဘူးမိသားစု

တစ်ခုမှာ မိသားစုစိတ်ဓာတ်ပိုပြီးရှိတဲ့လူကပိုပြီးပင်ပန်းရတာပါမိသားစုစိတ်ဓာတ်ဆိုတာတာဝန်ယူတတ်တဲ့စိတ်တာဝန်သိ တတ်တဲ့စိတ်ပါပဲကိုယ့်တစ်ယောက်တည်းအတွက်အဆင်ပြေ




မယ့်အရာကိုမရွေးပဲမိသားစုလေးယောက်ရှိတဲ့အခါလေးယောက်လုံးအဆင်ပြေစေချင်တဲ့ဆန္ဒငါးယောက်ရှိတဲ့အခါငါးယောက်လုံးအဆင်ပြေစေချင်တဲ့ဆန္ဒပေါ့အရာရာမှာကိုယ်ဖြစ်
ချင်နေတာထက်ဖြစ်သင့်ဖြစ်ထိုက်တာကိုပိုပြီးရွေးချယ်တဲ့အတွက်သာမန်ထက်ပိုပြီးစွန့်လွှတ်ရတာတွေများတတ်ပါတယ်ဥပမာကိုယ်မက်ခဲ့တဲ့အိပ်မက်တွေမိသားစုအတွက်မေ့




ပစ်လိုက်ရတာမျိုးပေါ့ကိုယ်ဖြစ်ချင်နေတဲ့အရာတွေထက်အကြီးမှသည်အငယ်အဆုံးသူတို့ရဲ့ရည်မှန်းချက်တွေကိုပိုပြီးဖြည့်ဆည်းပေးတတ်တယ်နောက်ဆုံးကိုယ်သာဘာမှမဟုတ်
တဲ့လူတစ်ယောက်အဖြစ်ကျန်ခဲ့ရတာလေအိမ်ကိုပိုပြီးသံယောဇဉ်ကြီးတတ်တဲ့သူကရပ်ဝေးမသွားနိုင်နယ်ဝေးယေမထွက်နိုင်နဲ့ခြေချုပ်မိနေသလိုမျိုးပေါ့အိမ်ကိုပိုပြီးတွယ်တာ




လေလေကိုယ့်မှာပိုပြီးဆင်ခြင်ရလေလေပိုပြီးစွန့်လွှတ်ရလေလေပါပဲကိုယ့်မှာလိုချင်တာတွေရှိလာခဲ့ရင်တောင်ငဲ့ကွက်ရင်မလိုချင်ယောင်တွေဆောင်လာတတ်တယ်မိသားစုတစ်ခုမှာ
အကြီးဖြစ်နေလို့ပိုပြီးအနစ်နာခံရတယ်အငယ်ဖြစ်နေလို့ပိုပြီးအနစ်နာခံရတယ်လို့မဟုတ်ပါဘူမိသားစုစိတ်ဓာတ်ရှိတဲ့သူကသာပိုပြီးပင်ပန်းရတာပါcredit orginal