မိသားစုတစ်ခုအိမ်တစ်အိမ်ရဲ့စီးပွားရေးကိုလုံး၀ပျက်စီးသွားနိုင်တဲ့ယိုပေါက်ကြီး(၆)ခုမြတ်စွာဘုရားဟောထားတာကတော့လောကမှာစီးပွားရေးပျက်ရာပစ္စည်းဥစ္စာတွေရဲ့

ယိုပေါက်ကြီး၆ခုဆိုတာပစ္စည်းဥစ္စာဟာဘယ်တော့မှမတည်ဘူးတဲမြန်မာတွေကတော့ပြောကြတယ်လူမိုက်နဲ့ငွေအတူမနေဘူးတဲ့ပစ္စည်းဥစ္စာဟာပျောက်သွားတယ်မြတ်စွာဘုရားကဘာ

ကိုဟောသလဲဆိုရင်နံပါတ်(၁)ကအာလသျလူပျင်းနဲ့ဆိုရင်ငွေဟာအတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင်ပျင်းတယ်ဆိုတာပူလွန်းတယ်၊အေးလွန်းတယ်၊မိုးချုပ်လွန်းတယ်၊ဆာနေသေးတယ်၊မ

စားရသေးဘူး၊စားပြီးပြီ၊ဗိုက်လေးတယ်ဆိုတဲ့အချက်တွေကိုအကြောင်းပြပြီးအလုပ်မလုပ်ဘဲနဲ့နေတာကိုပျင်းတယ်လို့ပြောတာနော်အဲဒီလိုပျင်းရိမှုဟာလည်းပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရာ

အပေါက်တစ်ခုပဲတဲ့နောက် နံပါတ်(၂)ကတော့ပမာဒတဲ့အပျော်အပါးတွေဘက်ပဲစိတ်၀င်စားတယ်။ကောင်းကျိုးချမ်းသာဖြစ်ဖို့စိတ်မ၀င်စားဘူး။လုပ်ငန်းကိုလည်းစိတ်မ၀င်

စားဘူးအပျော်အပါးတွေကိုအမြဲတမ်းစိတ်၀င်စားနေရင်လည်းပျက်စီးနိုင်တယ်နံပါတ်(၃)ကအနုဋ္ဌာနလုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါမှာတက်တက်ကြွကြွမရှိဘူး၀တ်ကျေတမ်းကျေပဲ

လုပ်တယ်၊ဖြေးဖြေးဆေးဆေးပဲslowပေါ့သွက်သွက်လက်လက်လုပ်ရမယ့်ဟာကိုသွက်သွက်လက်လက်မလုပ်ဘူးပျင်းပျင်းရိရိလုပ်တယ်၊အဲဒီလိုဟာမျိုးမဖြစ်ရဘူးတဲ့ကြိုး

ကြိုးစားစားလုပ်ရမယ်။အဲဒီတော့ပျင်းရိခြင်းဟာလည်းဥစ္စာရဲ့ယိုပေါက်တစ်ခုနံပါတ်(၄)ကကာမဂုဏ်အာရုံတွေထဲမှာစိတ်ကိုလွှတ်ထားပြီးတော့ပျော်ပါးခြင်းဟာလည်းပစ္စည်းဥစ္စာရဲ့ယို

ကျတဲ့အပေါက်တစ်ခုတဲ့။နံပါတ်(၅)ကမစောင့်စည်းခြင်း၊ကိုယ့်စိတ်ကိုလည်းအစောင့်စည်းဘူးကာယကံ၀စီကံကိုလည်းမထိန်းသိမ်းမစောင့်ရှောက်ဘူး။ကိုယ်ကျင့်တရားကိုလည်းမ

ထိန်းသိမ်းမစောင့်ရှောက်ဘူး။အဲဒါဟာစီးပွားရေးယိုပေါက်တစ်ခုပဲ။နံပါတ်(၆)က အအိပ်ကြူးခြင်း၊ဘယ်တော့ဖြစ်ဖြစ်အိပ်တာပဲအအိပ်များနေတယ်၊အဲဒီဟာလည်းပဲပျက်စီးခြင်း

အကြောင်းတစ်ခုပဲခုနကပြောခဲ့တဲ့အာလသျနဲတန္ဒီမှာအာလသျပျင်းရိတယ်ဆိုတဲ့နေရာမှာဘာအလုပ်မှမလုပ်ဘဲနေတာမျိုးတန္ဒီကျတော့ဖြစ်ပေါ်လာတဲ့အချိန်ကိုရွှေ့တာအမြဲတမ်း

အချိန်ကိုရွှေ့ချင်တယ်။စောသေးတယ်၊ အချိန်ရွှေ့လိုက်တယ်၈နာရီလောက်အလုပ်လုပ်ရမှာကိုမလုပ်သေးပါဘူး။၉နာရီမှလုပ်မယ်၉နာရီကျတော့လည်း၁၀နာရီကျမှာသွား

တော့မယ်။ဒီလိုအချိန်တွေကိုရွှေ့ရွှေ့သွားတာမျိုးကိုဆိုလိုတယ်အဲဒီအပေါက်၆-ပေါက်ကိုပိတ်နိုင်မှတဲ့။မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာလူတွေနဲ့အတူမရှိနိုင်ဘူးလို့ဒီလိုမြတ်စွာဘုရား

ကဟောတယ်။အဲဒီလိုဟောတာတွေဟာကိုယ့်အတွက်ပစ္စုပ္ပန်ဘ၀မှာကောင်းကျိုးရနိုင်သလိုသံသရာအတွက်လည်းကောင်းကျိုးရနိုင်တယ်မကောင်းတဲ့အချက်အလက်တွေကိုရှောင်ပြီး

တော့ကောင်းတဲ့အချက်အလက်တွေကိုကိုယ့်သန္တာန်မှာကျင့်ဆောင်ဖိုအရေးကြီးတယ်ယိုပေါက်ကြီးတွေပိတ်ပြီးစီးပွားလာဘ်လာဘတိုးတက်ကြပါစေပါချုပ်ဆရာတော်ဘုရားကြီးအခွင့်ကောင်းကိုယူဓမ္မစာအုပ်မှကိုသန့်ကြီးထံမှကူးယူမျှဝေပါသည်Credit: