မတော်တဆလည်ချောင်းမှာငါးအရိုးစူးလျှင် ဒါမျိုးလုပ်လိုက်ပါငါးအရိုးမျက်လျှင်အတော့်ကိုခံစားရခက်သည်မှာအားလုံးလည်း သိပြီး ဖြစ်မှာပါ။တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့်အခန့်မသင့်လျှင်
ဆေးရုံတက်ပြီးလည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်။ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်း ကုထုံးလေးများကို ရသမျှ စုစည်း၍တင်ပေးလိုက်ပါတယ်။
ကိုယ်နဲ့အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်။(၁)သံပုရာသီးကိုအခွံမာများခွါ၍အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများထိုးဆွထား၍ခေတ္တမျငုံထားပါ။အရည်ကိုတဖြေးဖြေးမျိုချပေးပါ။
အချဉ်ဓါတ်ကငါးရိုးများကိုတိုက်စား သွားပေလိမ့်မည်(၂)ငှက်ပျောသီးစားပါ။ဘာငှက်ပျောသီးဖြစ်ဖြစ်အဆင်ပြေပါသည်။(၃) ကြက်ဥအကာကို သောက်ပေးပါ။ငါးရိုးသည်အချွဲများနှင့် အတူ ကျသွားမည်။
(၄)သံပုရာသီးသို့မဟုတ်သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာအာခေါင်ထဲကိုတစ်စိတ်ချင်းစီအရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ပြီးမှ ရေသောက်လိုက်ပါ။
ငါးရိုးမျက်ခြင်းပျောက်ကင် းသွားလိမ့်မည်(၅)ဇီးဖြူသီးကိုအလုံးလိုက်ဝါးစားပြီးအရည်ရောအဖတ်ပါမျိုချပါ။ငါးရိုးများအရည်ပျော်ကျသွားပါလိမ့်မည်။(၆) ရေများများ သောက်ပါ။သောက်ရေထဲကိုဆားအနည်းငယ်ခတ်၍ သောက်ပါ။
ဆားဓါတ်ကငါးရိုးကိုအမြတ်ချေဖျက်ပေးနိုင်ပါသည်။(၇)သံလွင်ဆီအနည်းငယ်ခန့်ကို သောက်ပါ။ငါးရိုးများဆီနှင့်အတူ လျှောကျသွားမည်။လည်ချောင်းနာလည်း ပျောက်မည်။(၈)လိမ္မော်ရည်၊သံပုရာရည်တို့ကို ဖျော်သောက်ပါ။
၎င်းတို့မှာ ပါဝင်သည့် Citric Acid ကငါးရိုးများကိုအမြန်ကျေသွားစေပါသည်(၉)ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချပါ။အာခေါင်တွင်ကပ်ညှိနေသောငါးအရိုးများ အောက်ကိုထိုးကျသွားမည်
(၁၀)ယခုခေတ်တွင် ပေါများနေသော Coke,Pepsi စသည့် ဂက်စ်ပါဝင်သည့်အချိုရည်တို့ကို သောက်ပါ။ငါးရိုးကိုအမြန်ပျော့သွားစေပါသည်။သတိပြုရန်ငါးရိုးမျက်နေစဉ်လည်ချောင်းအပြင်ဘက်မှဖိခြင်း၊
နှိပ်နယ်ခြင်းများမပြုလုပ်ပါနှင့်။သင့်ပတ်ဝန်းကျင်မှာလည်းငါးရိုးမျက်၍ဒုက္ခရောက်သူများအတွက်ဒီPost လေးကိုShare ပေးနိုင်ကြပါတယ်အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းနိုင်ကြပါစေ။