သင်ဟာမောင်နှမတွေထဲမှာအကြီးပိုင်းတစ်ယောက်ဖြစ်ပြီးမောင်လေးတစ်ယောက်သို့မဟုတ်မောင်လေးတွေကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့သင့်မှာမောင်လေးနဲ့ပတ်သက်တဲ့

အမှတ်တရတွေအများကြီးရှိနေမှာပါ။ခုဖော်ပြပေးမှာကတော့မောင်လေးရှိတဲ့အစ်မတွေသာနားလည်နိုင်မယ့မောင်လေးအပေါ်ထားတဲ့အစ်မတစ်ယောက်ရဲ့သဘောထားလေးတွေပဲ

ဖြစ်ပါတယ်(၁)သင်ဟာသင့်မောင်လေးအပေါ်မှာမိခင်စိတ်အပြည့်ရှိတဲ့သူတစ်ယောက်ပါသင့်မောင်လေးကိုထိန်းကျောင်းတာ၊မုန့်ကျွေးတာ၊ထမင်းခွံ့တာကအစသင့်အတွက်

ကြည်နူးစရာအတိဖြစ်နေသလို၊တစ်ခါတလေသင့်မောင်လေးကိုသင်မွေးထားတဲ့သားလေးတစ်ယောက်လိုတောင်ခံစားရမှာပါ(၂)အစအနောက်သန်တဲ့သင့်မောင်လေး၊ပြောစကားနားမ

ထောင်ဂျစ်ကန်ကန်နေတတ်တဲ့သင့်မောင်လေးကြောင့်တစ်ခါတလေဒေါသအိုးပေါက်ကွဲရတဲ့အချိန်တွေလည်းအများကြီးကြုံဖူးမျာပါသူ့ကြောင့်ပဲသင်ဟာသည်းခံနိုင်စွမးတော့ပို

ပြီးကောင်းလာတယ်ဆိုတာငြင်းမရပါဘူး(၃)သင့်မောင်လေးအတွက်အကောင်းဆုံးတွေကိုပဲဖြစ်စေချင်တာသင့်ဆန္ဒပါလူကြားသူကြားထဲမှာမျက်နှာမငယ်စေချင်ဘူးပြည့်ပြည့်စုံစုံနဲ့

မြင်ချင်တယ်၊တော်စေချင်တယ်အမြင့်ကိုရောက်စေချင်တယ်သင်နဲ့သူတည့်သည်ဖြစ်စေမတည့်သည်ဖြစ်စေသင့်မောင်လေးအတွက်အကောင်းဆုံးတွေကိုပဲမျှော်လင့်ပေးပါတယ်။

(၄)သင့်မောင်လေးအနားမှာရှိနေတဲ့မိန်းကလေးတော်တော်များများကိုသင်အကဲခတ်ပြီးသားပါဘယ်သူကဘယ်လိုအချိုးမျိုးရှိလဲဆိုတာသင်သိနေပါတယ်ဒါကြောင့်သင့်မောင်လေးကို

ဘယ်သူ့လက်ထဲမှမထည့်ပေးချင်တာကလည်းအစ်မတွေရဲ့အတ္တဖြစ်ပါတယ်(၅)သင်ဟာသင့်မောင်လေးရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပါတယ်။သူစိတ်အားထက်သန်စွာ

လုပ်တဲ့အရာတိုင်းမှာအားပေးဖို့အဆင်သင့်ဖြစ်နေတာပါသင်တို့ရဲ့မိခင်ကလွဲရင်သင့်မောင်လေးကိုအားအပေးနိုင်ဆုံးကသင်ပါပဲ(၆) သင့်မောင်လေးကြောင့်သင်ဟာစိတ်ပိုင်းဆိုင်ရာ

ပိုပြီးသန်မာလာတာကိုတော့ငြင်းလို့မရပါဘူးသင့်မောင်လေးလဲကျတဲ့အခါအားပေးနိုင်ဖို့လိုအပ်တဲ့အခါကူညီနိုင်ဖို့အစ်မကြီးအမိရာဆိုတဲ့စိတ်ကိုသွင်းပြီးရင့်ကျက်သန်မာတဲ့

စိတ်ဓာတ်မျိုးကိုသင်မွေးခဲ့ပါတယ်(၇)သင်ဟာဘယ်လောက်ပဲမာနကြီးနေပါစေဘယ်လောက်ပဲကောင်လေးတွေဝိုင်းဝိုင်းလည်နေပါစေတစ်ယောက်သောသူရဲ့ဂရုစိုက်မှုကိုရဖို့တော့

အတင်းလုပ်ယူနေရမှာပါလူတိုင်းကသင့်ကိုဦးစားပေးနေရင်တောင်သင့်ကိုချေတဲ့တစ်ယောက်သောသူကသင့်မောင်လေးပါပဲCRD-AUNTY MAY