မဲညစ်နေတဲ့ချိုင်းကြား၊ပေါင်ခြံ၊တံတောင်ဆစ်တွေကိုအမြန်ဆုံးဖြူဝင်းသွားစေမယ့်နည်းလမ်းများပျိုမေတို့အနေနဲအတိုတွေ၊ လက်ပြတ်တွေဝတ်တဲ့အခါချိုင်းသားတွေ၊ပေါင်ခြံတွေမဲနေရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေလျော့နည်းနေတတ်ပါတယ်။
ခုဖော်ပြပေးမှာကတော့ငွေကုန်ကြေးကျလည်းသက်သာတဲ့အပြင်လွယ်ကူရိုးရှင်းပြီးအိမ်မှာတင်ကိုယ်တိုင်လုပ်လို့ရတဲ့နည်းလမ်;လေးတြွေဖစ်တာကြောင့်အားလုံးနဲ့လည်းအဆင်ပြေမှာပါနော်။
(၁)ရှားစောင်းလက်ပတ်လတ်ဆတ်တဲ့ရှားစောင်းလက်ပပ်အနှစ်ကိုယူပြီးမည်းနေတဲ့တံတောင်ဆစ်၊ဒူးခေါင်းနဲ့ပေါင်ခြံတွေအပြင်တခြားမဲနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးကိုလိမ်းပေးနိုင်ပါတယ်။
လိမ်းပေးပြီးတဲ့အခါမှာတော့မိနစ်၂၀လောက်ထားပြီးရေနွေးလေးနဲ့ပြန်လည်ဆေးကြောပေးလိုက်ရုံပါပဲ။ထူးခြားတဲ့အာနိသင်ကိုချက်ချင်းတွေ့မြင်ရမှာပါ(၂)ဒိန်ချဉ်ဒိန်ချဉ်အသန့်ကိုယူပြီးမည်းနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလိမ်းပေးပြီး
၁၅မိနစ်လောက်ထားလိုက်ပါ။ပြီးရင်တော့ရေနွေးလေးနဲ့ဆေးကြောပေးလိုက်ရုံပါပဲ(၃)စနွင်းမှုန့်နဲ့လိမ္မော်ရည်လိမ္မော်ရည်နဲ့ စနွင်းမှုန့်အနည်းငယ်ကိုရောမွှေလိုက်ပါ။ရလာတဲ့အနှစ်ကိုမည်းနေတဲ့အစိတ်အပိုင်းတွေမှာလိမ်းပြီးမိနစ်၂၀ခန့်ထားပြီးမှ
ရေနွေးဖြင့်ဆေးကြောပေးပါ။နေ့စဉ်ပုံမှန်ပြုလုပ်ပေးသွားရင်သိသာထင်ရှားတဲ့ရလဒ်ကိုရက်ပိုင်းအတွင်းမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။(၄)ပဲမှုန့်ပဲမှုန့်ကိုရေအနည်းငယ်ရောပြီးခပ်ပျစ်ပျစ်ဖျော်လိုက်ပါ။ရလာတဲ့အနှစ်ကိုမည်းနေတဲ့ခန္ဓာကိုယ်
အစိတ်အပိုင်းတွေမှာလိမ်းပြီးနာရီဝက်အကြာမှာရေနွေးလေးနဲ့ဆေးကြောပေးလိုက်ပါ။နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် သိသာထင်ရှားတဲ့ရလဒ်ကိုအမြန်ဆုံးရရှိမှာဖြစ်ပါတယ်နော်။ခရက်ဒစ်EmEm