မျက်လုံးအား ပြန်လည်ကောင်းမွန်ပြီးမျက်မှန်မလိုတော့အောင် မျက်မှန်လွတ်တဲ့ နည်းလမ်းလေးဒီနည်းကိုစာသင်သားဘဝတုန်းက အခုအချိန်ထိ ပြုလုပ်နေတာပါ။စလုပ်တုန်းကဒီလိုပဲတစ်နေ့လုပ်လိုက်တပတ်ပျက်လိုက်လေ

နောက်ပိုင်း ခြေထောက်ကိုရေမလောင်းပဲ မျက်နှာမသစ်တတ်တော့ဘူးမို့လို့ပါနည်းလမ်းကပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်းမျက်နှာကိုအရင်မသစ်ရဘူး ၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်လောင်းပေးရမယ်

ဒါက တစ်ကိုယ်လုံးမှာပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ။ အိပ်ရာကထလာတာနဲ့အပူတွေက တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေတာပါဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်

ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးကအပူတွေအကုန်ပြေးလာကြပါတယ်ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊ အပူငွေ့တွေလာရိုက်တော့တာပေါ့။ သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့

မှန်ထောင်ကြည့်လိုက်ပါ ၊ မျက်လုံးနှစ်လုံးစလုံး ” ရဲ ” နေတာတွေ့ရလိမ့်မယ်၊အဲဒီလိုအပူခိုးတွေ ရိုက်ပါများလာတဲ့အခါ ” ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်

ခြေထောက်ကို အရင်ရေလောင်းရတာပေါ့ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်းချက်ချင်းမျက်နှာမသစ်ရသေးဘူး။ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို

ခေါင်းပေါ်မြှောက်တင်လိုက်အောက်ချလိုက် နဲ့အနည်းဆုံးအကြိမ် ၂၀ လောက်လုပ်ပေးရမယ်အဲဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကိုနောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ်

ရှေ့ကိုလည်းရသလောက် ငုံ့ရမယ်ဒါကလည်းအကြိမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ်ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ ခြေထောက်ကတဆင့် ထွက်နေတာ

ကုန်သွားပါပြီ သေချာသိချင်ရင် ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ရေတစ်စက်မှ မရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ်ဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး။ ပါးစပ်ကိုပိတ်ထားရမယ်

မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေတော့။ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊ အဲ့ဒီကျတော့မှ သွားတိုက်ရမယ် သွားတိုက်ရင်းနဲ့ သွားကြို သွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ

မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေဒီနည်းကတော့” အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ” ကို ကြိုတင်ကာကွယ်နည်းပါဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ်

ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ်ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ်မျက်စိအားကောင်းသောသူများပင်လျှင်ဒီနည်းကို နေ့စဉ်ပြုလုပ်သင့်ပါသည်ခရစ်စတစ်

LEAVE A REPLY

Please enter your comment!
Please enter your name here