မျက်နှာပေါ်မှာပေါက်နေသောငါးမျက်စိဖုလေးတွေကိုပျောက်ကင်းသက်သာစေမည့်ဆေးနည်းကိုဖော်ပြပေးလိုက်ပါတယ်ရှင်ဘုတလက်စေ့ကိုသွေးပြီးလိမ်းပါမြန်မြန်ပျောက်ချင်ရင်ဆန်ဆေးရည်(သိုမဟုတ်)သံပုရာရည်နှင့်သွေးလိမ်းပါ
ညလိမ်းအိပ်ပီးနောက်တနေ့ နံနတ်မှမျက်နှာသစ်ပါတစ်နေကုန်မျက်နှာပေါ်မှာကိုယ်လိမ်းနေကြများလိမ်းနိုင်ပါတယ်မတည့်တာမျိုးမဖြစ်ပါရှင်ငါးမျက်စိဖြစ်တာမကြာသေးသူမှာအဖုလေးများကိုလေးငါးရက်လောက်လိမ်းပေးရင်
အဖုလေးများဆက်မထွက်တော့ဘဲထွက်ပီးသာအဖုလေးများမှာလည်းအမြစ်မှကျွတ်ထွက်သွားပါမည်ငါးမျက်စိဖြစ်တာနှစ်ချီပြီးကြာသူများအတွက်ကတော့တစ်လနှစ်လလောက်လိမ်းပေးပါသက်သာပျောက်ကင်းသွားပါမည်ရှင်။
ဆေးလိမ်းနေသည့်ရက်များမှာ လိမ်းထားသည့်နေရာမှယားနေလျှင် မကြောက်ပါနှင့် အဖုလေးကျွတ်ထွက်ခါနီးလို့ပါဆေးလိမ်းပြီးမှာမျက်နှာအသားအရေမှာမဲချင် ကွက်သွားချင် အမာရွတ်များ ဖြစ်ပြီးကျန်မနေခဲ့ပါ ညစဉ် ဆန်ဆေးရည်
သို့မဟုတ် ရိုးရိုးရေဖြင့် နေ့စဉ် လိမ်းပေး နိုင်ပါက အသားအရေ ဖြူဖွေးချောမွတ်ပါမည်ရှင်ငါးမျက်စိမှာ မိဘမျိုးရိုးထံမှာ ရှိလျှင်ဆေးလိမ်းပြီး ပျောက်ကင်းသွားလည်းသုံးလေးနှစ်ကြာလျှင်ပြန်ထွက်တက်ပါသည်ပြန်ထွက်လာပါကဆေးကိုပြန်ပီး
လိမ်းပါသက်သာပျောက်ကင်းပါမည်ဘုတလက်စေ့ကပရဆေးဆိုင်များမှာဝယ်လို့ရပါတယ်ပရဆေးဆိုင်ဆိုသည်မှာ မြန်မာတိုင်းရင်းဆေးများဖော်စပ်ရင်းအသုံးပြုတဲ့ဆေးမြစ်၊ဆေးဥများဥပမာမိတ်သလင်-စမုံစပါးစေ့-သစ်ဂျပိုး-ဇာတိ
ဖိုလ်သီး-လျှက်ဆားတို့လိုမျိုးရောင်းတဲ့ဆိုင်ဖိုထိုးရင်းအသုံးပြုတဲ့ပစ္စည်းတွေလည်းရောင်းတဲ့ဆိုင်မျိုးပါဘုတလက်စေ့ကဈေးသိပ်မကြီးပါဘူး ရှင်အလောင်းတော်ကဿပ ဘုရားဖူးသွားလျှင် ဈေးသည်လေးများမှာဘုတလက်စေ့များကို ပေါ
များစွာရောင်းချပါသည်မျက်နှာပေါ်မှာငါးမျက်စိများပေါက်ပြီးဝတ်ခြံများလိုညှစ်လို့လည်းမရအသားမာဖုလေးတွေဖြစ်နေ၍ အလှပျက်ပြီးစိတ်ညစ်နေသူများအားလုံးအတွက်ပျောက်ကင်းရှင်းစေလိုသောစိတ်စေတနာဆန္ဒလေးဖြင့်ခရက်တစ်