တပတ်အတွင်းမျက်နှာကိုဝင်းလက်သွားစေမယ့်သဘာဝပေါင်းတင်နည်း(၈)နည်းအစာလည်း ဆေး၊ ဆေးလည်းအစာဆိုတဲ့အတိုင်း နေ့စဉ်စားသောက်နေတဲ့အစားအစာတွေကကျန်းမာရေးအတွက်သာမကအလှအပအတွက်ပါအကျိုးပြုပါတယ်

၈။ကြက်ဥအကာဖြင့် ပေါင်းတင်နည်းကြက်ဥအကာနဲ့ပေါင်းတင်ခြင်းကမျက်နှာပေါ်က ချွေးပေါက်တွေကို ပွင့်စေပါတယ်ဖုန်ထူထပ်တဲ့နေရာမှာ နေရပြီးမျက်နှာပေါင်းတင်ဖို့အဆင်မပြေသူတွေအတွက် ဒီနည်းလမ်းကအသုံးဝင်ပါတယ်

ပြုလုပ်နည်းကတော့ကြက်ဥအကာကို ဖောက်ပြီးကြက်ဥအနှစ်ကိုဖယ်ထားပါကြက်ဥအကာကိုကြက်ဥခလောက်တံနဲ့ မွှေပါပုဝါပါးပါးလေးကိုခလောက်ထားတဲ့ကြက်ဥအကာထဲနှစ်ပြီးမျက်နှာမှာကပ်ပါပုဝါလေးကိုမျက်နှာမှာ

ခြောက်သွားတဲ့အထိကပ်ပြီး ဖြည်းဖြည်းလေး ခွာပါပြီးရင်တော့မျက်နှာသစ်လို့ရပါပြီ။ တခြားခရင်မ်တွေလိမ်းချင်ရင်လည်းလိမ်းလို့ရပါတယ်၇ပျားရည်၊ထောပတ်သီးဖြင့် ပေါင်းတင်နည်းခန္ဓာကိုယ်ကပင်ပန်းလာတဲ့အခါမှာအနားယူဖိ့ လိုအပ်လာပါတယ်အဲဒီအခါ

မျက်နှာအသားအရေကိုဂရုစိုက်ဖို့လည်းလိုလာပါတယ်ပြုလုပ်နည်းကတော့ ထောပတ်သီးတစ်ခြမ်း၊ အုတ်ဂျုံမှုန့်တစ်ဇွန်း၊ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊သံပရိုသီးလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ထောပတ်သီးအနှစ်တွေကို

ခွာယူပြီးပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ပါရလာတဲ့အနှစ်တွေကိုမျက်နှာပေါ်မှာမိနစ်20ခန့်ထားပြီးမျက်နှာသစ်လို့ရပါပြီ။၆။ကြက်ဥအနှစ်၊ သံလွင်ဆီတို့ဖြင့် ပေါင်းတင်နည်းမျက်နှာကအာဟာရဓါတ်လိုနေတယ်လို့ထင်ရင် ဒီနည်းလေးကအသုံးဝင်မှာပါ

ပထမနည်းကတော့ကြက်ဥတစ်လုံးကို ဖောက်ပြီး ကြက်ဥအနှစ်ကိုယူပါကြက်ဥအနှစ်ကိုသံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့မွှေပါ။ရနံ့လေးမွှေးချင်တယ်ဆိုရင် လာဗင်ဒါရနံ့ဆီ၊ နှင်းဆီရနံ့ဆီတို့ကိုထည့်လို့ရပါတယ်အဲဒီနောက်မှာတော့

ကြက်ဥအနှစ်နဲ့သံလွင်ဆီမွှေထားတာကိုမျက်နှာပေါ်မှာလိမ်းပြီးမိနစ်20ကြာထားပါပြီးရင်တော့ ရေနွေးနဲ့မျက်နှာသစ်ပါ၅။အာလူး၊ နွားနို့၊ မက်မွန်ဆီတို့ဖြင့် ပေါင်းတင်နည်းဒီနည်းကတော့ဝက်ခြံတွေကို ပျောက်စေပြီးမျက်နှာကိုပိုပြီးဝင်းလာစေပါတယ်

ပြုလုပ်နည်းကတော့အာလူးတစ်လုံးကို ပြုတ်ပြီးနောက်အခွံခွာပါ နွားနို့လက်ဖက်ရည်ဇွန်း2ဇွန်းနဲ့မက်မွန်သီးဆီတို့ကို ရောပါ။နွားနို့မရှိရင်နို့မှုန့်ကိုသုံးလို့ရပါတယ်ပါဝင်ပစ္စည်းတွေကို ရောလိုက်ပြီးမျက်နှာပေါ်မှာလိမ်းပါမိနစ်20ကြာထားပြီးရင် ရေနွေးနဲ့မျက်နှာသစ်လို့ရပါပြီ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

တစ်ပတ်ကို3ကြိမ်ခန့် ပြုလုပ်တဲ့အခါမျက်နှာကသိသိသာသာဝင်းလက်လာတာကို တွေ့ရမှာပါ။၎။ခရမ်းချဉ်သီးဖြင့် ပေါင်းတင်ခြင်းဒီနည်းလမ်းကမျက်နှာပေါ်ကအမွေးအမျှင်တွေကိုဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုလည်း

သန့်ရှင်းသွားစေပါတယ်။ဒါ့အပြင် မျက်နှာအသားအရေကိုလည်းဝင်းလက်လာစေပါတယ်။ပြုလုပ်နည်းကတော့ခရမ်းချဉ်သီးရဲ့အခွံကိုခွာပါ။ပြီးရင်ခရမ်းချဉ်သီးကိုအစေ့တွေ၊အသားတွေမပါအောင်အရည်ညှစ်ပါညစ်ထားတဲ့ခရမ်းချဉ်သီးရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့

ဂျယ်လီမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပြီးအပူပေးပါအပူပေးပြီတဲ့နောက်မှာပျားရည်အနည်းငယ်ထည့်ပြီး မွှေပါ အေးသွားရင်မျက်နှာမှာလိမ်းလို့ရပါပြီ၃။အုတ်ဂျုံမှုန်ဖြင့် ပေါင်းတင်နည်မျက်နှာကို ရေဓါတ်ဖြည့်ပြီး နူးညံ့စေဖို့အတွက်ဒီနည်းလမ်းကအသုံးဝင်ပါတယ်

ပြုလုပ်နည်းကတော့အုတ်ဂျုံမှုန့်လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊အုတ်ဂျုံမှုန့်တွေကိုညက်သွားအောင်လို့ကြိတ်စက်ထဲမှာကြိတ်ပါနွားနို့အပူလက်ဖက်ရည်ဇွန်း2ဇွန်းကို ကြိတ်ထားတဲ့အုတ်ဂျုံမှုန့်နဲ့ရောပါပြီးရင်တော့သံလွင်ဆီလက်ဖက်ရည်

ဇွန်းတစ်ဇွန်းထည့်ပြီး မွှေပါအဲဒီနောက်မျက်နှာပေါ်အနှံ့လိမ်းပီး15မိနစ်ကြာထားပါ။15မိနစ်ကြာထားပြီးရင်တော့ ရေနွေးနဲ့မျက်နှာသစ်လို့ရပါပြီ။၂။သခွားသီး၊ သံပရိုသီးတို့ဖြင့် ပေါင်းတင်နည်းသခွားသီးက မျက်နှာအသားအရေကို

နူးညံ့စေပါတယ်။ ချွေးပေါက်ပိတ်နေတာတွေလည်းပွင့်စေတဲ့အပြင်အမည်းစက်တွေကိုပါဖယ်ရှားပေးပါတယ်ပြုလုပ်နည်းကတော့သခွားသီးကိုအကွင်းလေးတွေဖြစ်အောင်လှီးပြီး ကြိတ်စက်နဲ့ကြိတ်ပါအဲဒီနောက်သံပရိုသီးအရည်

လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထည့်ပြီးအပူပေးပါပြီးရင်တော့ဂျယ်လီမှုန့်ထည့်ပြီး တစ်မိနစ်ကြာမွှေပါအအေးခံပြီးရင်တော့ ဘရက်ရှ်လေးနဲ့မျက်နှာပေါ်မှာ အသာအယာလေးလိမ်းလို့ရပါပြီ၁။ပျားရည်ဖြင့် ပေါင်းတင်နည်းပျားရည်ကမျက်နှာ

အသားအရည်အတွက်100%အကျိုးပြုပါတယ်ပြုလုပ်နည်းကတော့ပျားရည်လက်ဖက်ရည်ဇွန်3းဇွန်း၊သစ်ကြံပိုးခေါက်မှုန့်တစ်ဇွန်း၏သုံးပုံပုံတစ်ပုံခန့်၊ပျားရည်နဲ့သစ်ကြံပိုးခေါက်ကို

ရောပြီးနောက်မျက်မှာကိုလိမ်းပါ10မိနစ်ခန့်ကြာရင်တော့မျက်နှာသစ်လို့ရပါပြီ။ ဒီလမ်းနည်းလေးတွေမှာပါဝင်တဲ့ပါဝင်ပစ္စည်းတွေက တန်ဖိုးနည်းပြီး မီးဖိုချောင်ထဲမှာ အလွယ်တကူ ရနိုင်ပါတယ်