အလွယ်တကူရနိုင်တဲ့အာလူးကိုအသုံးပြုပြီး ချောမွတ်ကြည်လင်တဲ့မျက်နှာလေးပိုင်ဆိုင်နိုင်ဖို့ ပေါင်းတင်နည်း(၁၂)မျိုးအာလူးကအရသာရှိတဲ့စားစရာတစ်မျိုးဖြစ်သလို ကြည်လင်တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့လည်းကူညီပေးနိုင်ပါတယ်
ပေါင်းတင်နည်းတွေကိုမပြောခင်အာလူးရဲ့အကျိုးကျေးဇူးတွေကို ပြောချင်ပါတယ်အာလူးကအစက်အပြောက်တွေအမှတ်အသားတွေကို လျော့ပါးစေပါတယ်အရောင်ကျစေပြီးတော့မျက်အိတ်ဖောင်းတာကို လျှော့ချပေးပါတယ်အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး
လေထုညစ်ညမ်းမှုနေရောင်ခြည်ထိတွေ့မှုကြောင့်ဖြစ်စေတဲ့အသားအရေပျက်စီးမှုတွေကိုကာကွယ်ပေးပါတယ်ဒီတော့သင့်အသားအရေအတွက်အာလူးအသုံးပြုနည်းတွေကတော့၁။အသားဖြူဖို့အတွက်အာလူးဖျော်ရည်လက်ဖက်ရည်ဇွန်း
၃ဇွန်းကိုပျားရည်၂ဇွန်းနဲ့ရောပါ သေချာမွှေပြီးမျက်နှာနဲ့လည်ပင်းပေါ်လိမ်းပါ၁၀မိနစ်ကနေ၁၅မိနစ် ခြောက်တဲ့အထိထားပါ။ ရေနဲ့ဆေးချပါပုံမှန်ပြုလုပ်ပေးပါအကျိုးကျေးဇူးကတော့ပျားရည်ကအစိုဓာတ်အာနိသင်ပေးပါတယ်အာလူးက ချေးချွတ်တဲ့ဂုဏ်သတ္တိပါဝင်တာကြောင့်
တောက်ပဖြူစင်တဲ့အသားအရေကိုရရှိစေမှာပါ၂။စိုပြေတဲ့အသားအရေရရှိဖို့အာလူးဖျော်ရည်လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့သံပယိုရည်၂ဇွန်းကို ရောပေးပါ ဒီအရောထဲကိုပျားရည်ဇွန်းတစ်ဝက်ထည့်ပါဒီအရည်ကိုမျက်နှာနဲ့လည်ပင်းပေါ်လိမ်းပါ၁၅မိနစ်ထားပြီး ရေနဲ့ဆေးလိုက်ပါ
တစ်ရက်ခြားတစ်ခါပြုလုပ်နိုင်ပါတယ်သံပယိုရည်ပါဝင်လို့အရေပြားယားယံတာတွေဖြစ်ရင်ရေရောပေးပါအကျိုးကျေးဇူးကတော့အာလူးနဲ့သံပယိုရည်ကအဆီပိုတွေကို ဖယ်ရှားပေးပြီးပိတ်နေတဲ့ချွေးပေါက်တွေကိုဖွင့်ပေးပါတယ်