လည်တိုင်းနားတစ်ဝိုက်ညိုမည်းတာကိုသဘာဝနည်းလမ်းကိုအသုံပြုရအောင်မျက်နှာကိုပဲဂရုစိုက်ရင်းငွေတွေအများအပြားအသုံးပြုကြပေမဲ့လည်ပင်းကို ဂရုစိုက်ဖို့ မေ့လျှော့နေတတ်ကြပါတယ်မိတ်ကပ်လိမ်းရင်တောင်လည်ပင်းကို

လိမ်းပေးဖို့မေ့တတ်ကြသူတွေရှိပါတယ်ဒီတော့မျက်နှာပဲဖြူပြီးလည်ပင်းကြီးမည်းနေရင်လည်းအဆင်မပြေပါဘူးလည်တိုင်ဖြူဖြူလေးကိုပိုင်ဆိုင်နိုင်ဖို့သဘာဝနည်းလမ်းကိုအသုံးပြုရအောင်ပါနည်း၁မှုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း၂ဇွန်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အုန်းဆီလက်ဖက်ရည်ဇွန်း၂ဇွန်းဆားလက်ဖက်ရည်ဇွန်း၃ဇွန်းပြုလုပ်နည်းပါဝင်ပစ္စည်းအားလုံးကိုရောပြီးလည်ပင်ပေါ်မှာပွတ်လိမ်းပေးရမှာပါပြီးရင်၁၀မိနစ်လောက်ထားပြီး ရေ နွေးနဲ့ ဆေးချပါဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်မှာဖြစ်လို့

အသားအရေဖြူဝင်းစိုပြေလာမှာပါနည်း၂ပါဝင်ပစ္စည်းစန္ဒကူးနံ့သာမှုန့်သို့ရွှံ့စေးမှုန့်လက်ဖက်ရည်ဇွန်း၁ဇွန်းသံပုယိုသီး(သို့)သံပုရာသီးတစ်ခြမ်း(အရည်ညှစ်)နို့အေးလိုအပ်သလောက်ပြုလုပ်နည်းပါဝင်ပစ္စည်းအားလုံးကိုရောမွှေလိုက်ပါနို့အေးကိုတော့လိုသလောက်ထည့်ပါအရည်ကိုပျစ်ပျစ်လေး

ဖြစ်အောင်လုပ်ရမှာဖြစ်ပြီးတော့လည်ပင်းမှာလိမ်းပေးရမှာပါပြီးရင်၁၅မိနစ်လောက်ထားပြီးခြောက်အောင်ထားပါအဲဒီနောက်ရေနွေးနဲ့ဆေးချပါအသားအရေခြောက်နေတယ်ခံစားရရင်Moisturiserလိမ်းပေးပါတစ်ပတ်ကို၂ကြိမ်လုပ်ပါတစ်လအတွင်းသိသာလာမှာဖြစ်ပါတယ်