နဂိုထက်အသားအရေတင်းရင်းစိုပြေလာစေမယ့်သဘာဝပစ္စည်း(၇)မျိုးတချို့မိန်းကလေးတွေအသားကြည်ကြည် တင်းတင်းရင်းရင်းလေးနဲ့လှနေတာကိုသင်မြင်ဖူးမှာပါအသားအရေတင်းရင်းတဲ့အခါမိတ်ကပ်လိမ်းရတာ အဆင်ပြေသလို

မျက်နှာပြောင်အတိုင်းပဲဆိုလည်းလှနေတတ်ပါတယ်။အခုဖော်ပြထားတဲ့ သဘာဝပစ္စည်းတွေကတော့သင့်အတွက်အလွယ်တကူရနိုင်သလိုလုပ်ရလည်းလွယ်ကူမှာပါ၁။အုန်းဆီအုန်းဆီက အသားအရေကို တင်းရင်းစိုပြေစေတဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ညဘက်အိပ်ခါနီးတိုင်းအုန်းဆီကိုမျက်နှာပေါ်လိမ်းပြီး၅မိနစ်ခန့် နှိပ်နယ်ပေးတာကြောင့်လိုအပ်တဲ့အာဟာရတွေကိုမျက်နှာအသားအရေထဲစိမ့်ဝင်စေပါတယ်၂။ကြက်ဥအကာနဲ့ပျားရည်ကြက်ဥက

အသားအရေကိုတင်းရင်းစေတဲ့နေရာမှာဆရာတစ်ဆူဖြစ်ပါတယ်။ကြက်ဥအကာနဲ့ပျားရည်နှစ်ဇွန်းကို ရောပေးရပါမယ်ပြီးနောက်မျက်နှာနဲ့လည်ပင်းကိုလိမ်းပေးရပါမယ်၁၅မိနစ်ထားပြီးနောက်မျက်နှာဆေးချပေးရပါမယ်

၃။သံလွင်ဆီကလည်းအုန်းဆီလိုပဲအသုံးဝင်တဲ့အလှအပအဆီတစ်မျိုးဖြစ်ပါတယ်ညနေ ရေချိုးပြီးနောက်သံလွင်ဆီကိုမိနစ်အနည်းငယ်ခန့်မျက်နှာမှာပွတ်လိမ်းပေးရပါမယ်။၎။ ကော်ဖီ Scrubကော်ဖီနဲ့သကြားကဆဲလ်သေတွေကို

ဖယ်ရှားပေးပြီးအသားအရေတင်းရင်းလှပစေပါတယ်ကော်ဖီမှုန့်၊သကြားနဲ့အုန်းဆီတွေကိုရောပြီးနောက်မျက်နှာပေါ်၂မိနစ်လောက်ပွတ်ပေးရပါမယ်ပြီးနောက်ရေဆေးချပေးရပါမယ်၅။ဒိန်ချဉ်သင့်အိမ်မှာဒိန်ချဉ်အလွယ်တကူရှိတယ်ဆိုရင်တော့

သောက်တဲ့အပြင်အသားအရေပေါ်မှာပါတင်နိုင်ပါတယ်ဒိန်ချဉ်နဲ့သံပယိုရည်နှစ်ဇွန်းကိုမျက်နှာပေါ်လိမ်းကာ၁၀မိနစ်ထားပေးရပါမယ်ထားပြီးနောက်ရေဆေးပေးရပါမယ်၆။သခြားသီးသခွားသီးကိုကျိတ်ပြီးနောက်မျက်နှာပေါ်လိမ်းပေးရပါမယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လိမ်းပြီးနောက်၁၅မိနစ်ထားကာမျက်နှာသစ်ပေးရပါမယ်။၇။ရှားစောင်းလတ်ပတ်ဒီနည်းလမ်းမှာတော့ရှားစောင်းလတ်ပတ်အပြင်မယောနိစ်အနှစ်နဲ့ပျားရည်ကိုပါ ရောပေးရပါမယ်။ရောပြီးနောက်မျက်နှာပေါ်လိမ်းပြီး၁၅မိနစ်ထားပေးရပါမယ်ထားပြီးနောက်ထုံးစံအတိုင်း ရေဆေးချပေးရပါမယ်