အသားအရေအမျိုးမျိုးအတွက်အလွယ်တကူရတဲ့ခရမ်းချဉ်သီးနဲ့ပေါင်းတင်နည်းလူတွေမှာအသားအရေအမျိုးမျိုးရှိပါတယ်နော်အဆီပြန်တဲ့အသားအရေကတော့မိတ်ကပ်လိမ်းတာကြာကြာမခံတာအဆီပြန်တတ်တဲ့မျက်နှာမျိုးကိုဆိုလိုတာပါ
နဖူးနှာခေါင်းပါးမေးစေ့စတဲ့နေရာလေးတွေမှာတစ်နေရာချင်းဆီကွက်ပြီးအဆီပြန်တတ်ရင်ပေါင်းစပ်အသားအရေလို့ခေါ်ပါတယ်မိတ်ကပ်လိမ်းတာလည်းခံတယ်အဆီလည်းမပြန်ဘူးဆိုရင်တော့သဘာဝအသားအရေနဲ့ခြောက်သွေ့တဲ့အသားအရေလို့ဆိုနိုင်ပါတယ်
အဆီပြန်တတ်တဲ့သူတွေသံလွင်ဆီလိမ်းရင်ပိုပြီးအဆီပြန်ပြီးဝက်ခြံပိုထွက်ပါတယ်အကြမ်းဖျင်းအားဖြင့်တော့အဆီပြန်တဲ့သူတွေကအဆီမပါတဲ့အလှကုန်ပစ္စည်းသုံးပေးပြီးအသားခြောက်တဲ့သူကအဆီပါတဲ့အလှကုန်ပစ္စည်းသုံးပေးပါ
ခရမ်းချဉ်သီးမှာဗီတာမင်Cကြွယ်ဝစွာပါဝင်လို့ဝက်ခြံကိုသက်သာစေပြီးအသားအရေကိုဖြူဝင်းစေပါတယ်ခရမ်းချဉ်သီးနဲ့အသားအရေအမျိုးစားအလိုက် ပေါင်းတင်နည်းကိုမျှဝေပေးချင်ပါတယ်။ခြောက်သွေ့တဲ့အသားအရေအတွက်
ဘာမှလုပ်ခင်မျက်နှာကိုသေချာသစ်ထားပေးပါနော်ခရမ်းချဉ်သီးတစ်လုံးနဲ့သံလွင်ဆီစားပွဲတင်ဇွန်း၁ဇွန်းလိုပါတယ်ခရမ်းချဉ်သီးကိုကြိတ်လိုက်ပြီးသံလွင်ဆီနဲသေချာရောလိုက်ပါပြီးရင်မျက်နှာနဲ့လည်ပင်နားကိုလိမ်းပေးပြီး၁၅မိနစ်
မိနစ်၂၀လောက်ထားပါပြီးရင်ရေနွေးလေးနဲ့ဆေးချပေးလိုက်ပါအဲဒီနောက် Moisturizerလိမ်းပေးပါညအိပ်ယာမဝင်ခင်လုပ်ပေးရမှာပါအဆီပြန်တတ်တဲ့အသားအရေနဲ့ပေါင်းစပ်အသားအရေအတွက်ဘာမှလုပ်ခင်မျက်နှာကို
သေချာသစ်ထားပေးပါနော်ခရမ်းချဉ်သီး၁လုံးသခွားသီးကြိတ်ပြီးသာ
စားပွဲတင်ဇွန်း၂ဇွန်းစာပျားရည်စားပွဲတင်ဇွန်း၁ဇွန်းလိုပါမယ်ခရမ်းချဉ်သီးကိုလည်းကြိတ်လိုက်ပြီးသခွားသီးကြိတ်ထားတာနဲ့ရောလိုက်ပါပျားရည်ရောလိုက်ပြီးသေချာမွှေပေးပါပြီးရင်မျက်နှာနဲ့လည်ပင်းပေါ်မှာလိမ်းပေးပြီး၁၅မိနစ်
မိနစ်၂၀လောက်ထားပါပြီးရင်ရေနွေးနဲ့မျက်နှာသစ်ပါအသားအရေဖြူချင်ရင်ခရမ်းချဉ်သီး၁လုံးဒိန်ချဉ်လက်ဖက်ရည်ဇွန်း၁ဇွန်းအဆီပြန်တဲ့သူဆိုရင်ဒိန်ချဉ်အဆီမပါတာသုံးပါအသားခြောက်တဲ့သူဆိုရင်ဒိန်ချဉ်ကိုအဆီပါတာသုံးပါသကြားလက်ဖက်ရည်ဇွန်းတစ်ဝက်လိုပါမယ်။