လမ်းသရဲမုန့်(ခ)မုန့်ရေပါးလုပ်နည်းမြန်မာတွေပါးစပ်နဲ့အစပ်အဟပ်တည့်သလိုသရေစာအနေနဲ့စားဖြစ်ကြတဲ့လမ်းသရဲမုန့်ကိုကြိုက်တဲ့သူတွေအတွက်လုပ်နည်းလေးကိုဝေမျှချင်ပါတယ်လမ်းသရဲမုန့်လုပ်ရန်လိုအပ်သောပစ္စည်းများ

ဆန်အစိမ်းမှုန့်၁၀ကျပ်သားတစ်ထုပ်ကုလားပဲအစိမ်းမှုန့်ထမင်းစားဇွန်း၃ဇွန်းကော်မှုန့်ထမင်းစားဇွန်း၄ဇွန်းကြက်ဥ၁လုံးခရမ်းချဉ်သီး၃လုံးနနံပင်၁၀ပင်ဂေါ်ဖီတစ်ခြမ်းငရုတ်သီးစိမ်း၁၀တောင့်ပဲပင်ပေါက်၂၀၀ဂရမ်ပဲပြုတ်၂၀၀ဂရမ်ဆီ

၅ကျပ်သားဆားအနည်းငယ်ဟင်းခတ်မှုန့်အနည်းငယ်မဆလာအနည််းငယ်ပြုလုပ်ပုံအဆင့်ဆင့်ပုံမှန်ဆိုဆန်ရေစိမ်ရမုန့်ကြိတ်စက်နဲ့ကြိတ်ရအလုပ်ရှုပ်လို့အလွယ်နည်းနဲ့ပဲလုပ်စားတာပါရှင့်မွှေးဆန်အစိမ်းမှုန့်၁၀ကျပ်သားတစ်ထုပ်နဲ့မွှေးကော်မှုန့်

ထမင်းစားဇွန်းလေးဇွန်းမွှေးကုလားပဲအစိမ်းမှုန့်ထမင်းစားဇွန်းသုံးဇွန်းမထည့်လဲရပါတယ်ပဲပါတော့ပိုစားကောင်းတယ်ထင်လို့ပါကိုရောဆားနည်းနည်းဟင်းခတ်မှုန့်နည်းနည်းထည့်ကြက်ဥတစ်လုံးဖောက်ထည့်ပါပြီးရင်ရေထည့်ပြီးဖျော်ပါမယ်

ရေကိုကျဲကျဲလေးဖျော်ပါမုန့်သားကျွတ်ကျွတ်လေးဖြစ်အောင်လို့ပါပဲမှုန့်လေးတွေကမပျော်ပဲကျန်နေတာလေးတွေကိုရသလောက်ဖျော်ပြီးစစ်ဇကာနဲ့စစ်ချလိုက်ပါမုန့်ရည်ဖျော်ထားပြီးရင်အထဲကအစာအတွက်ဂေါ်ဖီခပ်ပါးပါးခရမ်းချဉ်သီး

ငရုတ်သီးစိမ်းနံနံပင်၊ပဲပင်ပေါက်ပဲပြုတ်ကိုကြိုက်တာလေးတွေထည့်ဖို့အဆင်သင့်လွီးထားပါလမ်းသရဲမုန့်တစ်ခုစာဇွန်းနဲ့ခပ်ယူပါမုန့်တစ်ခုလုပ်ပြီးနောက်တစ်ခုလုပ်ရင်မုန့်ရည်လေးကိုသေချာလေးမွှေပေးပါအနည်ထိုင်တတ်လို့ပါ

ဒယ်အိုးထဲဆီအနည်းငယ်သာထည့်အပူပေးပါမုန့်ရည်လေးကိုထည့်တဲ့အခါတစ်ခုစာအတွက်မှန်းပြီးဇွန်းကြီးနဲ့ခပ်ဒယ်အိုးထဲထည့်ပြီးတာနဲ့ချက်ချင်းဒယ်အိုးလေးကိုလက်ကိုင်ကနေအလိုက်သင့်လေးစက်ဝိုင်းပုံစောင်းပြီးအရည်လေးတွေဒယ်အိုး

အနှံ့ရောက်ပြီးမုန့်သားပါးပါးလေးရအောင်လုပ်ရပါမယ်ပြီးရင်အဆင်သင့်လှီးထားတဲ့ဂေါ်ဖီခရမ်းချဉ်သီးငရုတ်သီးစိမ်းနံနံပင်ပဲပင်ပေါက်ပဲပြုတ်စတာတွေကိုဖြူးလိုက်ပါပြီးလျှင်ဆားအနည်းငယ်ဟင်းခတ်မှုန့်အနည်းငယ်နှင့်မဆလာလေး

ဖြူးဆီကိုမုန့်သားဘေးလေးတွေနှင့်အပေါ်ကနေနည်းနည်းဖြူးပေးပါဆီဆမ်းခြင်းအားဖြင့်မုန့်ကိုကျွတ်ကျွတ်လေးဖြစ်စေပါတယ်။ထို့နောက်အဖုံးလေးခဏအုပ်ပါထည့်တားတဲ့အစာပလာတွေကျက်သွားအောင်ဖြစ်ပါတယ်ကျက်ပြီဆိုရင်

အလယ်ခေါက်လိုက်ပါပြီးလျှင်ပိုကျွတ်သွားအောင်ခေါက်ထားတယ့်အတိုင်းလေးဟိုဘက်ဒီဘက်လှန်ပေးပါဒါဆိုလမ်းသရဲမုန့်လေးရပါပြီရှင်လုပ်ရတာလွယ်ကူတာမို့လုပ်စားကြည့်ကျပါအုံးနော်