တချိန်ကရန်ကုန်မြို့လယ်ကောင်မှအကြီးဆုံးသောသုသာန် ကြံတောသို့မဟုတ်ယနေ့TimeCityကြံတောသုသာန် ဆိုတာ မြန်မာပြည်မှာအကြီးဆုံးသုသာန်ကြီးပဲကိုလိုနီခေတ်ကတည်းက ဆောက်ခဲ့တယ်လို့မှတ်ထားခဲ့ဖူးယ်၁၉၉၆ခုနှစ်ကျတော့မှမြို့တော်အင်္ဂါနဲ့မညီညွတ်တဲ့အတွက်သုသာန်ကို
ပြောင်းရွှေ့ခဲ့တယ်အဲဒီ သချိုင်းပြောင်းတဲ့အချိန်မှာကျွန်မတို့က၉တန်း ၁၀တန်းရောက်ပြီဆိုတော့ ကောင်းကောင်း မှတ်မိတတ်တဲ့အရွယ်ဖြစ်နေပြီခေါင်းထဲပေါ်လာတာလေးတွေ ရေးချင်သေးတယ်သချိုင်း ပြောင်းမယ်ဆိုတော့သတင်းစာထဲမှာ ကြော်ငြာတွေခဏခဏတွေ့ရတော့တာပဲ
အဲဒီသချိုင်းထဲကအုတ်ဂူတွေကိုသက်ဆိုင်သူဆွေမျိုးသားချင်းတွေဘယ်ရက်ကနေဘယ်ရက်အတွင်းလာရောက်တူးဖော်နိုင်ပါတယ်ရွှေ့ပြောင်းနိုင်ပါတယ်ဆိုတဲ့အကြောင်းပဲတချို့တွေလည်းကိုယ့်မိဘဘိုးဘွားတွေရဲ့အရိုးတွေရွှေ့ပြောင်းလိုက်တဲ့သုသာန်အသစ်မှာ ပြန် မြှုပ်နှံဖို့သွားတူး
ကြတာပေါ့တချို့တွေကျတော့အရမ်းကြာနေပြီဖြစ်တဲ့ နှစ်ချို့အုတ်ဂူကြီးတွေလေသက်ဆိုင်သူတွေ မြန်မာပြည်မှာတောင်မရှိတော့တဲ့ဂူကြီးတွေပေါ့ပိုင်ရှင်မရှိတဲ့ဂူတွေအရိုးတွေကျတော့လည်းသက်ဆိုင်ရာကပဲရှင်းလင်းပစ်လိုက်ရတာပေါ့လေအဲဒီကြံတောသချိုင်းထဲကိုကျွန်မက
အသက်၆နှစ်မပြည့်ခင်လောက်မှာစရောက်ဖူးတယ်အဖိုးကွယ်လွန်တော့ အသုဘရှုအခမ်းအနားထဲကိုယ်လည်းရောယောင်ပါသွားတာပေါ့အဲဒီနောက်ပိုင်းတော့အမျိုးထဲကသေဆုံးတဲ့လူတွေကိုအကြောင်းပြုပြီးရောက်ဖြစ်ခဲ့တယ်ပေါ့စမ်းချောင်းဘက်သွားလို့အဖေအဲဒီဘက်ကကားဖြတ်မောင်းရင်
ကျိုးပျက်နေတဲ့အုတ်တံတိုင်းကြီးနဲ့ကြံတောသုသာန်ဝင်းကြီးကိုအတွေးပေါင်းစုံနဲ့ ငေးကြည့်မိတာပဲသူ့ဝင်းအဝကသံဂိတ်ဝကြီးဆို သံချေးတွေတက်လို့မြန်မာ့အသံဝင်းကြီးကျော်လာပြီဆိုအခုMandalay FM ရုံးတို့မူးယစ်နှိမ်နင်းရေး ပြတိုက်တို့ရှိတဲ့နားကစပြီးအခုညောင်ပင်ကိစ္စပွစိပွစိဖြစ်နေ
ကြတဲ့Times Cityဆိုတာအထိဟာကြံတောသုသာန်ဝင်းကြီးပဲတကယ့်ကိုအကြီးကြီးအထဲမှာလည်းအပင်ကြီးတွေနဲ့အုပ်ဆိုင်းနေတာပဲကုက္ကိုပင်လိုသက်တမ်းရင့်အပင်ကြီးတွေကိုအများကြီးပဲအဲဟံသာဝတီအဝိုင်းကိုမပတ်ဘဲနဲ့ညာဘက်ချိုးချလိုက်တာနဲ့အင်မတန်ကြီးမားသော
တရုတ်အုတ်ဂူဝိုင်းဝိုင်းကြီးတွေကို တွေ့ရပါလိမ့်မယ်တကယ့်ကိုကနုတ်တွေ ပန်းတွေနဲ့အခိုင်အခံဆောက်ထားတဲ့တရုတ်အုတ်ဂူအကြီးကြီးတွေအဲဒီဂူကြီးတွေကြားထဲမှာစုတ်ပြတ်နေတဲ့တဲတွေလည်းအများကြီးပဲထမိန်တွေလှမ်းထားတာကလေးတွေဂူတွေကြားထဲကိုယ်တုံးလုံးကျွတ်ပြေးဆော့နေတာတွေ
မြင်ရတတ်တယ်သူတို့ကလူသေပြင်တဲ့သူတွေတဲ့လူသေဆီကအဝတ်အစားချွတ်ယူကြတယ်ပန်းကအစပြန်ယူပြီးဆိုင်မှာ ပြန်သွင်းကြတယ်တဲ့အဲဒီလူတွေကို တစ်ခေတ်တစ်ခါကတော့မင်္ဂလာမရှိတဲ့အလုပ်လုပ်သူတွေဆိုပြီးလူရာမသွင်းခဲ့ကြပါဘူးစာထဲမှာဖတ်ဖူးတာကတော့ကြံတောသုသာန်ဟာ
မကောင်းမှုတွေကြီးစိုးတဲ့အရပ်တဲ့ဈေးအပေါဆုံးပြည့်တန်ဆာကိုရှာအဲဒီတဲတွေထဲမှာရှိတယ်ဆေးခြောက်ရှုမလား လောင်းကစားလုပ်မလားလင်ကောင်မပေါ်တဲ့ကလေးကိုပစ်မလားလူမိုက်တွေမိုက်ကြေးခွဲကြမလားအချင်းချင်းအပျောက်ရှင်းကြမလားအကုန်လုပ်လို့ရတယ်သရဲမွေးတဲ့
အောက်လမ်းဆရာတွေလည်းရှိတယ်သူတောင်းစားတွေအနူလို့ခေါ်တဲ့ ခြေတိုလက်တိုအနာကြီးရောဂါသည်တွေလည်းအဲဒီတဲတွေထဲမှာရှိကြတယ်တဲ့ညမှောင်လာတာနဲ့အမျှဘယ်သူမှမသွားရဲတော့တဲ့နေရာမှာရေနံဆီမီးအိမ်ကလေးတွေမှိတ်တုတ်လင်းနေတဲ့တဲကလေးတွေကတော့သူ့နည်းသူ့ဟန်နဲ့
အလုပ်ဖြစ်နေကြလိမ့်မယ်ဒီနေရာကိုလူတွေကြောက်လေသူတို့အတွက်အလုပ်ဖြစ်လေဒါကြောင့်ခြောက်လှန့်မှုမျိုးစုံကိုလည်းသတင်းတွေလွှင့်ထားကြသေးတယ်ဒီသုသာန်ရှေ့မှာအထက်တန်းကျောင်းတစ်ကျောင်းရှိတယ်သူ့ရှေ့ကအသုဘတွေနေ့တိုင်းဖြတ်နေတော့တစ်ခြားကျောင်းက
ကျောင်းသားတွေကစနောက်ပြီးအလောင်းစည်သူကျောင်းလို့ ခေါ်တယ်သူ့ဘေးမှာတော့ခေါင်းရောင်းတဲ့ဆိုင်တွေရှိတယ်အဲဒီမှာပန်းရောင်စက္ကူစတွေနဲ့အခေါင်းအလှဆင်နေကြတဲ့လွှစာတိုက်ပြီးအခေါင်းလုပ်နေကြတဲ့မိသားစုလုပ်ငန်းတွေအမြဲတွေ့ရတယ်သူတို့တွေလည်းအဲဒီခေတ်တုန်းက
ခွဲခြားဆက်ဆံခံရတဲ့လူတွေထဲမှာပါခဲ့ကြတာပဲဒီလောက် နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ဒီလောက်ကြီးတဲ့ နေရာကြီးတစ်ခုလုံးကို မြေလှန်ပြီးပြောင်းရွှေ့ပစ်မယ်ဆိုတာတကယ်တော့စိတ်ဝင်စားစရာပဲပိုင်ရှင်မရှိတဲ့ဂူတွေဖယ်ပစ်လိုက်တာသစ်ပင်တွေခုတ်ပစ်လိုက်တာအရိုးတွေဖယ်ပစ်လိုက်တာမျိုးက
လွယ်ပါတယ်ဒါပေမဲ့မမြင်ရတဲ့ပရလောကသားတွေကိုဘယ်လိုရွှေ့ပြောင်းမှာလဲသူတို့လည်းအဲဒီနေရာမှာနေနေကြတာနေရာလောက်တောင်မလောက်ဘူးတဲ့နေရာအတွက်ရန်သတ်နေကြတာပါဝါကြီးသူကပါဝါနည်းသူကိုအနိုင်ကျင့်နေတာတွေအများကြီးပဲတဲ့သစ်ပင်ရဲအကိုင်းသေးသေးလေး
တွေမှာတောင်အပြည့်ပဲတဲ့ကိုယ်မမြင်ရလို့သာနော်မင်းအမိန့်အာဏာကြတော့သူတို့လွန်ဆန်လို့မရဘူးအစိုးရဆိုတာမင်းထဲမှာပါတယ်လေအဲတော့သချိုင်းပြောင်းတဲ့အခါအကျွတ်မလွတ်တဲ့သူတွေရေမင်းတို့လည်းဒီမှာနေခွင့်မရှိတော့ဘူး နေရာပေးမယ်.ပြောင်းကြတော့ဆိုပြီးပြောင်းခိုင်း
တော့တာပေါ့ဟုတ်မဟုတ်တော့မသိသူတို့ကို နေရာပြောင်းတော့ညဘက်ဆိုအဲဒီနားဖယောင်းတိုင်တို့ဘာတို့ထွန်းအသားစိမ်းငါးစိမ်းတွေ ပြင်ဆင်ပြီးခေါ်ကဲကားပေါ်တက်ကြဟေ့ဆိုရင်ကားကြီးအိကနဲအိကနဲ ဖြစ်သွားပါသတဲ့အဲလိုနဲ့ရက်တစ်ခုအထိသတ်မှတ်ပြီးတစ်နေရာကို
ပို့ဆောင် ပြောင်းရွှေ့ခဲ့ရတယ်လို့ကြားဖူးပါတယ်အဲဒီနေရာကိုတော့ ကျွန်မမပြောပြတော့ပါဘူးနော်ပြောင်းပေမဲ့လည်းအကုန်ပါချင်မှလည်းပါမှာပေါ့လေမကြားတဲ့သူမသိလိုက်တဲ့သူခရီးလွန်နေသူတွေလည်း ရှိနိုင်တာပေါ့လေပရလောကကိုမြင်ရတဲ့ပုဂ္ဂိုလ်တစ်ဦးပြောတာဆိုရင်
သူတို့ကကိုယ်တွေလိုပဲသွားလာနေကြတာတဲ့အများနဲ့သက်ဆိုင်တဲ့နေရာတိုင်းမှာသူတို့ရှိပါတယ်တဲ့ဒီညောင်ပင်ကိစ္စဒီနေ့လူပြောများနေကြတော့သြော်ပြောင်းတဲ့ထဲမပါသွားကြတဲ့သူတွေများလားလို့တွေးမိတာကိုးပြီးတော့ဒီအပင်ဟာကိုယ်သိထားတဲ့အပင်များလားပေါ့ကိုယ်ကလည်း
ဒါမျိုးဆိုငယ်ငယ်တည်းကမျက်လုံးကိုပြူးပြီးစောင်ကြားထဲကရင်တထိတ်ထိတ်နားထောင်တတ်တဲ့လူမျိုးသိပ်စိတ်ဝင်စားတာလေနောက်နေ့အချိန်ရရင်တော့ကျွန်မသိခဲ့ဖူးတဲ့ညောင်တစ်ပင်အကြောင်းနဲ့ဂူတွေဖျက်ပြီးအရိုးပြန်ယူကြတဲ့အကြောင်းတွေရေးပါဦးမယ်ဗဟုသုတအနေနဲ့ပဲဖတ်စေချင်ပါတယ်မွန်ဟော်စီ