မရမကနေရာကျဉ်းကျဉ်းလေးထဲဆောက်ထားတဲ့အိမ်လေးကိုကြွားပြလိုက်တဲ့ အမျိုးသမီးအိမ်သေးသေးအခန်းကျဉ်းကျဉ်းကလေးတွေကခုခေတ်မှာတော့ ရေပန်းစားလာတယ်လို့ဆိုလို့ရပါတယ်နေမယ့်အိမ်ကကြီးမှကျယ်မှဖြစ်မယ်ဆိုတဲ့
အရင်ကအတွေးဟောင်းတွေကိုခုခေတ်လူတွေသိပ်အလေးမထားတော့ပါဘူးငွေရေးကြေးရေးကအဓိကမဟုတ်ပါဘူးလို့ဆိုနိုင်သူတွေအဖို့အိမ်ကြီးအိမ်ကောင်းတွေဝယ်တာကပြဿနာမရှိပေမယ့်သာမန်လူတန်းစားတွေအဖို့တော့အိမ်
နေရာကျဉ်းတာကျယ်တာကိုအများကြီးရွေးချယ်လို့မရပါဘူးဥပမာဆိုရရင်ဒီအမျိုးသမီးလိုပေါ့ဓာတ်ပုံမှာတွေ့ရတဲ့အမျိုးသမီးကအိမ်သေးသေးလေးတစ်လုံးမှာနေတာပါအိမ်ကလေးကသူမကိုယ်တိုင်ဆောက်ထားတဲ့ခပ်ကျဉ်းကျဉ်းရှည်ရှည်
အိမ်ကလေးပဲဖြစ်ပါတယ်အိမ်ကလေးဟာဗီယက်နမ်နိုင်ငံမှာရှိတယ်လို့သိရုံကလွဲလို့အိမ်ပိုင်ရှင်အကြောင်းတော့သေချာမသိရပါဘူးအိမ်ကလေးဟာအခြားအိမ်သေးတွေနဲ့ဒီဇိုင်းကွာခြားပြီးသေတ္တာပုံသဏ္ဍာန်ရှိပါတယ်တွေ့ရသလောက်တော့
အိမ်ပေါက်ဝမှာလူတစ်ယောက်စာပဲအဝင်အထွက်လုပ်လို့ရဟန်တူပါတယ်အတွင်းမှာတော့မဆိုးဘူးဆိုရမလိုပါအထဲမှာမထင်မှတ်ထားလောက်အောင်ကျယ်ကျယ်ဝန်းဝန်းရှိနေတာကိုတွေ့ရပြီးအိမ်လေးမှာဒုတိယထပ်လေးတောင်ပါသေးတာကိုလည်းအခုလိုတွေ့ရမှာပါ။
အိမ်လေးရဲ့ထူးခြားတဲ့ဒီဇိုင်းကြောင့်ဆိုရှယ်မီဒီယာပေါ်မှာတော့ဝေဖန်မှုတွေအမျိုးမျိုးပါပဲအချို့တွေကသီးသန့်ဆန်လွန်းတဲ့အိမ်လေးကိုသဘောကျကြပြီးအချို့ကလည်းဒီလောက်ကျဉ်းတဲ့နေရာလေးမှာဘယ်လိုများအသက်ရှူချောင်ပါ့မလဲလို့ တွေးနေသူတွေလည်းရှိပါတယ်