တစ်ခုလောက်ပြောပြချင်တယ်အကျိုးရှိမှာမို့ဖတ်ကြည့်စေလိုပါတယ်မြို့နယ်အဆင့်ဘဏ်တွေမှာအဲ့ပုံပါအတိုင်းခြစားခြကိုက်ငွေတွေကိုသွားလဲရင်မရပါဘူးဒါကိုဘဏ်ကလဲမပေးလို့သုံးမရဘူးထင်ပြီးဖျက်စီးမပြစ်ကြပါနဲ့ရန်ကုန်ဆူးလေအနီး

လမ်း၃၀အောက်ဘလောက်မှာရှိတဲ့ဗဟိုဘဏ်ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲမှာတရားဝင်လဲလှယ်လို့ရပါတယ်သွေးစွန်းမှင်စွန်းမီးလောင်ခြစားဆီစွန်းအပိုင်းပိုင်းပြတ်တဲ့ငွေတွေကိုသတ်မှတ်ထားတဲ့စံညွှန်းနဲ့ကိုက်ညီရင်ပြန်လဲပေးပါတယ်

ဒါကိုမသိပဲမီးရှို့ဖျက်စီးပြစ်လိုက်မယ်ဆိုရင်နှမြောဖို့ကောင်းပါတယ်ကျနော်ကိုယ်တိုင်ဗဟိုဘဏ်ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲမှာ၃ကြိမ်သွားလဲဖူးပါတယ်အားလုံးနီးပါးပြန်ပြီရတာမို့ကျနော်ပြောတဲ့ငွေအစုတ်အဆွေးတွေကိုမဖျက်စီးပြစ်ကြဖို့ပါ

မိမိပါတ်ဝန်းကျင်မှာတွေ့ခဲ့ဆုံခဲ့မယ်ဆိုရင်ဖြင့်ငွေဆုံးရှုံးမှုမဖြစ်ရလေအောင်ကူညီပြောပြပေးနိုင်ပါတယ်အစိုးရဘဏ်တွေမှာသာမာန်ငွေအစုတ်အဆွေးတွေဗုဒ္ဓဟူးနေ့တိုင်းလဲလှယ်ပေးနေတာမို့ငွေဆွေးငွေစုတ်ရှိသူတိုင်းသွားလဲလို့

ရပါတယ်ငွေအစုတ်အဆွေးများနှင့်မြို့နယ်အဆင့်ဘဏ်ခွဲများမှလက်မခံသောငွေများအတွက်သိလိုသည်များကိုမေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာဖေဘုတ်သုံးရင်းကုသိုလ်ယူပါလေးစားစွာဖြင့်ကိုထိုက်ကော့ကရိတ်မြို့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com




