မှဲ့ကပြောသောသင့်ရဲ့အချစ်ရေး စီးပွားရေးပါးပေါ်ကမှဲ့ပိုင်ရှင်ရည်းစာဟရဖို့ဘယ်တော့မှအောက်ကျမခံဘူး။သေလောက်အောင်ချောနေလန်ထွက်နေပါစေသဲသဲလှုပ် ချစ်မပြတတ်ဘူးကိုယ်က ချစ်တဲ့သူထက် ကိုယ့်ကို
ချစ်တဲ့သူနဲ့ပဲဖူးစာပါရောနဖူးပေါ်ကမှဲ့ပိုင်ရှင်သနားတတ်တဲ့စိတ်အားနာတတ်တဲ့စိတ်ကြောင့်ချစ်သူတစ်ယောက်ရတတ်တယ်။ အဲ့ချစ်သူက အနိုင်ယူတာ ခဏခဏငိုအောင် စိတ်ညစ်အောင် လုပ်တာကြုံရတတ်
တယ်။ဒါပေမယ့်အဲ့ချစ်သူကပဲ သင့်ကိုသစ္စာရှိရှိ ချစ်မယ့်သူဆိုတာမမေ့နဲ့။မျက်ခုံးတစ်ဝိုက်ကမှဲ့ပိုင်ရှင်အချစ်စစ်ရဖို့ အချိန်တွေမနည်းရင်းရတတ်တယ်။ စန်းပွင့်ပြီး လူချစ်လူခင် ပေါတယ်။ အသေရရ အရှင်ရရ
ချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်ကအားကျရတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ တကယ်တမ်းအချစ်နဲ့ပက်သက်ရင် ကံနိမ့်တတ်တာကိုယ်ကိုယ်တိုင်ပဲသိတယ်။မျက်လုံးအိမ်ထဲက မှဲ့ပိုင်ရှင်မာနကြီးတယ်။ ရည်းစား
တစ်ယောက်ကို လွယ်လွယ်မထားတတ်ကျဘူး။ ချစ်ပြီဆို တစ်ဘဝလုံးစာမုန်းပြီဆိုရင်လည်းသံသရာအဆက်ဆက်ပဲ။ လမ်းခွဲရဲတဲ့နေရာမှာလည်း ပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိဘူး။နားရွက်ပေါ်က
မှဲ့ပိုင်ရှင်ကတိတစ်ခုကိုတည်မှကြိုက်တယ်။ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခုပိုင်ဆိုင်ထားကြတယ်။ ချစ်သူသက်တမ်း ကြာရှည်စွာဖြတ်သန်းရတတ်တယ်။ ပျော်ရွှင်စရာတွေ ဖန်ဆင်းပေးတတ်တဲ့
ချစ်သူကြောင့်ဘဝတစ်လျှောက်ရင်ခုန်သံတွေဆူညံနေရလိမ့်မယ်။နှာခေါင်းပေါ်က မှဲ့ပိုင်ရှင်သာယာတယ်လေ။သိပ်ချစ်ပြတာကိုယ့်ဘက်ကပြန်ရတယ်လေ နောင်တတွေ အပြုံလိုက်။ ငိုခဲ့ရလွန်းလို့ကျလိုက်တဲ့
မျက်ရည်တွေရေအားလျှပ်စစ်ပါထုတ်လို့ရလောက်တယ်။ဒါလည်းမှတ်လားမေးကြည့်လိုက်ပါဦး။နှုတ်ခမ်းနားကမှဲ့ပိုင်ရှင်ဘယ်လိုနေနေ လှနေရော။ ဖျက်ခနဲ ရီလိုက်တာက သူတို့ရဲ့အားသာချက် လက်နက်ပဲ။
အဲ့အပြုံးကို မြင်လိုက်ရတဲ့သူတိုင်းသေမလို ရှင်မလို ဖြစ်ကျန်ခဲ့တဲ့အထိ ညှို့ချက်က ပြင်းတယ်။လူတစ်ယောက်ကို သိပ်ချစ်ခဲ့ဖူးပေမယ့် အဲ့လူက ရက်စက်စွာ ဥပေက္ခာပြုခဲ့ခြင်း ခံခဲ့ရဖူးတယ်။လည်ပင်း နားက မှဲ့
ပိုင်ရှင်ချစ်မယ့်သူတွေ ပေါတယ်။ချောမောလှပတဲ့သူတွေ ဖြစ်ပေမယ့် ရည်းစားဆို ကိုယ့်ထက်ပိုချောတဲ့သူ မရတတ်ကြဘူး။ အထူးခြားဆုံးက အသံ။ စွဲမက်စရာ ဖြစ်နေတတ်တာ 9+ပဲ ကိုယ့်ထက် အသက်ပိုကြီးတဲ့”ကွီး
မွီး”တွေက အသေအလဲ ကြွေခြင်း ခံရတတ်တယ်။ မျက်ရည် အကျမလွယ်တတ်သူဖြစ်မယ်ချမ်းသာကြွယ်ဝမှုလက္ခဏာတွေကို ပြနေတဲ့ မှဲ့များမှဲ့ နဲ့ပတ်သက်ပြီးသီအိုရီတွေမြောက်များစွာရှိပါတယ်။မှဲ့ဟာကံဆိုးခြင်းတွေ
ကိုပဲယူဆောင်လာပေးတယ်လို့ အယူရှိကြသလို ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတယ်လို့လည်း အယူရှိကြပါတယ်။ဒါပေမယ့် မှဲ့တစ်ခုချင်းစီရဲ့နောက်မှာ ကျွန်မတို့ ဘဝ နဲ့ပတ်သက်ပြီး ပုန်းကွယ်နေတဲ့
အကြောင်းအရာတစ်ခုစီရှိရမယ်လို့ လက်ခံထားကြဆဲပါ။ဒီတစ်ခါမှာတော့ ရှေးလေ့လာဖော်ထုတ်ချက်များအရ အောက်ပါဧရိယာတစ်ဝိုက်မှာရှိတဲ့မှဲ့တွေနဲ့ပတ်သက်ပြီး ချမ်းသာကြွယ်ဝမှုလက္ခဏာတွေကို ဖော်ပြ
ပေးလိုက်ပါတယ်1.နှုတ်ခမ်း အပေါ်မှာမှဲ့ပါတဲ့သူတွေဟာ အထူးကံကောင်းကြသူတွေပါ။အရွယ်မတိုင်ခင်ကတည်းက ငွေကြေး၊အောင်မြင်မှုတွေနဲ့ ထိတွေ့နေရပါပြီ။သူတို့ဟာ သဘာဝ အားဖြင့် တဇွတ်ထိုးဆန်တတ်
ပေမယ့်အဲဒီအကျင့်လေးကပဲအောင်မြင်မှုလမ်းကြောင်းကိုအမြန်ဆုံးတွန်းတင်ပေးလိုက်သယောင်ပါ။2.နှာခေါင်းပေါ် ( သို့)နှာခေါင်းဘေးဘက်မှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝဖို့ကျိန်းသေပါတယ်။
ဒါပေမယ့် ဒီလိုမှဲ့ပိုင်ရှင်တွေရဲ့ အောင်မြင်မှုနဲ့ဓနကတော့ အသက်30(သို့)လက်ထပ်ပြီးနောက်မှ အချိန်တန်မှာပါ။ညာဘက်ပါးမှာမှဲ့ပါတဲ့သူတွေအတွက်လည်း ထိုနည်းအတိုင်းပါပဲ။လက်ထပ်ပြီးနောက်မှ အခြေအနေ
ထူးခြားလာမှာပါ။3.Third eye areaလို့ခေါ်တဲ့ မျက်လုံးနှစ်လုံး မျက်ခုံးနှစ်ဖက်ကြားမှာမှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေ ဝိုင်းဝန်းနေတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ်။အမြဲလိုလို သူတို့ရဲ့ဘဝမှာ
ငွေကြေးတွေက လုံလောက်တာထက်ပို လျှံပြီးရင်းလျှံပါပဲ4.ခြေဖဝါးမှာမှဲ့ပါတဲ့သူတွေကတော့ ခရီးများများထွက်ရတဲ့သူတွေဖြစ်ဖို့ ကျိန်းသေပါတယ်။ပြည်တွင်းဖြစ်ဖြစ်၊ပြည်ပပဲဖြစ်ဖြစ် သေချာတာကတော့ ခရီးသွား
ခြင်းဟာ ဘဝရဲ့အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ဒါပေမယ့် ခရီးဘလောက်သွားသွား နိုင်ငံခြားမှာအခြေချဖို့တော့ အလားအလာမရှိပါဘူး။5.ညာဘက်လက်ဖဝါးမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝ
အောင်မြင်မှုတွေရရှိဖို့မွေးဖွားလာတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ်။ဒါပေမယ့် မှဲ့တည်နေရာပေါ်မူတည်ပြီး ပိုင်ဆိုင်ဖို့အချိန်တွေကကွဲပြားသွားပါတယ်။တကယ်လို့ မှဲ့ကအပေါ်ခြမ်းမှာရှိနေရင်တော့ ငယ်ရွယ်
ချိန်ကတည်းက အောင်မြင်နိုင်ပြီး အောက်ဘက်ခြမ်းမှာရှိနေရင်တော့ အောင်မြင်ချမ်းသာတဲ့ဘဝပိုင်ဆိုင်ရဖို့ အချိန်အနည်းငယ်ယူရမှာပါ6.ရင်ဘတ်ညာဘက်ခြမ်းမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေနဲ့ဘဝ
ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။7.မေးစေ့မှာမှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်ပြီး ကံကောင်းတတ်ကြပါတယ်။သူတို့ဟာ လူအများနဲ့နှီးနှောဆက်ဆံရတာထက် တစ်ယောက်တည်းပဲ ဖြတ်သန်းလိုကြပါတယ်။Credit#