မကြာခင်ထီပေါက်မဲ့သူဌေများသို့ထီပေါက်ရင်ဘယ်လိုထုတ်ရမလည်းဆိုတာလေ့လာပါsharing လေးလုပ်ပေးချင်ပါတယ်ထီထွက်ခါနီးပြီးနော်ကံစမ်းပြီးပြီလားထီပေါက်ရင် ထီ ရုံးချုပ် ၃၇လမ်းမှာသွားထုတ်ရပါမယ်ဘာတွေထည့်သွားရမလည်း
ဆိုတော့1. အိမ်ထောင်စုစာရင်း မူရင်း နဲ့ မိတ္တူ2. မှတ်ပုံတင်မူရင်း မိတ္တူ3. ထီလက်မှတ်4.ပတ်စပို့စ်ပုံ၃ပုံ ၅သောင်းဆုဆိုရင်တော့၁ပုံဆိုရပါတယ်အပေါ်ကအချက်အလက်များကိုယူသွားရပါမယ်ရုံးချုပ်ရောက်ရင်အပေါက်ဝမှာ
အဝင်အထွက်စစ်ဆေးတဲ့ အန်တီ(သို့)ဦးလေးကို ထီသွားထုတ်မလို့ ပြောပြီး နာမည်ရယ် မှတ်ပုံတင်ရယ်ရေး လက်မှတ်ထိုးရပါမယ် ပြီးရင် ၃လွှာကို ဓါတ်လှေကား (သို့) ရိုးရိုးလှေကားက တတ်သွားပါ ဝင်ဝင်ချင်းဓါတ်လှေကားဘယ်ဘက်ခြမ်း
မှာထီဆုငွေများထုတ်ယူရန်ဆိုပြီး ရေးထားတယ်အာ့မှာ ပေါက်တဲ့ ထီလက်မှတ်တွေကို ထုတ်ပေးရတယ်အာ့ ထီလက်မှတ်နောက်ကျော ဘယ်ဘက်ခြမ်းမှာ ဘက်လက်မနဲ့ လက်ဗွေနှိပ်ရပါတယ် ပြီးရင် လက်ဗွေနားမှာ လက်မှတ်ထိုးပေးရမယ်
အိမ်ထောင်စုစာရင်းမိတ္တူ မှတ်ပုံတင်မိတ္တူတွေကို ပေးရပါမယ် ပြီးရင် သူတို့တွေက ဖောင်ဖြည့်ဖို့အတွက် ဖောင် ပေးလိမ့်မယ်ဆုသေးတွေဆိုရင်တော့ တရက်နဲ့ ပြီးပါတယ်ဆုငွေကြီးရင်တော့ ရက်ချိန်းတရက်ပြန်ချိန်းပါတယ်
ချက်လက်မှတ်ရဖို့အတွက်ဖောင်ထဲက နေရပ်လိပ်စာကိုအိမ်ထောင်စုစာရင်းထဲမှာပါတဲ့အတိုင်းထည့်ပေးရမှာနော် ဖောင်ဖြည့်ပြီးရင်ခဏထိုင်စောင့်ရပါတယ်နာမည်ခေါ်တာနဲ့ ဖောင်ထဲမှာလက်ဗွေထပ်နှိပ်ရပါတယ်တံဆိပ်ခေါင်းဖိုး၅၀၀
ပေးရပါတယ် ပြီးရင် ဘေးနားက အခန်းကို ဝင်သွားပါ အာ့မှာ စာရေးမ အန်တီကြီးတွေက သူတို့ အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် လက်မှတ်ထိုးပေး ဆက်သွယ်ရန် ph no. ရေးပေး ပြီးရင် ချက်လက်မှတ်တစ်ခုပေးလိုက်လိမ့်မယ်
အာ့ချက်လက်မှတ်ကို လသာလမ်းနဲ့ ကမ်းနားလမ်းက မြန်မာ့စီးပွားရေးဘဏ် ၅ မှာ သွားထုတ်ရပါမယ်(မှတ်ချက်) ဆုသေးရင်တော့ ကိုယ် သွားထိုးခဲ့တဲ့ ထီဆိုင်မှာပဲ ထုတ်တာ ကောင်းပါတယ် နို့မို့ဆို သွားရမယ့်
ကားခ တံဆိပ်ခေါင်းခ လူစောင့်ရတာနဲ့ အရမ်းအလုပ်ရှုပ်ပါတယ် ချက်လက်မှတ်ရလို့ လသာကို သွားထုတ်တော့လည်း ကားခထပ်ကုန်သေး ဗိုက်ဆာလို့ မုန့်ဝယ်စားရင်လည်း ပိုက်ဆံက ထပ်ကုန်သေးတော်သေးပြီ ဒီလောက်ပါပဲ