ေခါင္းကိုက္တာက ေတာ္ေတာ္ေလးကို ခံရခက္ေစတဲ့ ေဝဒနာတစ္ရပ္ပါ။အခ်ိဳ႕က ေတာ္ရံုတန္ရံု ေခါင္းမကိုက္တတ္ၾကေပမယ့္ ေခါင္းကိုက္ရင္ခံရခက္ပါတယ္ဆိုတဲ့သူေတြကပဲ ပိုၿပီးေခါင္းကိုက္ေလ့ရိွပါတယ္။ အဲ့ဒီလိုေတြႀကံဳလာရၿပီဆိုရင္ ေနထိုင္မေကာင္းျဖစ္လာမယ္၊စိတ္လက္မၾကည္မလင္ျဖစ္လာၿပီး ကိုယ့္ရဲ့ေန့စဉ္လုပ္စရာကိစၥေတြကိုပါ ထိခိုက္ေစပါလိမ့္မယ္

အဲ့ဒါေၾကာင့္လည္း ဒီေန့မွာေခါင္းကိုက္တတ္တဲ့သူေတြအတြက္ အိမ္မွာပဲလြယ္လင့္တကူကုသႏိုင္ဖို႔ အိမ္တြင္းေဆးနည္းေတြကို တင္ဆက္ေပးလိုက္ရပါတယ္။မနက္ႏိုးႏိုးခ်င္း ေခါင္းကိုက္တဲ့အခါမနက္အိပ္ရာႏိုးႏိုးခ်င္း ေခါင္းကိုက္တဲ့အခါပန္းသီးစိတ္ကို ဆားအနည္းငယ္နဲ႔တို႔စားေပးၿပီး အဲ့ဒီေနာက္မွာ ေရႏြေးေသာက္ေပးတာကလည္း ေခါင္းကိုက္ေဝဒနာကို သိသိသာသာေပ်ာက္ကင္းေစႏိုင္ပါတယ္။

ေနာက္ထပ္နည္းလမ္းအေနနဲ႔ ပန္းသီးအရသာနဲ႔ cider vinegar ကို ေရတစ္ခြက္ပ်ားရည္နဲ႔ သံပုရာရည္ေရာစပ္ၿပီးတစ္ေန့ကို (၂) ခြက္ကေန (၃) ခြက္အထိ ေသာက္သံုးေပးသင့္ပါတယ္အပူအေအးဓာတ္ျဖင့္ ကုသေပးပါ။ကိုယ့္ရဲ့ ေနာက္ေက်ာကို ေရခဲအိတ္ကပ္ေပးတာက ေခါင္းတစ္ျခမ္းကိုက္ေဝဒနာကို သိသိသာသာ သက္သာေပ်ာက္ကင္းေစၿပီး အဲ့ဒီလိုမွမလုပ္ခ်င္ဘူးဆိုရင္လည္း ေရႏြေးထၫ့္ထားတဲ့ဇလံုထဲမွာ ကိုယ့္ရဲ့ေျခေထာက္ကိုစိမ္ေပးထားတာကလည္း ေခါင္းကိုက္ေဝဒနာကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

အေၾကာေလ်ွာ့ေလ့က်င့္ခန္းျပဳလုပ္ပါအေၾကာေလ်ွာ့တာကခႏၶာကိုယ္ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ေညာင္းညာေနတဲ့အခ်ိန္မွာလည္း အေထာက္အကူျဖစ္ေစတဲ့ ေလ့က်င့္ခန္းတစ္ခုပါ။ ေခါင္းကိုက္ေနတယ္ဆိုရင္ေတာ့ ဦးေခါင္းကို ဘယ္ၾကၫ့္ညာၾကၫ့္ အေပၚၾကၫ့္ေအာက္ၾကၫ့္ စသျဖင့္ ေလ့က်င့္ခန္းလုပ္သင့္ၿပီး ပခံုးႏွစ္ဖက္ရိွရာဖက္ကိုလည္း ေခါင္းကိုေစာင္းေစာင္းေပးတဲ့ ေလ့က်င့္ခန္းကိုျပဳလုပ္သင့္သလို

ေခါင္းကို (၃၆၀) ဒီဂရီလွၫ့္တဲ့ေလ့က်င့္ခန္းကလည္း ပခံုးနဲ႔လည္ပင္းတို႔မွာရိွတဲ့ ႂကြက္သားေတြကို ေျပလ်ာ့ေစပါလိမ့္မယ္။စမုန္ျဖဴကိုအသံုးျပဳပါ။စမုန္ျဖဴအမႈန႔္တစ္စက္ႏွစ္စက္ေလာက္ကို ေလးၫွင္းဆီလိုေဆးျဖစ္ဝါးျဖစ္ အဆီတစ္မ်ိဳးမ်ိဳးထဲထၫ့္ၿပီး နဖူးေပၚလိမ္းေပးထားပါ။ ၿပီးရင္ မိနစ္ေတာ္ေတာ္ၾကာၾကာေအာင္ ၿငိမ္ၿငိမ္ေလးထိုင္ေနလိုက္မယ္ဆိုရင္ ခံစားေနရတဲ့ ေခါင္းကိုက္ေဝဒနာေတြက သိသိသာသာ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

သစ္ႀကံပိုးေခါက္ကိုအသံုးျပဳပါ။သစ္ႀကံပိုးေခါက္ကို အမႈန႔္ႀကိတ္ၿပီး ေရထဲထၫ့္ကာအဲ့ဒီအရည္ကိုနဖူးနဲ႔နားထင္အနီးအနားတစ္ဝိုက္မွာ လိမ္းေပးၿပီး မိနစ္ (၃၀) ခန႔္ထားပါ။ ၿပီးရင္ေတာ့ ေရႏြေးေနြးေလးနဲ႔ မ်က္ႏွာသစ္ေပးလိုက္တာက ေခါင္းကိုက္ေဝဒနာသက္သာေစဖို႔အတြက္ ေဆးစြမ္းေကာင္းတစ္လက္ပါပဲ။

Peppermint အဆီကို အသံုးျပဳပါ။ပူစီနံနဲ႔ ဆင္တူတဲ့အရြက္ျဖစ္ေပမယ့္ ပူစီနံမဟုတ္ဘဲ ပင္စိမ္းတစ္မ်ိဳးအျဖစ္သာသတ္မွတ္ထားပါတယ္။ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာျပႆနာေတြအတြက္ပါ အသံုးဝင္တဲ့ ဒီေဆးဝါးကို ေခါင္းကိုက္တဲ့အခ်ိန္မွာ နားထင္ကိုလူးေပးတာမ်ိဳး၊ ေသာက္သံုးေပးတာမ်ိဳးတို႔ ျပဳလုပ္ႏိုင္တဲ့အျပင္ ရႉေဆးအျဖစ္လည္း အသံုးျပဳႏိုင္ပါတယ္။

ပင္စိမ္းအဆီမွာပါဝင္တဲ့ Menthol ဓာတ္က ဦးေခါင္းနဲ႔ ဦးေနွာက္ေသြးလႊတ္ေၾကာေတြ ေရာင္ရမ္းျခင္းကကာကြယ္ေပးႏိုင္ၿပီး ေသာက္သံုးတဲ့ေနရာမွာလည္း အရသာခ်ိဳျမျမရရိွႏိုင္ဖို႔အတြက္ ပ်ားရည္အနည္းငယ္နဲ႔ ေရာစပ္ေသာက္သံုးေပးႏိုင္တယ္လို႔ သိရိွရပါတယ္။ဒါ့အျပင္ ေလးၫွင္းဆီကလည္း ေခါင္းကိုက္ေဝဒနာအတြက္ အသံုးဝင္တဲ့ေဆးဝါးတစ္လက္ျဖစ္ၿပီး

ေရႏြေးဆူဆူထဲမွာ ေလးၫွင္းဆီ ႏွစ္စက္ထၫ့္ၿပီး အဲ့ဒီေရႏြေးေငြ့ကို ရႉရိႈက္ေပးတာက ေခါင္းကိုက္ေပ်ာက္ဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ဂ်င္းကိုအသံုးျပဳပါဟင္းခ်က္တဲ့ေနရာမွာ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္လည္း အသံုးျပဳႏိုင္တဲ့ ဂ်င္းက အစာေၾကရင္ေခ်ာင္ေစတဲ့အျပင္ ေခါင္းကိုက္ေဝဒနာအတြက္လည္း အသံုးဝင္တဲ့ ေဆးစြမ္းေကာင္းတစ္လက္ျဖစ္ပါတယ္။ ဂ်င္းမွာပါဝင္တဲ့အာနိသင္က

ေခါင္းမွာရိွတဲ့ေသြးေၾကာေတြ ေရာင္ရမ္းတာကိုေလ်ွာ့ခ်ေပးႏိုင္ၿပီး ေခါင္းတစ္ျခမ္းကိုက္လို႔ ပ်ိဳ႕အန္ခ်င္တဲ့အခါမ်ိဳးမွာလည္း သက္သာရာရေစပါတယ္။ အဲ့ဒါေၾကာင့္လည္း ေခါင္းကိုက္တတ္တဲ့သူေတြအေနနဲ႔ ဂ်င္းေဖ်ာ္ရည္ကို သံပရာရည္နဲ႔ေရာေသာက္ေပးသင့္ၿပီး တစ္ရက္ကို (၁) ႀကိမ္ ဒါမွမဟုတ္ (၂) ႀကိမ္အထိ ေသာက္သံုးေပးသင့္ပါတယ္။

ႀကိဳတင္ကာကြယ္ျခင္း – ေရာဂါျဖစ္မွကုသျခင္းထက္ ႀကိဳတင္ကာကြယ္ျခင္းက ပိုမိုထိေရာက္တယ္ဆိုတဲ့စကားကို အားလံုးပဲ ရင္းႏွီးၿပီးသားျဖစ္မွာပါ။ က်န္းမာေရးေကာင္းမြန္ဖို႔အတြက္ အသက္ရႉေလ့က်င့္ခန္းေတြ၊ အေၾကာေလ်ွာ့ေလ့က်င့္ခန္းေတြအျပင္ ေန့စဉ္ပံုမွန္ေယာဂက်င့္ေပးတာကလည္း ေခါင္းကိုက္ေဝဒနာေတြအတြက္တင္မကဘဲ ကိုယ္ခႏၶာရဲ့အျခားေသာက်န္းမာဖို႔လိုအပ္တဲ့အစိတ္အပိုင္းေတြအတြက္ပါ အေထာက္အကူျဖစ္ေစမွာ အေသအခ်ာပါပဲ။

ခေါင်းကိုက်တာက တော်တော်လေးကို ခံရခက်စေတဲ့ ဝေဒနာတစ်ရပ်ပါ။အချို့က တော်ရုံတန်ရုံ ခေါင်းမကိုက်တတ်ကြပေမယ့် ခေါင်းကိုက်ရင်ခံရခက်ပါတယ်ဆိုတဲ့သူတွေကပဲ ပိုပြီးခေါင်းကိုက်လေ့ရှိပါတယ်။ အဲ့ဒီလိုတွေကြုံလာရပြီဆိုရင် နေထိုင်မကောင်းဖြစ်လာမယ်၊စိတ်လက်မကြည်မလင်ဖြစ်လာပြီး ကိုယ့်ရဲ့နေ့စဉ်လုပ်စရာကိစ္စတွေကိုပါ ထိခိုက်စေပါလိမ့်မယ်

အဲ့ဒါကြောင့်လည်း ဒီနေ့မှာခေါင်းကိုက်တတ်တဲ့သူတွေအတွက် အိမ်မှာပဲလွယ်လင့်တကူကုသနိုင်ဖို့ အိမ်တွင်းဆေးနည်းတွေကို တင်ဆက်ပေးလိုက်ရပါတယ်။မနက်နိုးနိုးချင်း ခေါင်းကိုက်တဲ့အခါမနက်အိပ်ရာနိုးနိုးချင်း ခေါင်းကိုက်တဲ့အခါ ပန်းသီးစိတ်ကို ဆားအနည်းငယ်နဲ့တို့စားပေးပြီး အဲ့ဒီနောက်မှာ ရေနွေးသောက်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာကို သိသိသာသာပျောက်ကင်းစေနိုင်ပါတယ်။

နောက်ထပ်နည်းလမ်းအနေနဲ့ ပန်းသီးအရသာနဲ့ cider vinegar ကို ရေတစ်ခွက်ပျားရည်နဲ့ သံပုရာရည်ရောစပ်ပြီးတစ်နေ့ကို (၂) ခွက်ကနေ (၃) ခွက်အထိ သောက်သုံးပေးသင့်ပါတယ်အပူအအေးဓာတ်ဖြင့် ကုသပေးပါ။ကိုယ့်ရဲ့ နောက်ကျောကို ရေခဲအိတ်ကပ်ပေးတာက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သိသိသာသာ သက်သာပျောက်ကင်းစေပြီး အဲ့ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ရေနွေးထည့်ထားတဲ့ဇလုံထဲမှာ ကိုယ့်ရဲ့ခြေထောက်ကိုစိမ်ပေးထားတာကလည်း ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အကြောလျှော့လေ့ကျင့်ခန်းပြုလုပ်ပါအကြောလျှော့တာကခန္ဓာကိုယ်သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးညောင်းညာနေတဲ့အချိန်မှာလည်းအထောက်အကူဖြစ်စေတဲ့လေ့ကျင့်ခန်းတစ်ခုပါခေါင်းကိုက်နေတယ်ဆိုရင်တော့ဦးခေါင်းကို ဘယ်ကြည့်ညာကြည့်အပေါ်ကြည့်အောက်ကြည့်စသဖြင့်လေ့ကျင့်ခန်းလုပ်သင့်ပြီးပခုံးနှစ်ဖက်ရှိရာဖက်ကိုလည်းခေါင်းကိုစောင်းစောင်းပေးတဲ့ လေ့ကျင့်ခန်းကိုပြုလုပ်သင့်သလို

ခေါင်းကို(၃၆၀)ဒီဂရီလှည့်တဲ့လေ့ကျင့်ခန်းကလည်းပခုံးနဲ့လည်ပင်းတို့မှာရှိတဲ့ ကြွက်သားတွေကိုပြေလျာ့စေပါလိမ့်မယ်စမုန်ဖြူကိုအသုံးပြုပါ။စမုန်ဖြူအမှုန့်တစ်စက်နှစ်စက်လောက်ကို လေးညှင်းဆီလိုဆေးဖြစ်ဝါးဖြစ် အဆီတစ်မျိုးမျိုးထဲထည့်ပြီး နဖူးပေါ်လိမ်းပေးထားပါ။ ပြီးရင် မိနစ်တော်တော်ကြာကြာအောင် ငြိမ်ငြိမ်လေးထိုင်နေလိုက်မယ်ဆိုရင် ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာတွေက သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

သစ်ကြံပိုးခေါက်ကိုအသုံးပြုပါ။သစ်ကြံပိုးခေါက်ကို အမှုန့်ကြိတ်ပြီးရေထဲထည့်ကာအဲ့ဒီအရည်ကိုနဖူးနဲ့နားထင်အနီးအနားတစ်ဝိုက်မှာ လိမ်းပေးပြီး မိနစ်(၃၀)ခန့်ထားပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့မျက်နှာသစ်ပေးလိုက်တာကခေါင်းကိုက်ဝေဒနာသက်သာစေဖို့အတွက်ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

Peppermint အဆီကို အသုံးပြုပါ။ပူစီနံနဲ့ ဆင်တူတဲ့အရွက်ဖြစ်ပေမယ့် ပူစီနံမဟုတ်ဘဲ ပင်စိမ်းတစ်မျိုးအဖြစ်သာ သတ်မှတ်ထားပါတယ်။ အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက်ပါ အသုံးဝင်တဲ့ ဒီဆေးဝါးကို ခေါင်းကိုက်တဲ့အချိန်မှာ နားထင်ကိုလူးပေးတာမျိုး၊ သောက်သုံးပေးတာမျိုးတို့ ပြုလုပ်နိုင်တဲ့အပြင် ရှူဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ပင်စိမ်းအဆီမှာပါဝင်တဲ့ Menthol ဓာတ်က ဦးခေါင်းနဲ့ ဦးနှောက်သွေးလွှတ်ကြောတွေ ရောင်ရမ်းခြင်းကကာကွယ်ပေးနိုင်ပြီး သောက်သုံးတဲ့နေရာမှာလည်း အရသာချိုမြမြရရှိနိုင်ဖို့အတွက် ပျားရည်အနည်းငယ်နဲ့ ရောစပ်သောက်သုံးပေးနိုင်တယ်လို့ သိရှိရပါတယ်။ဒါ့အပြင် လေးညှင်းဆီကလည်း ခေါင်းကိုက်ဝေဒနာအတွက် အသုံးဝင်တဲ့ဆေးဝါးတစ်လက်ဖြစ်ပြီး

ရေနွေးဆူဆူထဲမှာလေးညှင်းဆီနှစ်စက်ထည့်ပြီးအဲ့ဒီရေနွေးငွေ့ကိုရှူရှိုက်ပေးတာကခေါင်းကိုက်ပျောက်အထောက်အကူဖြစ်စေပါတယ်ဂျင်းကိုအသုံးပြုပါဟင်းချက်တဲ့နေရာမှာဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းအသုံးပြုနိုင်တဲ့ ဂျင်းက အစာကြေရင်ချောင်စေတဲ့အပြင် ခေါင်းကိုက်ဝေဒနာအတွက်လည်း အသုံးဝင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ဂျင်းမှာပါဝင်တဲ့အာနိသင်က

ခေါင်းမှာရှိတဲ့သွေးကြောတွေ ရောင်ရမ်းတာကိုလျှော့ချပေးနိုင်ပြီး ခေါင်းတစ်ခြမ်းကိုက်လို့ ပျို့အန်ချင်တဲ့အခါမျိုးမှာလည်း သက်သာရာရစေပါတယ်။ အဲ့ဒါကြောင့်လည်း ခေါင်းကိုက်တတ်တဲ့သူတွေအနေနဲ့ ဂျင်းဖျော်ရည်ကို သံပရာရည်နဲ့ရောသောက်ပေးသင့်ပြီး တစ်ရက်ကို (၁) ကြိမ် ဒါမှမဟုတ် (၂) ကြိမ်အထိ သောက်သုံးပေးသင့်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းရောဂါဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်တယ်ဆိုတဲ့စကားကိုအားလုံးပဲ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းတွေ၊ အကြောလျှော့လေ့ကျင့်ခန်းတွေအပြင် နေ့စဉ်ပုံမှန်ယောဂကျင့်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာတွေအတွက်တင်မကဘဲ ကိုယ်ခန္ဓာရဲ့အခြားသောကျန်းမာဖို့လိုအပ်တဲ့အစိတ်အပိုင်းတွေအတွက်ပါ အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here