ကိုယ်ယခုနေထိုင်နေတဲ့အိမ်ဟာဘယ်အမျိုးအစားထဲမှာပါနေလဲဆိုတာလေ့လာဆန်းစစ်ကြည့်လိုက်ရအောင်လေအိမ်ရဲ့ခေါင်းရင်းနေအိမ်သည်မိမိအိမ်ထက်မြင့်ပြီးခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါကကိုယ်နေထိုင်သောအိမ်သည်

အမိုးနိမ့်နေလျှင်အိမ်ပုခက်ဟုခေါ်သည်နေထိုင်သောမိသားစုစီးပွားတက်သည်ကိုယ့်အိမ်ခေါင်းရင်းအိမ်ကအမိုးနိမ့်မည်ကိုယ့်အိမ်ခြေရင်းကလဲအမိုးနိမ့်မည်ကိုယ့်အိမ်ကအလယ်မှအမိုးမြင့်မားနေပါကအိမ်မြင့်မိုရ်ဟုခေါ်သည်လူကြီးမိဘတို့ကို

ခေါင်းရင်းဘက်ထား၍ပြူစုလုပ်ကျွေးအားသဒ္ဓါပြည့်ကအထူးကောင်းမွန်၏ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည်ကိုယ့်အိမ်၏ခြေရင်းကကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည်တစ်စိမ့်စိမ့်စီးပွားဖြစ်၏ကိုယ့်အိမ်၏ခေါင်းရင်းက

နိမ့်၍ကိုယ့်အိမ်၏ခြေရင်းအိမ်ကမြင့်နေပါကစီးပွားအသည်းအသန်ရှာရတတ်ပေသည်ရေဆန်အိမ်ဟုခေါ်သည်ရှေးလူကြီးများကမဝယ်သင့်ဟုဆိုကျသည်ကိုယ့်အိမ်၏ခေါင်းရင်းနားတွင်မီးဖိုအကြီးကြီးဖြင့်စီးပွားရှာသောအိမ်ရှိနေပါကထိုအိမ်ကို

ဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ်အိမ်အမိုးထပ်မြှင့်ခြင်းပြုအပ်၏မကျန်းမမာဖြစ် တတ်၏ဦးခေါင်းအပူတိုက်ဟုခေါ်ကြသည်။သတိထားအပ်၏ကိုယ့်အိမ်၏ဘေးဘယ်ညာအိမ်တို့မှဆူညံစကားပြင်းသောအသံချဲ့စက်ဆောင်းဘောက်စ်အသံ

အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြုလုပ်နေပါကထိုအိမ်သည်နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်သည်မေတ္တသုတ်မပြတ်သရဇ္ဈယ်အပ်၏အလွန်စပ်စပ်စုစုနိူင်သောအိမ်နီးပါးချင်းငွေအချေးအငှားအလွန်

ပက်စက်၍ပြန်ဆပ်လျှင်လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါကမရှိပါဟူသောစကားကိုလိမ်ညာပြောတတ်ရ၍သီလမလုံသောကံကိုစီရင်ဖန်တီးမိနေတတ်၍အလိမ္မာဖြင့်ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထားပြောရတတ်၏ဝစီဗေဒထိတိုင်းရှသည်ဟူသည်နှင့်အညီကိုယ်ပါဆင်းရဲနွမ်းပါးလာတတ်၏