မတ်လကုန်တွင်မော်တော်ယာဉ်အားလုံးဖောင်းကြွနံပါတ်အသစ်အပြီးပြောင်းလဲတပ်ဆင်ရန်ထပ်မံအသိပေးထားယခုလမတ်လကုန်ပိုင်းတွင်မော်တော်ယာဉ်အားလုံးဖောင်းကြွနံပါတ်ပြားအသစ်တွေအပြီးပြောင်းလဲတပ်ဆင်ကြရန်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကုန်းလမ်းဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကထပ်မံအသိပေးထုတ်ပြန်ထားသည်နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များအဝေးပြေးခရီးသည်တင်ယာဉ်များမြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများတက္ကစီ

ယာဉ်တွေနှင့်ကုန်တင်ယာဉ်အားလုံးသည်မတ်လ၃၁ရက်အပြီးဖောင်းကြွနံပါတ်ပြားပုံစံအသစ်ကိုမပျက်မကွက်ပြောင်းလဲတပ်ဆင်မှုပြုလုပ်ရန်အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ယင်းအပြင်ပုဂ္ဂလိကမော်တော်ယာဉ်ပိုင်ရှင်တွေအနေဖြင့်ကားလိုင်စင်သက်တမ်းတိုးချိန်တွင်ဖြစ်စေ

သက်တမ်းတိုးချိန်မတိုင်မီဖြစ်စေသက်ဆိုင်ရာကညနရုံးများနှင့်ဆက်သွယ်ပြီးဖောင်းကြွနံပါတ်ပြားအသစ်တွေကိုအမြန်ပြောင်းလဲတပ်ဆင်ရမည်ဟုဆိုသည်အသစ်ပြုလုပ်လိုက်သည့်ဖောင်းကြွနံပါတ်ပြားများတွင်မြို့နယ်အလိုက်
ကိုယ်စားပြုဂဏန်းဖော်ပြမှုမျာမော်တော်ယာဉ်အမျိုးအမည်ဖော်ပြမှုများ

ထပ်တိုးရိုက်နှိပ်ထားကြောင်းသိရသည်ထိုသို့ထပ်တိုးထည့်သွင်းခြင်းဖြင့်မော်တော်ယာဉ်နံပါတ်ပြားကိုအခြားတရားမဝင်ယာဉ်များတွင်တပ်ဆင်အသုံးပြုမှုကိုထိန်းချုပ်တားဆီးနိုင်မည့်အပြင်မော်တော်ယာဉ်တည်ရှိသည့်မြို့နယ်ကိုပါခွဲခြားသိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်