ကျပ်၁၉ သိန်းတန်းကိုတရွေ့ရွေ့လှမ်းလာတဲ့ ရွှေဈေး၊အတက်ဘက်ကို ဦးတည်နေသလားရန်ကုန်၂၀၂၂၊ဇန်နဝါရီ၂၁ရက်ဒေါ်လာဈေး၊ကမ္ဘာ့ရွှေဈေးတို့နဲ့အတူ ပြည်တွင်းရွှေဈေးလိုက်ပါမြင့်တက်ခဲ့ရာလာမယ့်ရက်သတ္တပတ်များ
အတွင်းလည်းအတက်ဘက်ကိုအားသာနေဦးမယ် လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် လေ့လာသုံးသပ်သူများကဆိုနေပါတယ်ရွှေလုပ်ငန်းလုပ်ကိုင်တဲ့ပိုင်ရှင်တစ်ဦးကရေရှည်ကတော့ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအပေါ် မူတည်ပါတယ်
ဗဟိုဘဏ်ကလည်း ဒေါ်လာတွေထုတ်ရောင်းပြီး ဈေးကွက်ကိုထိန်းသိမ်းမယ့်သဘောရှိတယ်ဒီမနက် ရွှေဈေးအရလည်းတက်နေတုန်းပဲဆိုတော့ဒီအတိုင်းဆိုရင် ဈေးကဆက်တက်နေဦးမှာပဲဒီရက်ပိုင်းအတွင်းတောင်၁၉သိန်း
တန်းလောက် ပြန်ဖြစ်သွားနိုင်တယ်လို့ MFNရဲ့သီးသန့်ဆက်သွယ်မေးမြန်းမှုအပေါ်သူ့အမြင်ကို ပြောပါတယ်မနေ့က(ဇန်နဝါရီ၂၀ရက်)မနက်ပိုင်းမှာအကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို၁၈သိန်း၈ သောင်း၎ ထောင်ထိ ဈေးမြင့်
တက်ခဲ့ပြီးကုန်ခဲ့တဲ့ဒီဇင်ဘာတတိယပတ်ကစပြီးအလှုပ်အခတ်များခဲ့တဲ့ကမ္ဘာ့ရွှေဈေးဟာ ကမ္ဘာ့ရွှေ ၁ တအောင်စကို ဇန်နဝါရီ၁၉ရက်နေ့ကအမေရိကန်ဒေါ်လာ၁၈၁၂ဒေါ်လာသာရှိခဲ့ရာမှ ဇန်နဝါရီ၂၀ရက်မနက်ပိုင်းမှာတစ်အောင်စကို
၁၈၃၉ ဒေါ်လာထိ မြင့်တက်ခဲ့ပါတယ်ရွှေနှင့် ဒေါ်လာဈေးများအပေါ် လေ့လာသုံးသပ်နေသူတစ်ဦးက မြန်မာ့ရွှေဈေးဆက်တက်နိုင်ခြေရှိ သေးလား ဆိုတော့ မြန်မာ့ရွှေဟာဒီတစ်ပတ်တာအတွင်း၁၈သိန်း၈သောင်းဝန်းကျင်ထိအမြင့်ဆုံးတက်ခဲ့ပြီး
၁၉သိန်း နားမှာပဲဆက်လက်ရှိနေပါတယ်၁၈သိန်းခွဲနဲ့ ပြန်ရှိလာပေမယ့်အရင် ဈေးတန်းကို ပြန်မရောက်သေးဘူးလာမည့်အပတ်ထဲဆက်တက်ဖို့များပါတယ်။ပြင်ပဒေါ်လာ ဈေးကလည်း၁ဒေါ်လာ၁၉၈၀အထက် ရောက်ရှိနေဆဲမို့ လက်ရှိ
ကမ္ဘာ့ရွှေဈေးဟာအတက်ဘက်အားသာနေပါတယ်ကမ္ဘာ့ရွှေတက်ရင် မြန်မာ့ရွှေပါ အတက်ဘက် မြင်ရနိုင်ပါတယ်လို့သုံးသပ် ပြောပါတယ်လက်ရှိတွင်လည်း ပြည်ပနိုင်ငံတွေထံ ရွှေနဲ့လက်ဝတ်ရတနာတင်ပို့မှုတွင်ပို့ကုန်တန်ဖိုးအမေရိကန်
ဒေါ်လာ ၅ သောင်းအောက်ဖြစ်ပါက ကြေးနန်းငွေလွှဲပို့စနစ် (Telegraphic Transfer-TTစနစ်ဖြင့် ဆောင်ရွက်ခွင့်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းYGEAက ကြေညာထားပြီး၊ဒီအပြောင်းအလဲ
ကြောင့် ပြည်ပနိုင်ငံတွေထံ ရွှေတင်ပို့မှုဈေးကွက် ပြန်လည်အသက်ဝင်လာမယ်လို့ဆိုပါတယ်အဲ့ဒီ ဆောင်ရွက်ချက်ဟာ ၂၀၂၀ခုနှစ်သြဂုတ်လအတွင်းကစီးပွားရေးကူးသန်းဝန်ကြီးဌာနက ငွေကြေးခဝါချမှု ကာကွယ်ဖို့ မြန်မာ့ရွှေ
ပြည်ပတင်ပို့မှုတွင် ငွေလွှဲငွေပေးချေမှုအတွက်ဘဏ်အချင်းချင်းဝန်ဆောင်မှုပေးတဲ့ဘဏ်ငွေလွှဲစာတမ်းစနစ်Letter of Credit LCကိုသာခွင့်ပြုဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ဗဟိုဘဏ်
အနေနဲ့ ကြေးနန်းငွေလွှဲပို့မှုစနစ်Telegraphic Transfer-TTစနစ်ကို မူအားဖြင့် ခွင့်ပြုပေးဖို့ဗဟိုဘဏ်က ပြောခဲ့တယ်လို့သိရှိရပြီး၊ယခုသတ်မှတ်ချက်အရပို့ကုန်တန်ဖိုးကန်ဒေါ်လာ၅ သောင်းအထက်ကိုသာLCစနစ်
ဆောင်ရွက်ရမှာဖြစ်ကာ ပြည်ပကို ရွှေတင်ပို့ရောင်းချလိုသူတွေအနေနဲ့ One Stop Services Center ကို လျှောက်ထား ဆောင်ရွက်နိုင် တယ်လို့ YGEA က အသိပေးထားပါတယ်