ရွှေဝယ်လည်းရှုံးရောင်းလည်းရှုံးဘာကြောင့်လဲရွှေဈေးအတက်အကျမှာအမြတ်ရမလားလို့အဝယ်အရောင်းလုပ်လိုက်ပါတယ်ဝယ်လည်းရှုံးတာပဲ ရောင်းလိုက်တော့လည်းရှုံးပြန်တာပဲဘယ်ဈေးကွက်မှာပဲနေနေ ဈေးတန်းတစ်ခုဟာ

တောက်လျောက်တက်လေ့၊ကျလေ့မရှိပါဘူးလှေကားထစ်လေးတွေလိုတဆင့်ချင်းအားယူပြီးတက်နေကျနေကြတာပါဝယ်ရင် မြတ်ဖို့အတွက်အနိမ့်ဈေးတန်းတခုမှာဝယ်ဖို့လိုအပ်ပါတယ်၊ ဈေးတက်နေပီဆိုမှ ပြေးဝယ်ကြတာတွေက

အရမ်းများပါတယ်။ ဈေးတွေတက်နေပီဆိုရင် ကြောက်စိတ်နဲ့အဝယ်မလောစေချင်ပါဘူးရွှေဈေးတွေတင်နေရင်းနဲ့လည်း ပြောခဲ့ပါတယ်အမြင့်ဈေးနဲ့အဝယ်မမိစေဖို့အတွက်သတိထားပါ၊ ဈေးအကျကို စောင့်ပီးမှဝယ်ပါဈေးကျနေပီဆိုမှ

ဘယ်နေရာမှာ ဈေးတန့်မလဲ စောင့်ပြီးမှဝယ်ပါကိုယ်ကတော့ ဈေးအနိမ့်နဲ့ဝယ်လိုက်တာပဲထပ်ကျသွားတယ်ရှုံးပီဆိုပီးထပ်ရောင်းထုတ်တယ်ပိုရှုံးပါတယ်ရောင်းတဲ့အခါမှာလည်းထို့အတူပါပဲ၊မလောစေချင်ပါဘူးအကျဈေးတန်းတခုဟာ

ဘယ်အချိန်မှာ တန့်မယ်မှန်းအတိကျမသိနိုင်တာဖြစ်တဲ့အတွက်အဝယ်စောတာမျိုးဖြစ်ခဲ့တဲ့အခါမကြောက်ပါနဲ့အရောင်းမလောပါနဲ့ရောင်းတဲ့အခါအမြတ်ရဖို့အတွက် အမြင့်ဈေးတန်းတခုမှာ ရောင်းဖို့အတွက်လိုအပ်ပါတယ်ကိုယ်က

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အနိမ့်ဈေးမှာဝယ်ထားတာ ျဖစ္တဲ့အတြက္ကိုယ့္အတြက္အဝောာ်အတန်မြတ်ပြီဆိုရင် ရောင်းပါဆက်ပြီး ဈေးထပ်တက်သွားခဲ့မယ်ဆိုရင် စောင့်လိုက်ရင်ကောင်းသားဆိုတဲ့စိတ်မျိုးကို ရှောင်ကြဉ်ပါ၊ သေချာတဲ့အမြတ်ကိုသာလျင်ယူပါဒါက

အရောင်းသဘောပေမယ့်လူ့သဘာဝဈေးတွေထိုးကျနေပီဆိုမှအတင်းရောင်းချင်ကြတယ်စိတ်လောကြတယ်ဘယ်ထိဆက်ကျမယ်မှန်းမသိလို့ခုရောင်းထုတ်လိုက်တာဆိုတဲ့စိတ်နဲ့အရှုံးတွေကိုရင်ဆိုင်ကြရတယ်ကိုယ်ကမီလျံနာသူဌေးကြီး

ဆိုရင်တော့ကိစ္စမရှိပါဘူးအပိုငွေလေးကနေ မြတ်မလားလို့အရောင်းအဝယ်လုပ်ပီးကာမှ ကိုယ်တိုင်က စိတ်လောတတ်တယ်ဆိုရင်တော့အရောင်းအဝယ်လုပ်ဖို့အတွက် ရှောင်စေလိုပါတယ်မလုပ်ပဲနေတာကမှ ကိုယ့်ငွေကကိုယ့်ငွေပါပဲ

ဈေးတေထိုးကျနေတယ်ဆိုရင်ဘယ်နားမှာတန့်မလဲဆိုပီးဝယ်ဖို့အတွက် စောင့်ရမှာပါခုကြ ပြောင်းပြန်တေ တွေးမိပြီးအရောင်းအဝယ်လုပ်မိတာမို့ဝယ်လည်းရှုံး ရောင်းလည်းရှုံး ဖြစ်နေကြတာပါဈေးတွေအရမ်းတက်နေမှလိုက်ဝယ်

တာကိုရှောင်ပါဈေးတွေအရမ်းကျနေမှလိုက်ရောင်းတာကို ရှောင်ပါအရောင်းအဝယ်လုပ်မယ့်အချိန်သတိကပ်ပါလောဘကြောင့်စိတ်မလောမိပါစေနှင့်ရွှေမှမဟုတ်ပါဘူးဘာပဲအရောင်းအဝယ်လုပ်လုပ်ပါသေချာစဉ်းစားပီးမှအရောင်းအဝယ်ပြုလုပ်ကြပါ