ရွှေဈေးကိုထိန်းနေတယ်လို့ပြောပြီးရက်ပိုင်းအတွင်းပြည်တင်းရွှေဈေးကျပ်သိန်း၂၀နီးပါးမြင့်တက်လာမတ်လ၇ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာခဲ့သည့်အတွက်ပြည်တွင်းရွှေဈေးကွက်အတွင်းအခေါက်ရွှေတစ်ကျပ်သားကိုကျပ်သိန်း၂၀နီးပါး

မြင့်တက်လာကြောင်းရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှသိရပါတယ်ရုရှားနှင့်ယူကရိန်အရေးကြောင့်ကမ္ဘာ့ရွှေဈေးအနေဖြင့်ယနေ့မတ်လ၇ရက်နေ့ညနေပိုင်းတွင်တစ်အောင်စကိုအမေရိကန်ဒေါ်လာ၁၉၉၅ဒေါ်လာ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အထိမြင့်တက်ခဲ့သည့်အတွက်ပြည်တွင်းရွှေဈေးနှုန်းအနေဖြင့်ယနေ့ဈေးပိတ်ချိန်တွင်အခေါက်ရွှေတစ်ကျပ်သားကို၁၉၉၀၀၀၀ကျပ်အထိရှိခဲ့ကြောင်းသိရပါတယ်ကမ္ဘာ့ရွှေဈေးနှုန်းမှာယခင်၂၀၂ဝပြည့်နှစ်သြဂုတ်လအတွင်းကတစ်အောင်စကိုဒေါ်လာ၂၀၀၀ကျော်မြင့်တက်ခဲ့ဖူးပြီး

အဆိုပါကာလကပြည်တွင်းရွှေဈေးနှုန်းကျပ်၁၃သိန်းခွဲဝန်းကျင်ရှိခဲ့ကာယခုကမ္ဘာ့ရွှေဈေးဒေါ်လာ၂၀၀၀နီးပါးပြန်လည်မြင့်တက်ချိန်တွင်ပြည်တွင်းရွှေဈေးနှုန်းမှာကျပ်သိန်း၂၀နီးပါးအထိရောက်ရှိလာခြင်းဖြစ်ပါတယ်လက်ရှိပြည်တွင်းရွှေဈေးကွက်အတွင်းတစ်ရက်လျှင်

ရွှေပိဿာချိန်၅၀ခန့်ရောင်းလိုအားရှိနေပြီးရွှေအဝင်များနေကြောင်းYGEA မှသိရပါတယ်ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်မှုနှင့် ဒေါ်လာဈေးမြင့်တက်မှုများကြောင့် ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်ခြင်းဖြစ်ပြီးယနေ့နိုင်ငံခြားငွေကြေးလဲလှယ်သည့်ဈေးကွက်တွင်အမေရိကန်တစ်ဒေါ်လာကို

ငွေကျပ်နှစ်ထောင်နီးပါးပေါက်ဈေးရှိကြောင်းသိရပါတယ်ပြည်တွင်းရွှေဈေးနှုန်းသည်ပြီးခဲ့သည့်၂၀၂၁ခုနှစ်စက်တင်ဘာလ နောက်ဆုံးအပတ်ကအခေါက်ရွှေ(၁၆)ပဲရည်တစ်ကျပ်သားဈေးနှုန်းမှာကျပ်၂၂သိန်းကျော်အထိစံချိန်တင်ဈေးမြင့်တက်ခဲ့ဖူးခြင်းဖြစ်ပါတယ်။