ပြင်ပ ဒေါ်လာပေါက်ဈေးနှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းရွှေဈေးကွက်အတွင်းရွှေအဝယ်ပြန်လိုက်လာတယ်ဟုဆိုပြင်ပ ဒေါ်လာပေါက်ဈေးနှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းရွှေဈေးကွက်

အတွင်း ရွှေအဝယ်ပြန်လိုက်လာတယ်လို့ ရွှေဈေးကွက်အတွင်းမှသိရပါတယ်ဇန်နဝါရီ၁၀ရက်ညနေပိုင်းအပိတ်ဈေးအရ၁၆ပဲရည်ရွှေ တစ်ကျပ်သားလျှင်ကျပ် ၁၈၃၉၀၀၀သာရှိခဲ့သော်လည်းဇန်နဝါရီ၁၁ရက်နံနက်ဈေးဖွင့်ချိန်တွင်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၁၈သိန်း၇ သောင်းနီးပါးအထိရောက်ရှိခဲ့ပြီးဇန်နဝါရီ၂၂ရက်ညနေအပိတ်ဈေးတွင်၁၈သိန်း၇ သောင်း၅ ထောင်သို့ ရောက်ရှိခဲ့ပါတယ်ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့် ပြောကြားချက်အရ ရွှေဈေးကကမ္ဘာ့ဈေး

လည်း နည်းနည်းတက်လာတယ်ကမ္ဘာ့ဈေးကဒီနေ့၁၈၃၀နည်းနည်းကျော်သွားပြီ။ ရွှေက အဝယ်ပြန်လိုက်လာတယ်။ ဈေးနည်းနည်းတက်လာတော့အဝယ်လိုက်လာတာပေါ့နောက်ပြီးရင်ပြန်ရောင်းကြတာပေါ့ နောက်ပြီးနယ်စပ်က

လည်း ပြန်ဆွဲတယ်။တမူးနဲ့ရန်ကုန်ဆို၂သိန်းလောက်ကွာတယ်၂သိန်းလောက်ကွာတော့ အဲဒီဘက်ကနေဆွဲကြတာပေါ့။တို့ဘက်ကဈေးချလို့လည်းမရဘူး ချရင်လည်းဘာမှကျန်မှာမဟုတ်ဘူးအကုန်လုံး ရွှေက အိန္ဒိယဘက်ရောက်

သွားမယ်လို့ဆိုပါတယ်ရွှေဈေးနှုန်းမြင့်တက်မှုနဲ့အတူ ပြင်ပဒေါ်လာဈေးနှုန်းများမှာလည်းမြင့်တက်နေပြီးဗဟိုဘဏ်ထုတ်ပြန်ချက်အရ ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင်ကျပ်၁၇၈၆ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင်

မူတစ်ဒေါ်လာလျှင်ကျပ်၂၀၀၀ကျော်သို့ရောက်ရှိနေတယ်လို့ဆိုပါတယ်စက်သုံးဆီဈေးနှုန်းများမှာလည်းတရိပ်ရိပ်မြင့်တက်လျက်ရှိပြီးရန်ကုန်မြို့တွင်92တစ်လီတာလျှင်ကျပ်
၁၅၄၅95တစ်လီတာလျှင်၁၉၅၉ကျပ်သို့ရောက်ရှိနေပါ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

တယ်ယခုလိုစက်သုံးဆီဈေးအဆမတန်မြင့်တက်လာနေမှုကြောင့်အငှားယာဉ်မောင်းများအတွက်တွက်ချေမကိုက်တော့၍ယာဉ်ပိုင်ရှင်ထံအငှားယာဉ်များ ပြန်လည်အပ်နှံလာရတာတွေလည်းရှိလာနေပါတယ်။