ရွှေဝယ်သင့်သလားဆိုသူတွေအတွက်စေတနာဖြင့်လက်ရှိမှာ ကျွန်တော့်ကို ရွှေဝယ်သင့်သလားလို့မေးလာရင် မဝယ်သင့်ဘူးလို့ပြောရမယ်ဗျ။ကိုယ့်ငွေကို ရွှေထဲမှာရင်းနှီးမြှုပ်နှံမှုမလုပ်ခင်ကိုဘာတွေကိုအဓိကသိထားရမလဲဆိုတာအများကြီး

မှုတည်ပါတယ်အတော်များများကလက်ရှိပေါက်ဈေးမှာ ဈေးတက်တော့မယ်ဆိုပြီး ရွှေတွေလိုက်ဝယ်ကြတယ်သိပ်မကြာလိုက်ဘူး ဈေးကဝုန်းဆိုခုန်ဆင်းသွားရော ကြောက်ကြောက်နဲ့ကိုယ်ဝယ်ထားသမျှအရှုံးပေါ်တော့မယ်ဆိုပြီး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ထုတ်ရောင်းကြပြန်တယ်ကိုယ်စဝယ်တော့မယ်ဆိုဒီဈေးတန်းတွေက ဖောက်တက်နိုင်သလားမတက်နိုင်ဘူးလားဆိုတာ သေချာလေ့လာရမယ်အဲ့တာတွေကိုမလေ့လာပဲသူများဝယ်တိုင်းလိုက်မဝယ်ပါနဲ့လူကြီးမင်းတို့အရောင်းအဝယ်

လုပ်နေကြတာ၁၀၀၀၀ဖိုး၂၀၀၀၀ဖိုးမဟုတ်ဘူးဗျသိန်းကိုရာနဲ့ချီပြီးလုပ်ကိုင်ရတာမို့စေတနာနဲ့ ပြောပြတာပါလူအများစုအဖြစ်များလေ့ရှိတာကဟဲ့ရွှေဈေးတွေထိုးကျနေပြီတဲ့မရောင်းကြသေးဘူးလားပေါ့လူအများစုကြောက်စိတ်ဝင်ပြီး

ထုတ်ရောင်းနေတဲ့အချိန်ရောက်မှရွှေကိုဝယ်စုပါကျွန်တော်တို့အရောင်းအဝယ်စမလုပ်ခင်အကျိုးအမြတ်ဘယ်လောင်ရရင် ရောင်းမလဲဆိုတာကိုသပ်မှတ်ထားဖို့လိုပါမယ်လောဘကြီးရင်ကိုယ်ရသင့်သလောက်မရဘဲ ဖြစ်သွားတတ်ကြလို့ပါ

ဘဲရေတိုဝယ်စုနေကြသူတွေအတွက်တော့ပုံမှန်ဈေးအကျရောက်ပြီဆိုရင် ဝယ်စုပါမမှားပါဘူးဒီမှာတစ်ခုပြောချင်တာက ရွှေဈေးတွေတက်နေလို့ လောဘတက်ပြီးမိမိမှာရှိတဲ့ငွေတွေကိုဘဏ်ကထုတ်ပြီး ရွှေဝယ်လိုက်ချင်တယ်ဆိုတဲ့သူတွေ

အနေဖြင့်မလုပ်ပါနဲ့ခင်ဗျာဒါကလောင်းကစားဆန်သွားပြီရွှေကိုအမြင့်ဆုံးဈေးနဲ့ ဝယ်ထားမိရင် အခန့်မသင့်ရင်ရှုံးတတ်ပါတယ်ပြီးခဲ့တဲ့2021ခုနှစ်စက်တင်ဘာလပိုင်းက ဈေးအမြင့်ပိုင်း(၂၀,၂၂သိန်း ဈေး)မှာဝယ်ခဲ့တဲ့သူတွေကျွန်တော်

ကိုလာတိုင်ပင်ကြတယ်။ဈေးကြီးမိပြီးဝယ်မိသွားပြီပေါ့ရွှေဈေးတွေကလည်းတရိပ်ရိပ်ပြန်ကျနေပြီ နေ့တိုင်းအရှုံးပေါ်နေတယ်ဘာဆက်လုပ်သင့်လဲ လို့ အကြံတောင်းလာတဲ့သူတွေရှိခဲ့ပါတယ်။ ဈေးတွေဆက်ကျနေတဲ့အခါ

အရှုံးပေါ်လို့ညဘက်အိပ်မပျော်နိုင်တဲ့သူတွေရှိပါတယ်စိတ်ရှည်ရှည်ထားပြီး စောင့်ဖို့၊ ရွှေဈေးဟာရေရှည်မှအတက်ဘက်မှာပဲရှိနေပါတယ်လို့ပြောခဲ့ပါတယ်ရေတိုမှာ ရွှေဈေးတက်မလားကျမလား ပြောရခက်ပါတယ်တက်နိုင်သလို

ကျနိုင်ပါတယ်ဒီတော့ရှိသမျှငွေတွေကိုပုံအောပြီးရွှေဝယ်လိုက်တာမျိုးကိုရှောင်ပါငွေရှိရင်ဘာစီးပွားရေးမှမလုပ်ရဲသေးရင်ရွှေဒေါ်လာအိမ်ခြံမြေဘဏ်စသဖြင့်ခွဲပြီးစုထားပါရွှေဝယ်ချင်ရင်တောင်တစ်ရက်တည်းမှာတစ်ကြိမ်တည်းပုံအောပြီး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဝယ်လိုက်တာမျိုးကို ရှောင်ပါရွှေဈေးတွေ အေးနေတဲ့အချိန်မှာဝယ်ဖို့သတိပြုပါအားလုံးကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာကြပါစေခငျဗျာVia;TunZawOo မြန်မာ့ရွှေ၊ကမ္ဘာ့ရွှေအကြံပေး