ယိုးဒယားသေဘၤာသီးေထာင္း (ဆြမ့္တမ္)ပင္လယ္စာနဲ ့ဂဏန္းၾကိဳက္သူေတြအတြက္အရမ္းကိုအရသာရွိတဲ့သေဘၤာသီး ေထာင္းပါ။ဂဏန္းအစိမ္းထည့္ရင္ ပုဇြန္အစိမ္းသုတ္လိုအရသာပါ။

ဂဏန္းလက္မသေဘၤာသီးေထာင္း၁ပြဲစာ(ဆြမ့္တမ္ပူမ)ပါ၀င္ပစၥည္းမ်ားသေဘၤာသီး ျခစ္လက္တဆုပ္စာခန္႔မုန္လာဥနီျခစ္သေဘၤာသီး ျခစ္ရဲ ့ငါးပံုတစ္ပံုခန္ ့ဂဏန္း အေကာင္ၾကီးၾကီး၁ ေကာင္ပဲေတာင့္ရွည္၁ ေတာင့္ခရမ္းခ်ဥ္သီး၁လုံးသံပုရာသီး

၁လံုးထန္းလ်က္ခဲ၂ခဲပုဇြန္ေျခာက္၁ ဇြန္း(ထမင္းစားဇြန္း)ေျမပဲဆားေလွာ္၁ဇြန္း(ထမင္းစားဇြန္း)ငရုတ္စိမ္းေတာင့္ ႏွင့္ အနီေတာင့္၃ ေတာင့္ (မိမိႏွစ္သက္သလို)ၾကက္သြန္ျဖဴ ၂ တက္ (အခြံမခြ်တ္ရေသးတာပိုေမႊးပါတယ္)ျပဳလုုပ္နည္း

ဂဏန္း တစ္ေကာင္ကို ေရ ေသခ်ာေဆး ျပဳတ္ျပီး စားလို ့အဆင္ေျပရံု ထုေထာင္းထားပါ။အစိမ္း ၾကိဳက္တတ္ရင္ ျပဳတ္စရာမလိုပါ။ ဂဏန္းက လတ္ဆတ္ဖို ့ေတာ့လိုပါတယ္။သေဘၤာသီးကို ျခစ္ထားပါ။

ကြ်တ္ကြ်တ္ေလးနဲ ့ေတာင့္ေတာင့္ေလး စားခ်င္ရင္ေတာ့ စိတ္ရွည္ရွည္နဲ ့အမွ်င္ ေသးေသးေလးျဖစ္ေအာင္ လွီးထားပါ။သေဘၤာသီးမွ်င္ေတြကို ေရခဲေရစိမ္ထားသို ့မဟုတ္ ေရခဲေသတၲာထဲ၁နာရီေလာက္ထည္႕ထားပါ။

ပြဲျပင္ဆင္ေတာ့မယ္ဆိုငရုတ္ဆုံထဲထမ္းလ်က္ခဲေတြေၾကေအာင္အရင္ေထာင္းပါ။ ျပီးေနာက္ဖယ္ထားပါ။ေနာက္ ၾကက္သြန္ျဖဴ၊ ငရုတ္သီးစိမ္းႏွင့္ အနီေတာင့္ေတြကိုမညက္တညက္ေလး ေထာင္းထားပါ။သံပုရာသီးကိုအူတိုင္ထုတ္၊

၃ စိတ္လွီးၿပီး အရည္ေရာ သံပုရာသီး အခြံေတြပါ ထည့္ေထာင္းပါ။ ခုနက ဖယ္ထားတဲ့ ထန္းလ်က္ခဲအေၾကေတြထည့္ပါ။ ဂဏန္းေတြကို ထည့္ပါ။ သံပရာရည္နဲ ့သမေအာင္ေမြေပးျခင္းျဖင့္အသားေတြက်က္ပါလိမ့္မယ္။

ပဲေတာင့္ရွည္ကိုလက္တဆစ္ခန္႔ ဖဲ့ေႁခြ၊ခရမ္းခ်ဥ္သီးကို ခပ္ၾကမ္းၾကမ္းလွီးထည့္ပါ။ပုဇြန္ေျခာက္ထည့္ပါ။လက္ တဘက္က ဇြန္းကိုင္၊ တဘက္က က်ည္ေပြ႔ကိုင္ၿပီး အားလုံးကို ေထာင္းရုံျပဳ (ပြတ္ေခ်) ေပးပါ။

ေနာက္ဆုံး ျခစ္ထားတဲ့သေဘၤာသီးၚနဲ ့မုန္လာဥနီေတြ ထည့္ၿပီး သမသြားေအာင္ ပြတ္ေခ် ေပးပါ။နုုံ ့ျပီဆို ျမည္းၾကည့္ပါ။ အေပါ့အ ငံလိုခ်င္တဲ ့အတိုင္း ဆား၊ ငါးငံျပာရည္၊ အခ်ိဳမွုန္ ့ႏွစ္သက္ရာထည့္ပါ။

ေနာက္ဆံုးမွာ ေျမပဲဆားေလွာ္အခြံခြ်တ္ထားတာေလးေတြ ျဖဴးထည့္ပါ။ေရခဲစိမ္ထားတဲ့ကန္စြန္း ရိုးနီ၊ပဲေတာင့္ရွည္၊ ေဂၚဖီထုပ္လတ္လတ္ဆတ္ဆတ္ ေလးေတြနဲ႔ တြဲဖက္စားသုံးၾကည့္ရင္အရသာထူးတဲ့ဂဏန္းသေဘၤာသီး ေထာင္းစစ္စစ္ကို

စားနိုုင္ပါျပီ။ (ထုိင္းလူမ်ိဳးေတြက သေဘၤာသီးေထာင္းကို ေကာက္ညႇင္းေပါင္း၊ ၾကက္ကင္ (သို႔) ၾကက္ေၾကာ္တို႔နဲ႔ တြဲဖက္ စားသုံးေလ့ ရိွၾကပါတယ္။)ပင္လယ္စာန႔ဲလည္းေထာင္းလို႔ရသလို ႐ို႐ိုးလည္းေထာင္းစားၾကပါတယ္#ခရစ္တစ္ပါ

ယိုးဒယားသင်္ဘောသီးထောင်း (ဆွမ့်တမ်)ပင်လယ်စာနဲ့ဂဏန်းကြိုက်သူတွေအတွက်အရမ်းကိုအရသာရှိတဲ့သင်္ဘောသီး ထောင်းပါ။ဂဏန်းအစိမ်းထည့်ရင် ပုဇွန်အစိမ်းသုတ်လိုအရသာပါ။

ဂဏန်းလက်မသင်္ဘောသီးထောင်း၁ပွဲစာ(ဆွမ့်တမ်ပူမ)ပါဝင်ပစ္စည်းများသင်္ဘောသီး ခြစ်လက်တဆုပ်စာခန့်မုန်လာဥနီခြစ်သင်္ဘောသီး ခြစ်ရဲ့ငါးပုံတစ်ပုံခန့်ဂဏန်း အကောင်ကြီးကြီး၁ ကောင်ပဲတောင့်ရှည်၁ တောင့်ခရမ်းချဉ်သီး၁လုံးသံပုရာသီး

၁လုံးထန်းလျက်ခဲ၂ခဲပုဇွန်ခြောက်၁ ဇွန်း(ထမင်းစားဇွန်း)မြေပဲဆားလှော်- ၁ ဇွန်း(ထမင်းစားဇွန်း)ငရုတ်စိမ်းတောင့် နှင့် အနီတောင့်၃ တောင့် (မိမိနှစ်သက်သလို)ကြက်သွန်ဖြူ ၂ တက် (အခွံမချွတ်ရသေးတာပိုမွှေးပါတယ်)ပြုလုပ်နည်း

ဂဏန်း တစ်ကောင်ကို ရေ သေချာဆေး ပြုတ်ပြီး စားလို့အဆင်ပြေရုံ ထုထောင်းထားပါ။အစိမ်း ကြိုက်တတ်ရင် ပြုတ်စရာမလိုပါ။ ဂဏန်းက လတ်ဆတ်ဖို့တော့လိုပါတယ်။သင်္ဘောသီးကို ခြစ်ထားပါ။

ကျွတ်ကျွတ်လေးနဲ့တောင့်တောင့်လေး စားချင်ရင်တော့ စိတ်ရှည်ရှည်နဲ့အမျှင် သေးသေးလေးဖြစ်အောင် လှီးထားပါ။သင်္ဘောသီးမျှင်တွေကို ရေခဲရေစိမ်ထားသို့မဟုတ် ရေခဲသေတ္တာထဲ၁နာရီလောက်ထည့်ထားပါ။

ပွဲပြင်ဆင်တော့မယ်ဆိုငရုတ်ဆုံထဲထမ်းလျက်ခဲတွေကြေအောင်အရင်ထောင်းပါ။ ပြီးနောက်ဖယ်ထားပါ။နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် အနီတောင့်တွေကိုမညက်တညက်လေး ထောင်းထားပါ။သံပုရာသီးကိုအူတိုင်ထုတ်၊

၃ စိတ်လှီးပြီး အရည်ရော သံပုရာသီး အခွံတွေပါ ထည့်ထောင်းပါ။ ခုနက ဖယ်ထားတဲ့ ထန်းလျက်ခဲအကြေတွေထည့်ပါ။ ဂဏန်းတွေကို ထည့်ပါ။ သံပရာရည်နဲ့သမအောင်မွေပေးခြင်းဖြင့်အသားတွေကျက်ပါလိမ့်မယ်။

ပဲတောင့်ရှည်ကိုလက်တဆစ်ခန့် ဖဲ့ခြွေ၊ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးထည့်ပါ။ပုဇွန်ခြောက်ထည့်ပါ။လက် တဘက်က ဇွန်းကိုင်၊ တဘက်က ကျည်ပွေ့ကိုင်ပြီး အားလုံးကို ထောင်းရုံပြု (ပွတ်ချေ) ပေးပါ။

နောက်ဆုံး ခြစ်ထားတဲ့သင်္ဘောသီးါ်နဲ့မုန်လာဥနီတွေ ထည့်ပြီး သမသွားအောင် ပွတ်ချေ ပေးပါ။နုံ့ပြီဆို မြည်းကြည့်ပါ။ အပေါ့အ ငံလိုချင်တဲ့အတိုင်း ဆား၊ ငါးငံပြာရည်၊ အချိုမှုန့်နှစ်သက်ရာထည့်ပါ။

နောက်ဆုံးမှာ မြေပဲဆားလှော်အခွံချွတ်ထားတာလေးတွေ ဖြူးထည့်ပါ။ရေခဲစိမ်ထားတဲ့ကန်စွန်း ရိုးနီ၊ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ်လတ်လတ်ဆတ်ဆတ် လေးတွေနဲ့ တွဲဖက်စားသုံးကြည့်ရင်အရသာထူးတဲ့ဂဏန်းသင်္ဘောသီး ထောင်းစစ်စစ်ကို

စားနိုင်ပါပြီ။ (ထိုင်းလူမျိုးတွေက သင်္ဘောသီးထောင်းကို ကောက်ညှင်းပေါင်း၊ ကြက်ကင် (သို့) ကြက်ကြော်တို့နဲ့ တွဲဖက် စားသုံးလေ့ ရှိကြပါတယ်။)ပင်လယ်စာနဲ့လည်းထောင်းလို့ရသလို ရိုရိုးလည်းထောင်းစားကြပါတယ်#ခရစ်တစ်ပါ

LEAVE A REPLY

Please enter your comment!
Please enter your name here