ယေန႔ ဇြဲကပင္ေတာင္ေပၚလူ(၂)ဦး ေသဆုံးမႈသတင္းအျပည္႔အစုံဇြဲကပင္ေတာင္ေပၚ ေကဘယ္ကားတပ္ဆင္ျခင္းျပဳလုပ္
ရာတြင္အလုပ္လုပ္ေနေသာအလုပ္သမားလင္မယားႏွစ္ေယာက္သည္
လြန္ခဲ့ေသာ ၾကာသပေတးေန႔ညကဇြဲကပင္ေတာင္ေပၚတြင္လၽွပ္စီးလက္မိုးႀကိဳးပစ္၍လၽွပ္စစ္မီးပ်က္သြားၿပီမိမိတို့ေနထိုင္ေသာအခန္းမီးလင္းနိုင္ရန္အတြက္အခန္းအတြင္းရွိမီးစက္ႀကီးကိုနိုးကာလၽွပ္စစ္မီးမ်ားတပ္ဆင္ရာမွလင္မယား၂ေယာက္ႏွင့္
အခန္းအတြင္းရွိေခြးတစ္ေကာင္ပါဓာတ္လိုက္ၿပီး ေသဆုံးသြားၾကပါသည္။အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားကေတာင္ေပၚသို႔ တက္ေရာက္စစ္ေဆးရာအခန္းအတြင္းသံမံတလင္းအစိုဓာတ္ႏွင့္မီးႀကိဳးစျဖင့္ထိေနသည္ကိုေတြ႕ရွိသည္။
ထိုလင္မယား၂ ေယာက္သည္ အခန္းအားပိတ္ထား၍ အျပင္မွလူမ်ားကမျမင္ရေပ။ေခြးေသေကာင္မွ ပုတ္နံထြက္လာသျဖင့္ ဇြဲကပင္ေတာင္ေပၚလုပ္အားဒါနျပဳအဖြဲ႕ (တစ္ဘက္ ၅၀၀ အဖြဲ႕)မွ ၂၆-၇-၂၀၂၀ေန႔ နံနက္ေတာင္ေပၚသို႔
တက္လာစဥ္ေတာင္ေပၚရွိတာဝန္ရွိသံဃာတစ္ပါးအားေလၽွာက္တင္၍ နံေနေသာအနံ့အားရွာေဖြၾကရာ အခန္းအတြင္း လင္မယား၂ေယာက္ ႏွင့္ ေခြးတစ္ေကာင္ပါေသဆုံးေနေၾကာင္း ေတြ႕ရွိရပါသည္။
(ေသဆုံးသူအမ်ိဳးသမီးမွာကိုယ္ဝန္၅လရွိၿပီ ေခြးေသအားေတာင္ေပၚတစ္ေနရာတြင္ ျမႇပ္ႏွံေပးလိုက္ပါသည္။)အေလာင္းအား ေတာင္ေပၚမွ ေတာင္ေအာက္အထိေရာက္ေအာင္ဝိုင္းဝန္းကူညီသယ္ဆင္းေပးၾကေသာ
ဘားအံၿမိဳ့နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အရပ္ဖက္လူမွုကူညီေရးအသင္းအဖြဲ႕မ်ား လူမွုကယ္ဆယ္ေရးအဖြဲ႕အစည္းမ်ား ဝိုင္းဝန္းကူညီေပးခဲ့ၾကသူ တစ္ဦးတစ္ေယာက္ခ်င္းစီကိုက်န္ရစ္သူမိသားစုမ်ားကိုယ္စား ေက်းဇူးအထူးပင္တင္ရွိပါသည္။
စားစရာ အခ်ိဳရည္ႏွင့္ ေရသန္႔မ်ားအားလွူဒါန္းေပးေသာ ေစတနာရွင္မ်ားကိုလည္းေက်းဇူးတင္ရွိပါသည္။#Creditသတင္းဓါတ္ပုံ-မိုးထက္ျမင္႔
ယနေ့ ဇွဲကပင်တောင်ပေါ်လူ(၂)ဦး သေဆုံးမှုသတင်းအပြည့်အစုံဇွဲကပင်တောင်ပေါ် ကေဘယ်ကားတပ်ဆင်ခြင်းပြုလုပ်ရာတွင်အလုပ်လုပ်နေသောအလုပ်သမားလင်မယားနှစ်ယောက်သည်
လွန်ခဲ့သော ကြာသပတေးနေ့ညကဇွဲကပင်တောင်ပေါ်တွင်လျှပ်စီးလက်မိုးကြိုးပစ်၍လျှပ်စစ်မီးပျက်သွားပြီမိမိတို့နေထိုင်သောအခန်းမီးလင်းနိုင်ရန်အတွက်အခန်းအတွင်းရှိမီးစက်ကြီးကိုနိုးကာလျှပ်စစ်မီးများတပ်ဆင်ရလင်မယား၂ယောက်နှင့်
အခန်းအတွင်းရှိခွေးတစ်ကောင်ပါဓာတ်လိုက်ပြီး သေဆုံးသွားကြပါသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကတောင်ပေါ်သို့ တက်ရောက်စစ်ဆေးရာအခန်းအတွင်းသံမံတလင်းအစိုဓာတ်နှင့်မီးကြိုးစဖြင့်ထိနေသည်ကိုတွေ့ရှိသည်။
ထိုလင်မယား၂ ယောက်သည် အခန်းအားပိတ်ထား၍ အပြင်မှလူများကမမြင်ရပေ။ခွေးသေကောင်မှ ပုတ်နံထွက်လာသဖြင့် ဇွဲကပင်တောင်ပေါ်လုပ်အားဒါနပြုအဖွဲ့ (တစ်ဘက် ၅၀၀ အဖွဲ့)မှ ၂၆-၇-၂၀၂၀နေ့ နံနက်တောင်ပေါ်သို့
တက်လာစဉ်တောင်ပေါ်ရှိတာဝန်ရှိသံဃာတစ်ပါးအားလျှောက်တင်၍ နံနေသောအနံ့အားရှာဖွေကြရာ အခန်းအတွင်း လင်မယား၂ယောက် နှင့် ခွေးတစ်ကောင်ပါသေဆုံးနေကြောင်း တွေ့ရှိရပါသည်။
(သေဆုံးသူအမျိုးသမီးမှာကိုယ်ဝန်၅လရှိပြီ ခွေးသေအားတောင်ပေါ်တစ်နေရာတွင် မြှပ်နှံပေးလိုက်ပါသည်။)အလောင်းအား တောင်ပေါ်မှ တောင်အောက်အထိရောက်အောင်ဝိုင်းဝန်းကူညီသယ်ဆင်းပေးကြသော
ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီကိုကျန်ရစ်သူမိသားစုများကိုယ်စား ကျေးဇူးအထူးပင်တင်ရှိပါသည်။
စားစရာ အချိုရည်နှင့် ရေသန့်များအားလှူဒါန်းပေးသော စေတနာရှင်များကိုလည်းကျေးဇူးတင်ရှိပါသည်။#Creditသတင်းဓါတ်ပုံ-မိုးထက်မြင့်