သားသမီး မွေးနေ့ကို မသိတဲ့သူသားသမီးတက်နေတဲ့အတန်းကိုမသိတဲ့သူသားသမီးကဘာကြိုက်တတ်လဲမသိတဲ့သူသားသမီးကိုနားဝင်အောင်ဘယ်လိုဆုံးမရမလဲမသိတဲ့သူသားသမီးအနာဂတ်အတွက်ဘာအစီအစဉ်မှမရှိတဲ့သူဘယ်သူလို့
ထင်ပါသလဲကလေးတွေအတွက်အဖေလို့နေရာယူထားတဲ့တစ်ချို့သောသူတွေပေါ့ရှင်အိမ်ထောင်မကျသေးတဲ့မိန်းကလေးတွေကအိမ်ထောင်ဖက်ကကိုယ့်ကိုချစ်နေရင်ပြီးရောထင်တတ်ကြတယ်အိမ်ထောင်ကျနေတဲ့မိန်းမတွေကတော
အိမ်ထောင်ဖက်က စီးပွားရေး အဆင်ပြေရင် ပြီးရောထင်တတ်ကြတယ်သားသမီးတွေရှိနေတဲ့ မိသားစုတွေမှာတောအဖေ နေရာ ရှိနေရင်ပြီးရော လက်ခံထားကြပြန်ပါတယ်အဖေတော့ အဖေပါပဲရှိလည်းမထူးမရှိလည်းမထူးတဲ့
အဖေမျိုးလည်းရှိပါတယ်ဆိုတာကိုတော့မေ့နေတတ်ကြတယ်။အဲဒီလိုဘာမှမသိတဲ့သူတွေဆီကသားသမီးနဲ့ ပတ်သက်လာရင်မင်းက အသုံးမကျတဲ့မိန်းမမင်းအသုံးမကျလို့ ဒီလို ဖြစ်တာလို့ပြောထွက်ရဲတဲ့ပါးစပ်ကြီးပါရှိနေရင်တော့
ဒီမိန်းမဘ၀မှာဒေါသနဲ့ပဲနေ့စဉ်ဖြတ်သန်းနေရတော့မယ်ပေါ့ရှင်ကလေးတယောက်ကို ဗိုက်ထဲမှာ ထည့်မွေးလိုက်လို့ဒီကလေးနဲ့ပတ်သက်လာရင်မိခင်ဖြစ်သူမှာသာ၁၀၀ရာခိုင်နှုန်း တာဝန်ရှိတယ်လို့အတ္တကြီးတဲ့ပတ်ဝန်းကျင်မျိုးကလက်
ယခံထားတတ်ကြပါတယ်ငွေရှာပေးနေတာပဲမျက်နှာထားနဲ့သားသမီးနဲ့ ပတ်သက်လို့ဘာဆိုဘာမှမသိတဲ့ဖခင်မျိုးဟာဒီမိသားစုထဲမှာအသုံးမ၀င်ပါဘူးလို့အမျိုးသမီးထု ကိုယ်စားပြောပြချင်မိပါတယ်ဘာဖြစ်လို့လဲသိလားသားသမီးဆို
တာဂရုစိုက်မှု နဲ့ချစ်ခြင်းမေတ္တာ ရေလောင်းပေါင်းသင်မှပျိုးပင်မှန်ပြီးရှင်သန်ကြီးထွားခွင့်ရတဲ့ လူသားတွေမို့လို့ပါသူတို့ဘ၀မှာငါ့အဖေလို့တွေးလိုက်တာနဲ့အိမ်မှာထိုင်ပြီးသူကြိုက်တာလုပ်နေတဲ့သူတချိန်လုံးမျက်နှာသုန်မှုန်ပြီးအော်ဟစ်
ငေါက်ငမ်းနေတဲ့သူအမေကိုတချိန်လုံးဆူပူအပြစ်တင်နေတဲ့ ယောကျားကြီး လို့ယူဆမိမယ့်အစားငါ့ဘ၀ကိုလုံခြုံမှုပေးမယ့်သူငါ့ကိုအချစ်ဆုံးယောကျားငါ့အတွက်အရှေ့ကရပ်တည် ကာကွယ်ပေးမယ့်သူငါ့ရဲ့စံပြဆိုတာမျိုးပဲဖြစ်နေသင့်ပါတယ်
သားတို့သမီးတို့ ဖေဖေကြောင့် မေမေတို့ဒီလိုနေနိုင်စားနိုင်တာဆိုတာအပြင်သူငွေရှာနေတော့သူ့ကို ကြောက်ရမယ်ဆိုတာကိုတော့ နုနယ်တဲ့သားသမီးတွေလက်ခံနိုင်ဖို့ခဲယဉ်းလှပါတယ်အချိန်မရှိလို့ပါဆိုတဲ့ဆင်ခြေနောက်မှာသားသမီးလေး
လူ့လောကကို ရောက်လာတဲ့ နေ့ကို မေ့ပစ်ရမယ်လို့မပါပါဘူးအလုပ်တွေများလို့ပါဆိုတဲ့ဆင်ခြေနောက်မှာငါ့သားသမီးလေးတွေကြိုက်တတ်တဲ့အရာကိုမလေ့လာလည်းရတယ်ဆိုတာမဖြစ်နိုင်ပါဘူးစိတ်ရှုတ်နေလို့ပါဆိုတဲ့ဆင်ခြေနောက်မှာ
အိမ်ကမိသားစုအပေါ်အပြစ်ရှာဆူပူနေဖို့မလိုအပ်ပါဘူးတကယ်လို့ပေါ့လေမိန်းမတယောက်ဘ၀မှာဒီလိုယောကျားတယောက်ကိုသားသမီးတို့ရဲ့ဖခင်နေရာမှာ ထားထားမိတယ်ဆိုရင်တော့သူ့အပေါ်၁၀၀ရာခိုင်နှုန်းမှီခိုနေမယ့်အစားကိုယ့်ရဲ့
စားဝတ်နေရေးကိုဖန်တီးနိုင်မယ့်လမ်းစတစ်ခုစစဉ်းစားထားလိုက်ပါတော့လို့ ကျွန်မတိုက်တွန်းမယ်ပတ်ဝန်းကျင်ကတော့ဒီလိုလူကိုမိသားစုဘဝမပြိုကွဲရေးအတွက်အိမ်မှာရှိနေဖို့လိုအပ်တယ်လို့
လက်ခံထားကြတယ်အိမ်ရှင်မအတွက်ကတော့ဒီလိုလူကြောင့်ကိုယ့်အနာဂတ်မပြိုလဲဖို့ကိုယ့်လမ်းကိုယ်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ကျွန်မအကြံပေးလိုက်ပါ့မယ်ခရစ်တစ်