ရက္ကိုးဆယ္အတြင္းလာဘ္႐ႊင္ေစေသာနည္းလုပ္အားေၾကာင့္ေငြဝင္တာရယ္၊ကိုယ့္လုပ္ငန္းကပုံမွန္ဝင္ေငြေကာင္းေနတာရယ္၊အေရာင္းအဝယ္ကိစၥမ်ားေအာင္ျမင္လို႔ေငြဝင္တာေတြကိုလူေတြကသိပ္ၿပီးမေရာင့္ရဲမတင္းတိမ္ႏိုင္ၾကဘူး။
မ်ားေသာအားျဖင့္ကံတရားေၾကာင့္ေငြအစုလိုက္အၿပဳံလိုက္ဝင္တာကိုလည္းလိုလားေတာင့္တာၾကတယ္။ ဥပမာအားျဖင့္ အခြင့္အေရးေကာင္းႀကဳံလို႔ ျဖစ္ေစ၊ထီေပါက္ခ်ဲေပါက္ေကာက္ရလို႔ျဖစ္ေစဒါမွမဟုတ္လုံးဝျပန္မရႏိုင္ေတာ့ဘူးလို႔ထင္ထား
တဲ့ေငြေတြပန္ဝင္လာျခင္းေၾကာင့္ျဖစ္ေစအဲဒီလိုဝင္လာတဲ့ေငြေၾကးေတြကို ကြၽန္တာ္အပါအဝင္လူသားတိုင္းကိေမွ်ာ္လင့္ၾကတယ္။ဒါေၾကာင့္ ကြၽန္ေတာ္တိုေဗဒင္ေဟာခန္းကိုေရာက္လာတဲ့လူတိုင္းကေမးတတ္ၾကတယ္။
ေငြအစုလိုက္အၿပဳံလိုက္ဝင္ကိန္းရွိလားတို႔၊ထီေပါက္ကိန္းခ်ဲေပါက္ကိန္းျမင္လားတို႔ေပါ့။ေနာက္ဘယ္လိုယၾတာေတြအေဆာင္ေတြလုပ္ရင္ေငြေၾကးလာဘ္လာဘေတြ ပြင့္လန္းႏိုင္င္သလဲစသည္ျဖင့္ေမးတတ္ၾကတယ္။
လုပ္ရမွာကေတာ့လြယ္ပါတယ္။ေအာက္မွာဇယားေလးတစ္ခုေဖာ္ျပေပးလိုက္ပါတယ္။မိမိေန႔သားအလိုက္တစ္ပတ္လွ်င္တစ္ႀကိမ္ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။အခ်ိန္ေတြေန႔ေတြေတာ့တိတိက်က်လိုက္နာေဆာင္႐ြက္ဖို႔လိုပါတယ္။
အရမ္းလြယ္လို႔အဆင္ေျပပါ့မလားလို႔ေတာ့မေတြးေစခ်င္ပါဘူးလုပ္ၾကည့္ပါေရွ႕ဘုန္းေရွ႕ကံအရဝင္ေငြနည္းျခင္း၊ဝင္ေငြမ်ားျခင္းသာ ကြာျခားတာပါ။ေအာင္ျမင္တဲ့လူေတြမ်ားပါတယ္။ရက္ေပါင္းကိုးဆယ္အတြင္း ထူးျခားပါတယ္။
ကိုယ္ပိုင္လုပ္ငန္းရွိတဲ့လူေတြကလည္းအဲဒီယၾတာကိုေဆာင္႐ြက္တဲ့အတြက္ပိုၿပီးေတာ့ဝင္ေငြတိုးပြာျခင္းႏွင့္အဆင္ေျပေစပါတယ္။ လုပ္ရမွာက မိမိေန႔အလိုက္ဆန္သုံးဆုပ္ႀကဲပက္ကာၾကက္ငွက္သတၱဝတို႔အား ေကြၽးေမြးဆုေတာင္းပါ။
ဥပမာ တနလၤာသားျဖစ္ေသာကြၽန္ေတာ္ကဗုဒၶဟူးေန႔နံက္(၆း၄၅) မိနစ္မွာေရမိုးခ်ိဳးကိုယ္လက္သန႔္စင္ၿပီး ေျမေျပာင္ေျပာင္မွာအေနာက္အရပ္ကိုမ်က္ႏွာမူၿပီးဆန္သုံးဆုပ္ႀကဲပက္ကာၾကက္တို႔ငွက္တို႔အစရွိေသာသတၱဝါမ်ားကို ေကြၽးေမြးရင္း
ဆုေတာင္းရမွာပါ။ကြၽန္ေတာ္ကေတာ့တစ္ပါတ္တစ္ႀကိမ္လုပ္ေနၾကေပါ့။အဆင္ေျပမွန္းေကာင္းေကာင္းသိေနၿပီေလမိတ္ေဆြတို႔လည္း လုပ္ၾကည့္ပါလား။ဇယားေပးထားပါသည္။ခရက္ဒစ္
ရက်ကိုးဆယ်အတွင်းလာဘ်ရွှင်စေသောနည်းလုပ်အားကြောင့်ငွေဝင်တာရယ်၊ကိုယ့်လုပ်ငန်းကပုံမှန်ဝင်ငွေကောင်းနေတာရယ်၊အရောင်းအဝယ်ကိစ္စများအောင်မြင်လို့ငွေဝင်တာတွေကိုလူတွေကသိပ်ပြီးမရောင့်ရဲမတင်းတိမ်နိုင်ကြဘူး။
များသောအားဖြင့်ကံတရားကြောင့်ငွေအစုလိုက်အပြုံလိုက်ဝင်တာကိုလည်းလိုလားတောင့်တာကြတယ်။ ဥပမာအားဖြင့် အခွင့်အရေးကောင်းကြုံလို့ ဖြစ်စေ၊ထီပေါက်ချဲပေါက်ကောက်ရလို့ဖြစ်စေဒါမှမဟုတ်လုံးဝပြန်မရနိုင်တော့ဘူးလို့ထင်ထား
တဲ့ငွေတွေပန်ဝင်လာခြင်းကြောင့်ဖြစ်စေအဲဒီလိုဝင်လာတဲ့ငွေကြေးတွေကို ကျွန်တာ်အပါအဝင်လူသားတိုင်းကိမျှော်လင့်ကြတယ်။ဒါကြောင့် ကျွန်တော်တိုဗေဒင်ဟောခန်းကိုရောက်လာတဲ့လူတိုင်းကမေးတတ်ကြတယ်။
ငွေအစုလိုက်အပြုံလိုက်ဝင်ကိန်းရှိလားတို့၊ထီပေါက်ကိန်းချဲပေါက်ကိန်းမြင်လားတို့ပေါ့။နောက်ဘယ်လိုယတြာတွေအဆောင်တွေလုပ်ရင်ငွေကြေးလာဘ်လာဘတွေ ပွင့်လန်းနိုင်င်သလဲစသည်ဖြင့်မေးတတ်ကြတယ်။
လုပ်ရမှာကတော့လွယ်ပါတယ်။အောက်မှာဇယားလေးတစ်ခုဖော်ပြပေးလိုက်ပါတယ်။မိမိနေ့သားအလိုက်တစ်ပတ်လျှင်တစ်ကြိမ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။အချိန်တွေနေ့တွေတော့တိတိကျကျလိုက်နာဆောင်ရွက်ဖို့လိုပါတယ်။
အရမ်းလွယ်လို့အဆင်ပြေပါ့မလားလို့တော့မတွေးစေချင်ပါဘူးလုပ်ကြည့်ပါရှေ့ဘုန်းရှေ့ကံအရဝင်ငွေနည်းခြင်း၊ဝင်ငွေများခြင်းသာ ကွာခြားတာပါ။အောင်မြင်တဲ့လူတွေများပါတယ်။ရက်ပေါင်းကိုးဆယ်အတွင်း ထူးခြားပါတယ်။
ကိုယ်ပိုင်လုပ်ငန်းရှိတဲ့လူတွေကလည်းအဲဒီယတြာကိုဆောင်ရွက်တဲ့အတွက်ပိုပြီးတော့ဝင်ငွေတိုးပွာခြင်းနှင့်အဆင်ပြေစေပါတယ်။ လုပ်ရမှာက မိမိနေ့အလိုက်ဆန်သုံးဆုပ်ကြဲပက်ကာကြက်ငှက်သတ္တဝတို့အား ကျွေးမွေးဆုတောင်းပါ။
ဥပမာ တနင်္လာသားဖြစ်သောကျွန်တော်ကဗုဒ္ဓဟူးနေ့နံက်(၆း၄၅) မိနစ်မှာရေမိုးချိုးကိုယ်လက်သန့်စင်ပြီး မြေပြောင်ပြောင်မှာအနောက်အရပ်ကိုမျက်နှာမူပြီးဆန်သုံးဆုပ်ကြဲပက်ကာကြက်တို့ငှက်တို့အစရှိသောသတ္တဝါများကို ကျွေးမွေးရင်း
ဆုတောင်းရမှာပါ။ကျွန်တော်ကတော့တစ်ပါတ်တစ်ကြိမ်လုပ်နေကြပေါ့။အဆင်ပြေမှန်းကောင်းကောင်းသိနေပြီလေမိတ်ဆွေတို့လည်း လုပ်ကြည့်ပါလား။ဇယားပေးထားပါသည်။ခရက်ဒစ်