စားအုန်းဆီတင်သွင်းသူများတစ်ဒေါ်လာ(၂,၄၀၃)ကျပ်ဖြင့် ဒေါ်လာဝယ်ယူရန်သတ်မှတ်ပေးသော်လည်း ဈေးကွက်တွင်ဆီတစ်ပိဿာကျပ်၇၀၀၀ ကျော်ဝန်းကျင်ဖြင့်ရောင်းချနေပြည်တွင်းရှိစားသုံးဆီတင်သွင်းသူများအနေဖြင့်ပြင်ပ
ပေါက်ဈေး၃၀၀၀ကျပ်ဝန်းကျင်ဖြစ်နေသည့် ဒေါ်လာဈေးနှုန်းကို၂၄၀၀ဝန်းကျင်ဖြင့်သာလဲလှယ်ကြရန်စီးပွားကူးသန်းဝန်ကြီးဌာနကရည်ညွှန်းသတ်မှတ်ပေးထားကြောင်းသိရသည်စားသုံးဆီတင်သွင်းသူများအတွက်ရည်ညွှန်းငွေ
လဲနှုန်းကိုဝန်ကြီးဌာနကရည်ညွှန်းသတ်မှတ်ပေးလျက်ရှိရာလတ်တလောပြင်ပပေါက်ဈေးထက်၆၀၀ကျပ်ဝန်းကျင် လျော့နည်းသည့် ဈေးနှုန်းဖြင့် ဒေါ်လာဝယ်ယူခွင့် ပြုထားခြင်း ဖြစ်သည်တရိပ်ရိပ်ဖြင့်အမြင့်ဈေးသို့ ရောက်လာသည့်
ပြည်တွင်းစားသုံးဆီ ဈေးနှုန်းကိုထိန်းညှိရန်စီးပွားကူးသန်းဝန်ကြီးဌာနကကြိုးစားခြင်းဖြစ်နိုင်ပြီးယင်လုပ်ဆောင်ချက်သည်မြေပြင်ရှိစားသုံးဆီဈေးကွက်သို့တိုက်ရိုက်အကျိုးသက်ရောက်မှုနည်းပါးနိုင်သော်လည်းအတိုင်းအတာတစ်ခုအထိ
ဈေးနှုန်းပြန်လည်ကျဆင်းလာနိုင်မည်ဟုခန့်မှန်းနိုင်ကြောင်းဆီလုပ်ငန်းရှင်အချို့ကသုံးသပ်ကြသည်အဓိကတော့ ဈေးချချင်တာနေမှာပေါ့နော်ဒါပေမဲ့မြေပြင်ကိုတိုက်ရိုက်သက်ရောက်လားဆိုတော့မဟုတ်ဘူးပြည်ပကဆီတင်တဲ့သူတွေကို
ဒေါ်လာဈေးလျှော့ ပေးပေမယ့်လည်း မြေပြင်မှာတဆင့် ပြန်ဝယ်ပြီး ရောင်းတဲ့သူတွေက ထွေထွေထူးထူးအကျိုးခံစားရမှုမရှိဘူးလေ။စရိတ်အပါ အကုန်လုံးက ဈေးမြင့်နေတာဒီတော့ မြေပြင်မှာကဒုံရင်းကဒုံရင်းပဲမရမကလိုက်ချရင်သာ
နည်းနည်းအကျပြတာဒါပေမဲ့မကျဘူးလားဆိုတော့လည်းကျတော့ကျနိုင်တယ်အတိုင်းအတာတစ်ခုအထိတော့ကျမှာပေါ့ဟုရန်ကုန်ဈေးကွက်အတွင်းရှိစားအုန်းဆီအရောင်းအဝယ်ပြုလုပ်သည့်လက်လီလက်ကားဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်
စီးပွားကူးသန်းဝန်ကြီးဌာနမှသတ်မှတ်ပေးထားသည့်အဆိုပါ ငွေလဲနှုန်းဖြင့်ဝယ်ယူတင်းသွင်းမည်ဆိုပါကဈေးကွက်အတွင်းအရောက်သယ်ယူစရိတ်ကုန်သွယ်ခွန်များအပါ စားသုံးဆီတစ်ပိဿာလျင်၄၀၉၃ကျပ်ကျသင့်မည်ဖြစ်ပြီးဝန်ကြီးဌာန
လက်အောက်ရှိစားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက အောက်တိုဘာ(၃၀)ရက်အထိစားအုန်းဆီတစ်ပိဿာ လက်ကားရည်ညွှန်းဈေး၄၁၇၅ကျပ်ဖြင့် ရောင်းချရန်သတ်မှတ်ပေးထားသည်။
ယင်းကဲ့သို့လက်ကားရည်ညွှန်းဈေးသတ်မှတ်ပေးထားသော်လည်းလက်ရှိဈေးကွက်အတွင်း၌စားအုန်းဆီတစ်ပိဿာလျင်ကျပ်၇၀၀၀ ကျော်ဝန်းကျင် ဖြင့် ရောင်းချနေပြီးအဆိုပါ ဈေးနှုန်းမှာပြီးခဲ့သည့်တစ်ပတ်ကျော်က
ဈေးနှုန်းထက်၁၀၀၀ကျပ်ဝန်းကျင် မြင့်တက်လာခြင်း ဖြစ်သည်ဈေးကွက်အတွင်းယင်းကဲ့သို့ မြင့်တက်နေသည့်စားအုန်းဆီ ဈေးနှုန်းကိုထိန်းချုပ်ရန် ဒေါ်လာထုတ်ချေးခြင်း ဒေါ်လာငွေလဲနှုန်း လျှော့ချသတ်မှတ်ပေးခြင်းတို့လုပ်ဆောင်နေကြောင်းတွေ့ရသည်