ရတနာရွှေအိုးမှဲ့လို့ခေါ်တယ် မိမိကြင်သူမှာပါခဲ့ရင်လက်လွှတ်မခံပဲရအောင်သာယူပါရှေးမြန်မာလူမျိုးတို့သည်ထူးခြားစိတ်ဝင်စားဖွယ်ကောင်းသောမှဲ့များကိုအမည်အမျိုးမျိုးဖြင့် မှည့်ခေါ်လေ့ရှိကြသည်။
ထိုသို့ မှည့်ခေါ်လေ့ရှိရာထင်ရှားသောမှဲ့များထဲ၌တစ်ခု အပါအဝင်ဖြစ်သောရတနာရွှေအိုးမှဲ့ဟူ၍လည်းရှိသည်။ရင်ဘတ် အလယ်တည့်တည့်တွင်ထင်ထင်ရှားရှားတစ်လုံးတည်းရှိသော မှဲ့ကို “ရတနာရွှေအိုး” မှဲ့ ဟူ၍ခေါ်ထွင်ကြသည်။
ထို့ကဲ့သို့မှဲ့မျိုးရှိသူများသည်ကြွယ်ဝချမ်းသာခြင်း၊နာမည်ကျော်ကြားထင်ပေါ်တတ်သည်ဟုဆိုကြသည်။ ဆင်းရဲတဲ့ဒဏ်ခံရလည်း ခဏတာပါပဲ။မကြာခင်မှာ ပြန်လည် ချမ်းသာ ကြွယ်ဝတတ်တယ်။
အလုပ်ဌာနတွင်လည်း အကြီးအကဲ ခေါင်းဆောင်ဖြစ်လေ့ရှိသည်။မိမိအပေါ်အလိုလိုက်အကြိုက်ဆောင်မည့်အိမ်ထောင်ဖက်ကောင်းရရှိတတ်သည်။သားကောင်းသမီးကောင်းလည်း ထွန်းကားတတ်သည်။
စည်းစိမ်ချမ်းသာမှုများနဲ့ ပျော်ရွှင်စွာနေရတတ်ပါသည်။ထိုကဲ့သို့ရတနာရွှေအိုး မှဲ့ပါသောသူများသည်ကျောက်နီပတ္တမြား၊စိန်နှစ်သက်ရာတစ်ခုခုကိုလက်သူကြွယ်မှာဝတ်ဆင်ထားရင်ထူးထူးခြားခြားကံမြင့်မားတတ်သည်သဗ္ဗေသတ္တာကမ္မသကာအာကာတားရော့