သီးပင်စားပင်တွေကိုရာသီချိန်မဟုတ်ဘဲအသီးသီးစေတဲ့နည်းလေးကို ဖော်ပြလိုက်ပါတယ်နော်ကြက်ဥဟိုမုန်းဆေးရည်လုပ်နည်းကြက်ဥအခွံရောအသားပါ၁ပိသာသကြား၁ပိသာ။နွားနို့၁ပုလင်းခွဲပုဇွန်ခြောက်၃၀သားအုန်စိမ်းအရည်

၂ပုလင်းဆန်ဆေးရည်၂ပုလင်းအုန်းနို့၁ပုလင်းခွဲပဲစေ့အညှောက်ပေါက်စ အစိတ်သားပဲစေ့အညှောက်ပေါက်စဆိုတာကတော့ပဲတီစိမ်းကို ရေစိမ်းပြီးအဝတ်နဲ့ထုတ်လားလိုက်ရင်နာရီ၂၀ လောက်အကြာမှာအညှောက်ပေါက်စပဲစေ့ကို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ရပါလိမ့်မယ်။မုံလာဥ၅၀သား။အဲ့ဒါတွေအားလုံးကို ဖျော်ရည်ကြိတ်စက်နဲ့ကြိတ်ချေလို့ပဲဖြစ်ဖြစ်ထောင်းခြေပြီးတော့ဖြစ်ဖြစ်တဲ့အခါမှာ ရေကို မသုံးပဲအုန်းရည်၊နို့ရည်၊ဆန်ဆေးရေတွေကို ရောပြီးကြိတ်ယူပါအချို့မှုန့်က၁၀သား

ဂလူးကိုစ့်မှုန့်က၁၀သားဟူးမစ်လို့ခေါ်တဲ့ ကျောက်မီးသွေးနဲ့ဖန်ရည်အမှုန့်ရောကျိုထားတဲ့ဆေးမှုန့်ကအစိတ်သားဝယ်လို့မရရင်မထည့်လည်းရတယ်သူကမိုလီကွန်းတွေကိုအနုစိတ်ဖြစ်ပြီးပျော်ဝင်မှုအားကောင်းအောင်လုပ်ပေးတာဖြစ်ပါတယ်

အဲ့ဒါတွေအားလုံးကိုပုံးတစ်ပုံးမှာထည့်ပြီး၃လသိပ်ထားလိုက်ပါ၆လဆိုရင်ပိုကောင်းတယ်၊1 နှစ်အကြာဆိုရင်ပိုပြီးကောင်းပါတယ်အများနဲ့လုပ်မယ်ဆိုရင်တော့တစ်မျိုးကိုတစ်ပုံးဆီခွဲလုပ်ထားပြီးမှလာရောသုံးတာကပိုကောင်းပါတယ်

အချိုးအစားကတော့၃ချိုးတစ်ချိုးဖြစ်ပါတယ်ပြောခဲ့တဲ့အရာတွေက၃ဆဆိုရင် သကြားကတစ်ဆ ဖြစ်ပါတယ်ကြက်ဉကတော့တစ်ဆစီဖြစ်ပါတယ်ကြက်ဉတစ်ဆကို အချိုကတစ်ဆနဲ့ပုံးထဲမှာသိပ်ထားရမှာဖြစ်ပါတယ်မြေကြီး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အပင်ရင်းတွင်ပက်ဖျန်းရန်ကြက်ဥဟော်မုန်းဆေးရည်၁လီတာကို ရေလီတာ၂၀၀ နှင့်ပက်ဖျန်းရန်။(၁၅ရက်တစ်ခါ)အရွက်ကိုပက်ဖျန်းရန်ကြက်ဥဟော်မုန်းဆေးရည် ၃၀၀စီစီကိုရေလီတာ၂၀၀ နှင့်ပက်ဖျန်းရန်၁၀ရက်တစ်ခါ