ခေါင်ရည်သည်အရက်နွယ်ဝင်တစ်မျိုးပြီးဖြစ်ပြီးကစော်ဖောက်ထားသောရိုးရာ တစ်မျိုးလည်းဖြစ်ပါတယ်အရောင်မှာဖြူပြီး ခပ်နောက်နောက်ရှိပြီးအရသာကတော့ချိုပါတယ် ခေါင်ရည်ဆိုတာကတော့ဘီယာလိုပဲတစ်ချို့ဒေသတွေမှာ
ဓလေ့အရသောက်သုံးကြပါတယ်အထူးသဖြင့်ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်တို့မှာရိုးရာဓလေ့အနေနဲ့ သောက်သုံးကြပါတယ်ခေါင်ရည်ကိုချက်ပြီးသား ကောက်ညှင်းဒါမှမဟုတ်ဆန်ကိုတဆေးနဲ့
ရောပြီး ခေါင်ရည်တည်ယူကြပါတယ်။ ကောက်ညှင်းနဲ့တည်ယူတဲ့ ခေါင်ရည်ကပိုပြီး ကောင်းတယ်လို့ဆိုပါတယ်တဆေးဆိုတာကတော့ဂျုံ၊ဆန်၊ ကောက်ညှင်း၊သကြားထန်းလျက်တို့ကိုဓာတ်ပြုစေတဲ့အရာဖြစ်ပါတယ်မှိုတစ်မျိုဖြစ်ပြီးတော့
အင်ဇိုင်းလို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး တဆေးမှာပါဝင်ပါတယ်အဲ့ဒီပရိုတင်းကတော့ဓာတ်ပြောင်းလဲမှု မြန်စေဖို့ကူညီပေးတဲ့အရာပါခေါင်ရည် တည်ရာမှာအဓိကပါဝင်တာတွေကတော့ကောက်ညှင်း(သို့)ဆန်ဖက်ရွက်သန့်သန့်တေဆး
တည်မယ့်အိုး(သို့)၀ါးကညျြထောကျတို့ပဲ ဖြစ်ပါတယ်။ခေါင်ရည်တည်ရာမှာပထမဦးဆုံး ကောက်ညှင်းသို့မဟုတ်ဆန်ကို နူးနပ်နေအောင်ချက်ရပါတယ်။ကျက်တဲ့ အခါမှာ ဆေးထားတဲ့ ဖက်ရွက် အသန့်တွေပေါ်မှာ ဖြန့်ပြီးအအေးခံပါ
အေးတဲ့အခါတဆေးနဲ့ ရောပြီးအိုးထဲကိုထည့်ပါမယ်တစ်ခုသတိထားရမှာကအိုးတွေဟာအသစ်တွေ ဖြစ်ရပါမယ်အခြားအရာတစ်ခုခုထည့်ထားတဲ့အိုးတွေကို သုံးလို့မရပါဘူး။ ခေါင်ရည်တည်ပြီးသားဆိုရင်တော့ အိုးကိုထပ်ပြီးသုံး
လို့ရပါတယ်။ တောင်ပေါ်ဒေသတွေမှာတော့အ၀ကျယ်တဲ့ဝါးဘိုးဝါးကညျြထောကျတှကေိုအသုံးပြုကြပါတယ်။ခေါင်ရည်တည်ထားတဲ့ အိုးကိုအမှိုက်တွေ မ၀င်စေဖို့လုံအောင် ပိတ်ထားဖို့လိုပါတယ်ခေါင်ရည်အိုးကို နေရောင်ခြည်
ထဲမှာထုတ်ထားပါ။ နေရောင်ဟာဓာတ်ပြောင်းဖို့အတွက်အဓိကအကူအညီ ပေးပါတယ်။ရက်အနည်းငယ်လောက်ထားပြီးရင်စာတ်ပြောင်းလဲပြီးကဇော်ပေါက်လာပါပြီအိုးကို ဖွင့်ကြည့်ရင်အပေါ်ယံမှာမှိုတွေကို တွေ့ရမှာ ဖြစ်ပြီး
ဆန်တွေထဲကနေအရည်တွေစိမ့်ထွက်နေတာ တွေ့ရပါလိမ့်မယ်။ နောက်ထပ် ရက်အနည်းငယ်ထပ်ပြီးထားလိုက်တဲ့အခါဆန်တွေ ကြေသွားပြီး အဖတ်တွေ အနည်ထိုင်ကာ ကြည်လင်တဲ့အရည်တွေကို တွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့
ချိုမြတဲ့ ခေါင်ရည်ရပါပြီခေါင်ရည်ကို တောင်ပေါ်ဒေသတွေမှာတော့ပွဲလမ်းသဘင်ရှိတဲ့အခါမျိုးတွေမှာ သောက်ကြလေ့ရှိပြီးအိုးထဲမှာရှိတဲ့ ေခါင္ရည္ကိုသေဘၤာရိုးဒါမွမဟုတ္ဝါးပြွန်လေးတွေနဲ့၀ိုင်းစုပ်ပြီး သောက်ကြပါတယ် ခေါင်ရည်ဟာကြာကြာထားလေ ကောင်းလေပါပဲတစ်ချို့ဆိုရင်၃-၆နှစ်အထိရှိကြပါတယ်။