ရိုးသားမှုကို မြတ်နိုးတဲ့ သူတွေမှာသာ ရှိတတ်တဲ့ အားနည်းချက်လေးများရိုးသားမှုဆိုတာ ဂုဏ်တစ်ခု ပါပဲ။ ဒီလို ရိုးသားမှု မျိုးကလူတိုင်းမှာမရှိနိုင်လို့ရိုးသားသူတွေက လေးစားစရာ ကောင်းလှပါတယ်။
ဒါပေမယ့်လည်းအဆိုးနဲ့အကောင်း ဒွန်တွဲနေသလိုရိုးသားတာကပဲအားနည်းချက် ဖြစ်သွားတတ်ပါတယ်ရိုးသား မှုကြောင့် ဘယ်လို အားနည်းချက်တွေ ဖြစ်သွားတတ်လဲ ဆိုရင်အလိမ်ခံရမယ်ရိုးသားတဲ့ သူတွေရဲ့အကျင့်တစ်ခုကစိတ်ခံအတိုင်း
တွေးကြတာပါကိုယ့်လို ရိုးသားမယ် ထင်ပြီး ဟန်ဆောင် တာတောင် မရိပ်မိ တတ်ကြ ပါဘူး။ အဖြောင့်အတိုင်း အမှန်အတိုင်း တွေးတတ် တာက လိမ်ချင်သူတွေ အတွက်တော့ သဘောကျစရာအချက် ဖြစ်နေတတ်ပါတယ်
ပစ်မှတ်ထားခံရမယ်မကောင်းတဲ့ သူတွေက ဘယ်တော့မှ သူတို့လို လူတွေနဲ့ လည်တဲ့သူတွေကို ပစ်မှတ် မထားကြပါဘူး။ ရိုးသားတဲ့သူ၊ မသိ နားမလည်တဲ့ သူနဲ့နုံအသူတွေကိုသာအဓိကပစ်မှတ်ထားပြီးလိမ်လည်ဖို့
ရာဇဝတ် ကျူးလွန်ဖို့ ပြုလုပ် တတ်ကြ တာပါ။ သင့်ရဲ့ ရိုးသားမှုက ရာဇဝတ် မှုတွေကို လက်ယပ်ခေါ်နေသလိုလည်း ဖြစ်နေနိုင်ပါတယ်လွယ်တယ် ထင်ခံရတယ်ရိုးသားတဲ့သူအများစုကတော့သိကြတတ် ကြရင်တောင်မှ
ကိုယ့်အပေါ် မရိုးသားတာ လုပ်တာကို သူ့ကံနဲ့သူ သွားပါစေလို့ တွေးလိုက်ကြတာ များပါတယ်ဒီလိုမျိုး မသိချင်ယောင်ဆောင်ပေးတတ်တာမျိုးက ကိုယ့်အတွေးနဲ့ဆို ဟုတ်သယောင်ရှိပေမယ့် မကောင်းတဲ့သူတွေနဲ့ သင့်ကို
အသုံးချတဲ့သူတွေကတော့သင်က လွယ်လိုက်တာလို့ထင်သွား တတ်ကြပါတယ်နုံတဲ့သူတစ်ယောက်လိုဆက်ဆံခံရနိုင်တယ်သင့်ရဲ့ရိုးသားမှုကအားသာချက်လို့ ထင်နိုင်ပေမယ့်တစ်ချို့သူတွေအတွက်တော့သင့်ရဲ့ရိုးသားမှုကသူတို့အတွက်
အခွင့်ကောင်း ဖြစ်ပါတယ်။ သင့်ရဲ့ ရိုးသားတဲ့အချက်ကို အသုံးချပြီးသင့်ကိုလူလည်ကျသွားတာတွေ ရှိတတ်ပါတယ်။ သူတို့အမြင် မှာတော့ သင်က နုံတဲ့သူ တစ်ယောက် ဖြစ်နေမှာပါ
အခွင့်အရေး ဆုံးရှုံးရမယ်ရိုးသားတဲ့သူတွေက မရိုးမသား ဖြစ်သွားမှာ သိပ်ကိုဝန်လေးတာကြောင့် အခွင့်အရေးတွေ ကိုယ့်ဆီလာရင်တောင်သံသယတွေ ပွားနေတတ်ပါတယ်ဒါကြောင့် လက်လွှတ်ရတဲ့ အခွင့်အရေးတွေလည်း ရှိပြီး သူများကို ဦးစားပေးလိုက်တာမျိုးလည်း ရှိလို့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေရတတ်ပါတယ်။ခရစ္စတစ်
LEAVE A REPLY
Please enter your comment!
Please enter your name here