အမ်းသူ‌လေးရဲ့ အချိန်မကုန်လူသက်သာ အရသာရှိထမင်းမြိန်‌စေတဲ့

ရှုးရှဲရခိုင်သခွားသီးသုပ်(အရည်သောက်အဖတ်စား)


သခွားချဉ်ကအလုံးကြီးတော့အလယ်ကခွဲ အစေ့ထုတ်ပြီးခြစ်ရုံပါ ရိုးရိုးသခွားကသေး‌တော့အခွံခွာပြီးခြစ်ရပါတယ်

အမ်းသူတို့ဘက်တောင်ပေါ်သခွားချဉ်ကပိုမွှေးပိုအရသာရှိပေမဲ့ ဒီမှာတော့ရိုးရိုးသခွားပဲအသုံးပြုထားပါတယ်

သခွားသီးကိုအခွံခွာပြီးခြစ်ထားပါ အထဲအူတိုင်နုကိုရောက်တဲ့အခါခြစ်မရတော့တဲ့အတွက်အစေ့ရင့်ပါရင်ဖယ် ဓါးလေးနဲ့သင့်သလိုလှီးထည့်နိုင်ပါတယ် ဒါမှပိုမွှေးလို့ပါ

ငရုတ်သီးစိမ်းမီးကင်ပြီးထောင်းပါ မျှင်ငပိမီးကင်ထား ငရုတ်သီးစိမ်းလှီး ကြက်သွန်နီလှီးထားပါ

ပြီးရင်တော့ သခွားသီးခြစ်ကိုပန်းကန်ထဲထည့် ငရုတ်ထောင်း ငပိမီးကင်အနေတော်(မနဲပါစေနဲ့)ကြက်သွန်နီ ငရုတ်သီးစိမ်း

ဆား ရသာမူန့်ထည့် ရေအနေတော်လေးထည့်ပြီးသံပုရာရည်ညှစ် နှံ့အောင်ငပိမီးကင်ကြေအောင်မွှေလိုက်ရင် ရှူးရှဲရခိုင်သခွားသီးအရည်သောက်အဖတ်စား
လေးရပါပြီရှင်

စေတနာဖြင့်
အမ်းသူလေး ချစ်မောင်

LEAVE A REPLY

Please enter your comment!
Please enter your name here