ရေခဲရေသောက်အမြဲသောက်ခြင်းကသင့်ကျန်းမာရေးကိုဘယ်လိုထိခိုက်စေနိုင်သလဲလူတော်တော်များများဟာအလုပ်ပင်ပန်းတဲ့အချိန်၊မောပန်းနေတဲ့အချိန်တွေမှာရေခဲရေ

အေးအေးလေးသောက်ခြင်းကိုပြုလုပ်ကြလေ့ရှိပါတယ်ရာသီဥတုပူပြင်းနေတဲ့အချိန်မျိုးမှာဆိုရင်လည်းရေခဲရေကိုသာပိုမိုတောင့်တလေ့လည်းရှိပါတယ်ရေအေးအေးလေးကိုသောက်

လိုက်ရလို့ချက်ချင်းလန်းဆန်းသွားသလိုခ့စားလိုက်ရပေမယ့်ရေခဲရေသောက်လိုက်ခြင်းကြောင့်ခန္ဓာကိုယ်မှာဘာတွေထိခိုက်သွားလဲဆိုတာကိုတော့တွေးမိမှာမဟုတ်ကြပါဘူး

ဒါကြောင့်ရေခဲရေသောက်ခြင်းဟာသင့်ကိုဘယ်လိုကျန်းမာရေးဆိုးကျိုးတွေဖြစ်ပေါ်စေသလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်(၁)အစာချေစနစ်ကိုထိခိုက်စေနိုင်ခြင်းရေခဲရေ

ရဲ့အအေးဓာတ်ကရောင်ရမ်းတာကိုသက်သာစေနိုင်ပေမယ့်ရေခဲရေသောက်ခြင်းကခန္ဓာကိုယ်ရဲ့အစာချေစနစ်ကိုထိခိုက်စေနိုင်ပါတယ်ရေခဲရေကအစာအိမ်ရဲ့သွေးကြောတွေကိုကျုံ့

စေနိုင်ပါတယ်အစာချေစနစ်ရဲ့လုပ်ငန်းဆောင်တာကိုထိခိုက်စေနိုင်တာကြောင့်အစာချေနှုန်းကိုနှေးကွေးသွားစေနိုင်ပါတယ်(၂)ရေဓာတ်ဖြည့်တင်းမှုကိုနှေးကွေးစေခြင်းရေခဲ

ရေသောက်ခြင်းကခန္ဓာကိုယ်ရဲ့ရေဓာတ်စုပ်ယူမှုကိုပုံမှန်ထက်နှေးကွေးစေနိုင်ပါတယ်ရေခဲရေကခန္ဓာကိုယ်အပူချိန်တိုးလာအောင်အရင်လုပ်ဆောင်ပြီးမှခန္ဓာကိုယ်ကလိုအပ်တဲ့ရေဓာတ်

အဖြစ်ပြောင်းလဲပေးရတာဖြစ်ပါတယ်ရေခဲရေကခန္ဓာကိုယ်ရဲ့ရေဓာတ်ထိန်းသိမ်းရာမှာပုံမှန်ထက်ပိုပြီးနှေးကွေးစေနိုင်တာကြောင့်ဇီဝတွင်းလုပ်ငန်စဉ်တွေကိုပါနှေးကွေးသွားစေနိုင်ပါ

တယ်(၃)နှလုံးခုန်နှုန်းကျဆင်းစေခြင်းရေခဲရေသောက်ခြင်းကြောင့်ရုတ်တရက်နှလုံးခုန်းနှုန်းကျဆင်းတာမျိုးဖြစ်စေနိုင်ပါတယ်ရေခဲရေသောက်ချလိုက်တဲ့အခါနှလုံးခုန်နှုန်းကနှေး

သွားပြီးခန္ဓာကိုယ်ကနောက်တစ်ကြိမ်ပုံမှန်အပူချိန်ကိုပြန်မရောက်မချင်းနှလုံးခုန်နှုန်းမူမမှန်တာကဆက်လက်ဖြစ်စေပါတယ်(၄)လည်ချောင်းနာခြင်းလည်ချောင်းနာခြင်းကို

ဆောင်းတွင်းမှာအဖြစ်များကြသလိုရေခဲရေအသောက်များလာရင်လည်းဖြစ်တတ်ကြပါတယ်ရေခဲရေသောက်ချလိုက်တဲ့အခါမှာတော့ခန္ဓာကိုယ်ကိုမလိုအပ်ဘဲတုံ့ပြန်မှုဖြစ်စေတာ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ကြောင့်ချွဲတွေကိုလေပြွန်တွေထဲမှာပိတ်ဆို့စုပုံမှုတွေဖြစ်စေရာကနေလည်ချောင်းနာတာတွေကိုခံစားရတာဖြစ်ပါတယ်(၅)ဝမ်းချုပ်ခြင်းရိုးရိုးရေ၊အခန်းအပူချိန်မှာပဲထားတဲ့ရေကို

သောက်သုံးပေးခြင်းကအစာချေစနစ်ကိုအထောက်အကူဖြစ်တယ်ဆိုပေမယ့်ရေခဲရေကိုသောက်သုံးပေးခြင်းကဝမ်းချုပ်စေနိုင်ပါတယ်ရေခဲရေကစားလိုက်တဲ့အစာတွေကိုခဲသွားစေ

နိုင်တာကြောင့်အစာချေဖျက်ရတာကိုခက်ခဲသွားစေနိုင်ပါတယ်အစာချေဖျက်ရခက်ခဲလာတဲ့အခါမှာအူတွေအနေနဲ့ချေဖျက်လိုက်တဲ့အစားတွေကရောက်သင့်တဲ့နေရာကို

မရောက်တာကြောင့်ဝမ်းချုပ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်အစာချေဖျက်ရခက်လေဝမ်းချုပ်လေဖြစ်နိုင်တာကြောင့်ရေခဲရေကိုဆင်ခြင်သင့်ပါတယ်(၆)အားအင်ကုန်ခမ်းခြင်း

ရေခဲရေသောက်သုံးတာကလန်းဆန်းသွားတယ်လို့ခံစားရနိုင်ပေမယ့်ဒါကခဏတာပဲဖြစ်ပါတယ်ချွေးထွက်များတဲ့အလုပ်လုပ်တဲ့သူတွေအနေနဲ့ရေခဲရေသောက်ခြင်းကအခြားသူတွေ

ထက်အားပိုကုန်စေပါတယ်ခန္ဓာကိုယ်အပူချိန်ထိန်းညှိရန်အတွက်လိုအပ်တာထက်ပိုတဲ့အားအင်တွေကိုသုံးပေးရပါတယ်ဒါကြောင့်ရေခဲရေသောက်လိုက်ခြင်းကစွမ်းအင်ကိုပို

သုံးပေးရတာကြောင့်ခန္ဓာကိုယ်ထဲမှာအားအင်ဆုတ်ယုတ်သလိုခံစားလာရနိုင်ပါတယ်(၇)ခေါင်းကိုက်ခြင်းရေခဲရေကလည်းရေခဲမုန့်လိုပဲခေါင်းကိုက်တာကိုဖြစ်ပေါ်ခံစားရစေနိုင်

ပါတယ်ရေခဲရေရဲ့အအေးဓာတ်ကကျောရိုးထဲကအာရုံခံနာ့ဗ်ကြောတွေထဲရောက်ရှိသွားပြီးဦးနှောက်ကိုချက်ချင်းအချက်ပြပေးပို့မှုလုပ်ဆာင်လိုက်တဲ့အခါခေါင်းကိုက်တာကိုခံစားရတာဖြစ်စေပါတယ်။Credit