ရေခဲသေတ္တာအသုံးပြုရာဝယ်တွင်လိုက်နာရမည့်အချက် (၉) ချက်၁။ရေခဲသေတ္တာထဲမှာ အနံအသက်တွေရောပြွန်းမှုမဖြစ်အောင် ကာကွယ်ဖို့ အစားအစာတွေကို သီးခြားစီထုပ်ပိုးခြင်း၊ဘူးများဖြင့် ထည့်သွင်းခြင်းအဖုံးအုပ်သိမ်းခြင်းတွေပြုလုပ်ပြီးမှပဲထည့်သွင်းသိုလှောင်သင့်ပါတယ်။
၂။ချက်ပြုတ်ပြီးသားအစားအစာတွေကို ရေခဲသေတ္တာရဲ့အပေါ်ပိုင်းကအကန့်တွေ၊အဆင့်တွေမှာထားရှိပြီးအသီးအရွက်အစိမ်းတွေကိုအောက်အဆင့်တွေမှာပဲထားရှိပါ။၃။ရေခဲသေတ္တာရဲ့အပူချိန်ကို၅ဒီဂရီစီတီဂရိတ်အောက်သာရှိစေပြီးအအေးခန်း(ခေါ်)ရေခဲခန်း (ခေါ်) ခဲခန်းကိုတော့၁၈ဒီဂရီစီတီဂရိတ်အောက်ထားရှိပေးပါ
၄။စည်သွပ်ဘူးနဲ့ရောင်းချတဲ့အစားအသောက်တွေကိုသတ္တုမဟုတ်တဲ့ဘူးထဲပြောင်းထည့်ပြီးမှသာသေချာဖုံးအုပ်ပြီးရေခဲသေတ္တာထဲသိုလှောင်သင့်ပါတယ်။၅။ဖွင့်ဖောက်ခြင်းမပြုရသေးတဲ့ပိုးသတ်ပြီးသားအစားအစာတွေဒါမှမဟုတ်မမှည့်သေးတဲ့သစ်သီးတွေကိုရေခဲသေတ္တာထဲထည့်ဖို့မလိုပါဘူး
၆။စားကြွင်းစားကျန်တွေကို ရေခဲသေတ္တာထဲ သုံးရက်ထက်ပိုပြီး မသိုလှောင်သင့်ပါဘူး။၇။အဖျော်ယမကာတွေလိုမျိုး ပျက်စီးပုပ်သိုးမလွယ်၊ ကြာရှည်ခံတဲ့အစားအသောက်တွေကိုရေခဲသေတ္တာတံခါးရဲ့စင်တွေ၆။ပူနွေးတဲ့အစားအသောက်တွေကိုအအေးခံပြီးမှသာထည့်သွင်းသိုလှောင်ပါ
၇။ရေခဲသေတ္တာဟာ လေဝင်လေထွက်လုံလောက်စွာရှိသင့်ပါတယ်။ဒီ့အတွက် အတွင်းမှာ အေးမြတဲ့လေ ညီမျှစွာပျံ့နှံ့စေဖို့ ကျပ်ပြွတ်စွာ သိုလှောင်ခြင်းမှ ရှောင်ကြဉ်ပါ။၈။အတွင်းကအပူချိန်မြင့်တက်ခြင်းမှ ကာကွယ်ဖို့ရေခဲသေတ္တာတံခါးကို မလိုအပ်ဘဲ ခဏခဏမဖွင့်ပါနှင့်
၉။ရေခဲသေတ္တာသန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးပါအိမ်ခြံမြေကိစ္စအဝဝနှင့်ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်လိုပါကIMyanmarHousecom (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)