ရေနွေးငွေ့ရှူပေးခြင်းအကျိုးကျွန်တော်မိုးအစတုန်းကပထမဖျားတယ်ဆေးတွေသောက်တော့အဖျားကျသွားပြီးနှာမွန်နှာရည်ယိုပြီးနှာခေါင်းကပူနေတာတော်တော်နဲ့မပျောက်လို့
စိတ်ညစ်ရပါတယ်အဒေါ်တစ်ယောက်ကရေနွေးငွေ့ရှူခိုင်းပါတယ်အဲ့ဒါရေနွေးငွေ့သုံးရက်လောက်ရှူလိုက်တာနှာရည်ယိုနှာခေါင်းပူနေတာသက်သာပျောက်ကင်းသွားပါတယ်ရေနွေး




ပူပူကနေထွက်လာတဲ့ရေနွေးငွေ့ကိုမျက်နာအပ်ပြီးရေနွေးငွေ့ပေါင်းခံပေးခြင်းဖြင့်ရရှိနိုင်တဲ့ကောင်းကျိုးလေးတွေပြောပြပေးပါ့မယ်ပြုလုပ်နည်းအရင်ဆုံးရေနွေးပူအောင်တယ်
ပြီးနောက်ဇလုံတခုခုထဲထည့်ပြီးအပေါ်ကနေပြီးခြုံလို့ရတာတခုခုကိုဖုံးထားပြီး၁ပေအကွာ လောက်ကနေရေနွေးငွေ့ခံပေးရမှာပါ။ခြုံထည်ကိုအလုံကြီးအုပ်စရာမလိုပါဘူးခပ်လွှတ်လွှတ်
လေးအုပ်မှသာလေဝင်လေထွက်ကောင်းမှာပါ။အရမ်းမနီးစေနဲ့နော်အပူလောင်တက်တယ်အကျိုးများမှာ၁။ခေါင်းအုံ၊ခေါင်းကိုက်၊ခေါင်းမကြည်ခြင်း၂။နှာမွှန်၊နှာချေ၊နှာခေါင်းပိတ်နေ




ခြင်း၃။အသက်ရှူလမ်းကြောင်းရှိအချွဲများပျော်ကျစေခြင်း၄။လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်းကို သက်သာခြင်း၅။မျက်နာသွေးလည်ပတ်မှုကောင်းစေပြီးဝက်ခြံများကို
သက်သာစေခြင်း၆။ဆဲလ်သေတွေဖယ်ရှားပြီးအသားရေကိုပျော့ပျောင်းနူးညံစေတယ်။ပိုက်ဆံမကုန်အိမ်မှာတင်လုပ်နိုင်တဲ့နည်းလေးမို့နေ့တိုင်းလိုက်လုပ်ကျဖို့တိုက်တွန်းလိုက်ပါတယ်Credit