အရမ်းစားလို့ကောင်းတဲ့လမ်းသရဲမုန့်(ခ)မုန့်ရေပါးလုပ်နည်းမြန်မာတွေပါးစပ်နဲ့အစပ်အဟပ်တည့်သလိုသရေစာအနေနဲ့စားဖြစ်ကြတဲ့လမ်းသရဲမုန့်ကိုကြိုက်တဲ့သူတွေအတွက်လုပ်နည်းလေးကိုဝေမျှချင်ပါတယ်လမ်းသရဲမုန့်လုပ်ရန်

လိုအပ်သောပစ္စည်းများဆန်အစိမ်းမှုန့်၁၀ကျပ်၊သားတစ်ထုပ်၊ကုလားပဲအစိမ်းမှုန့်ထမင်းစားဇွန်း၃ဇွန်း၊ကော်မှုန်ထမင်းစားဇွန်း၎ဇွန်း၊ကြက်ဥ၁လုံး၊ခရမ်းချဉ်သီး၃လုံး၊နနံပင်၁၀ပင်၊ဂေါ်ဖီတစ်ခြမ်း၊ငရုတ်သီးစိမ်း၁၀တောင့်၊ပဲပင်ပေါက်၂၀၀ဂရမ်၊

ပဲပြုတ်၂၀၀ဂရမ်၊ဆီ၅ကျပ်သား၊ဆားအနည်းငယ်၊ဟင်းခတ်မှုန့်အနည်းငယ်မဆလာအနည်းငယ်ပြုလုပ်ပုံအဆင့်ဆင့်ပုံမှန်ဆိုဆန်ကိုရေစိမ်မုန့်ကြိတ်စက်နဲ့ကြိတ်ရအလုပ်ရှုပ်လိုအလွယ်နည်းနဲ့ပဲလုပ်စားတာပါရှင့်မွှေးဆန်အစိမ်းမှုန့်၁၀ကျပ်သား

တစ်ထုပ်နဲ့မွှေးကော်မှုန့်ထမင်းစားဇွန်းလေးဇွန်း၊မွှေးကုလားပဲအစိမ်းမှုန့်ထမင်းစားဇွန်းသုံးဇွန်းမထည့်လဲရပါတယ်၊ပဲပါတော့ပိုစားကောင်းတယ်ထင်လို့ပါကိုရောဆားနည်းနည်း၊ဟင်းခတ်မှုန့်နည်းနည်းထည့်ကြက်ဥတစ်လုံးဖောက်ထည့်ပါ။ပြီးရင်ရေ

ထည့်ပြီးဖျော်ပါမယ်။ရေကိုကျဲကျဲလေးဖျော်ပါမုန့်သားကျွတ်ကျွတ်လေးဖြစ်အောင်လို့ပါ။ပဲမှုန့်လေးတွေကမပျော်ပဲကျန်နေတာလေးတွေကိုရသလောက်ဖျော်ပြီးစစ်ဇကာနဲ့စစ်ချလိုက်ပါမုန့်ရည်ဖျော်ထားပြီးရင်အထဲကအစာအတွက်ဂေါ်ဖီခပ်ပါးပါး

ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊နံနံပင်၊ပဲပင်ပေါက်၊ပဲပြုတ်ကိုကြိုက်တာလေးတွေထည့်ဖို့အဆင်သင့်လှီးထားပါ။လမ်းသရဲမုန့်တစ်ခုစာဇွန်းနဲ့ခပ်ယူပါ။မုန့်တစ်ခုလုပ်ပြီးနောက်တစ်ခုလုပ်ရင် မုန့်ရည်လေးကိုသေချာလေးမွှေပေးအနည်ထိုင်တတ်လို့ပါ။

ဒယ်အိုးထဲဆီအနည်းငယ်သာထည့်အပူပေးပါမုန့်ရည်လေးကိုထည့်တဲ့အခါတစ်ခုစာအတွက်မှန်းပြီးဇွန်းကြီးနဲ့ခပ်ဒယ်အိုးထဲထည့်ပြီးတာနဲ့ချက်ချင်းဒယ်အိုးလေးကိုလက်ကိုင်ကနေအလိုက်သင့်လေးစက်ဝိုင်းပုံစောင်းပြီးအရည်လေးတွေဒယ်အိုး

အနှံ့ရောက်ပြီးမုန့်သားပါးပါးလေးရအောင်လုပ်ရပါမယ်ပြီးရင်အဆင်သင့်လှီးထားတဲ့ဂေါ်ဖီ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊နံနံပင်၊ပဲပင်ပေါက်၊ပဲပြုတ်စတာတွေကိုဖြူးလိုက်ပါ။ပြီးလျှင်ဆားအနည်းငယ်ဟင်းခတ်မှုန့်အနည်းငယ်နှင့်မဆလာလေး

ဖြူးဆီကိုမုန့်သားဘေးလေးတွေနှင့်အပေါ်ကနေနည်းနည်ဖြူး ပေးပါ။ဆီဆမ်းခြင်းအားဖြင့်မုန့်ကိုကျွတ်ကျွတ်လေးဖြစ်စေပါတယ်။ထို့နောက်အဖုံးလေးခဏအုပ်ပါ။ထည့်တားတဲ့အစာပလာတွေကျက်သွားအောင်ဖြစ်ပါတယ်။ကျက်ပြီဆိုရင်တော့

အလယ်ကနေခေါက်လိုက်ပြီးလျှင်ပိုကျွတ်သွားအောင်ခေါက်ထားတယ့်အတိုင်းလေးဟိုဘက်ဒီဘက်လှန်ပေးပါ။ဒါဆိုလမ်းသရဲမုန့်လေးရပါပြီရှင်လုပ်ရတာလွယ်ကူတာမို့လုပ်စားကြည့်ကျပါအုံးနော်။credit