ရွာတရွာဖြစ်ပေါ်ဖို့စုန်း၇ယောက်ရှိဖို့လိုတယ်လို့တလွဲအတွေးတွေနဲ့ကြားဖူးနားဝရှိခဲ့တာကိုဗဟုသုတအနေနဲ့တင်ပါရစေယောဒေသမှာရွာသစ်တစ်ရွာတည်ဖို့စုန်း(၇)ယောက်လိုတယ်

တဲ့လားငယ်စဉ်ကကြားဖူးနားဝစကားလေးပါ။စုန်းအကြောင်းတွေကအိပ်ယာဝင်ပုံပြင်တွေလိုအထူးထူးအခြားခြားအများများအပြားပြားတကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ

မေးမြန်းပြန်တော့လည်းစေ့စေ့ငငဖြေနိုင်သူဟူ၍မတွေ့ရသေးပါမိမိလက်လှမ်းမီသလောက်ရှာဖွေကြည်တော့ရွာတစ်ရွာတည်ဖို့လိုအပ်တဲ့စုန်း(၇)ယောက်ကစုန်းစုန္နောဖြောင့်မှန်

သောသူ(စုန္နောတိဥဇုကတောဖြောင့်မတ်မှန်ကန်သည့်ပညာရှင်ခုနှစ်ဦး)ဋီကာကျမ်းထိုခုနှစ်ဦးမှာ(၁)မြေပညာရှင်ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့်မြေဆီ

မြေလွှာကိုသိရှိကျွမ်းကျင်သူ(၂)ရေပညာရှင်သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ရမရကိုသိရှိကျွမ်းကျင်သူ(၃)လေပညာရှင်လေကြောင်းသင့်မသင့်လေငြိမ်အရပ်

ဟုတ်/မဟုတ်စသည့်လေသဘောသဘာဝကိုကျွမ်းကျင်ပါးနပ်သူ(၄)စီးပွါးရေးပညာရှင်(၅)ပညာရေးစီမံနိုင်သူ
(၆)ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သူ(၇)ဆက်သွယ်ရေး

ကျွမ်းကျင်သူရွာတည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက်ဆက်သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက်လမ်းကြောင်းကိုသိသောသူအစရှိသဖြင့် တွေ့ရှိမှတ်သားမိပါ

တယ်။ယခုစာကိုဖတ်မိသူမိတ်ဆွေအနေနဲ့ကျွန်တော်မှတ်သားမိသမျှလေးတွေပြန်ဝေမျှတာပါခင်ဗျcreditအရှင်စန္ဒကုမာရ(ရွှေတြိဂံ)-ဋီကာကျမ်း