ရှားစောင်းလက်ပတ်ကိုသုံးပြီးအသားဖြူအောင်လုပ်နည်းလွယ်ကူလျှင်မြန်ပြီးအကျိုးရှိပါတယ်ဓါတုပစ္စည်းတွေကိုသုံးပြီးအသားဖြူအောင်လုပ်မှာထက်စာရင်တော့သဘာဝနည်းကိုသုံးပြီး ကြိုးစားကြည့်တာကပိုပြီးတော့အန္တရာယ်ကင်းပါတယ်။
အသုံးပြုရမယ့်ပစ္စည်းကလည်းတခြားမဟုတ်ပါဘူး။ရှားစောင်းလက်ပတ်ပါ။ရှားစောင်းလက်ပတ်ကိုအသား ဖြူဖို့အတွက် ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတော့(၁)ရှားစောင်းလက်ပတ်တစ်မျိုးတည်းကိုသုံးပြီး ဖြူအောင်လုပ်နည်းရှားစောင်းလက်ပတ်ကို နှစ်ခြမ်းခွဲပါ။
ပြီးရင် ဂျဲလ်ကို ထုတ်ပြီး ဇွန်း(သို့) ခရင်းနဲ့ ခြစ်ထုတ်ပါပြီးရင်တော့ မျက်နှာမှာလူးပေးပြီး(၁၀)မိနစ်ကြာအောင်ထားပေးပါ။(၁၀)မိနစ်လောက် ပြည့်ရင်တော့ ရေအေးနဲ့ဆေးချပါဒီနည်းကို တစ်ရက်မှာ နှစ်ကြိမ်လောက်၊အချိန်မရဘူးဆိုရင်လည်း အနည်းဆုံးတစ်ပတ်မှာ ငါးကြိမ်လောက်တော့လုပ်ပေးပါ။
(၂)ရှားစောင်းလက်ပတ်၊နနွင်း၊ပျားရည်ရှားစောင်းလက်ပတ်ဂျဲလ်၊နနွင်းနဲ့ပျားရည်တို့ကိုပျစ်နေအောင် ရောပါပျစ်နေအောင် ရောနယ်ပြီးလိမ်းပေးပါမိနစ်(၂၀)လောက်ထားပြီး ရေကြက်သီးနွေးနဲ့ ဆေးချပါ။ဒီနည်းကိုတော့တစ်ပတ်မှာနှစ်ကြိမ်၊သုံးကြိမ်လောက် လုပ်ပေးပါ
(၃)ရှားစောင်းလက်ပတ်နဲ့သံပရိုရှားစောင်းလက်ပတ်ထဲက ဂျဲလ်ကို ခြစ်ယူပါ။ပြီးရင်တော့ သံပရို သီး(၂)လုံးကို အရည်ညှစ်ပြီး၊ရောပါ။သေချာနှံ့အောင်နယ်ပြီး (၁၅)မိနစ်လောက် ကြာအောင် လိမ်းပေးပါ။ပြီးရင်တော့ ရေနဲ့ဆေးချပါ။နေ့စဉ်ပုံမှန် ပြုလုပ်ပေးပါ(၄)ရှားစောင်းလက်ပတ်နဲ့သခွားသီးသခွားသီးကလည်းအသားအရေကို
တောက်ပစေသလိုရှားစောင်းလက်ပတ် ကလည်း အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်ရောကြိတ်ပြီး လိမ်းပေးပါ။သခွားသီးမဟုတ်ပဲ ဒိန်ချဉ်နဲ့ရှားစောင်းလက်ပတ်ဂျဲလ်ကို ရောလိမ်း လို့လည်း ရပါတယ်နာရီဝက်လောက်လိမ်းထားပေးပြီးရင်တော့ ရေအေးနဲ့ ဆေးချပေးပါ။တစ်ပတ်မှာ နှစ်ကြိမ်၊သုံးကြိမ်လောက် လုပ်ပေးပါ
(၅)ရှားစောင်းလက်ပတ်နဲ့ဗီတာမင်အီးရှားစောင်းလက်ပတ်ဂျဲလ်နဲ့ဗီတာမင်အီးတို့ကို ရောလိမ်းပေးရမှာပါ။ရှားစောင်း လက်ပတ် ဂျဲလ်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဗီတာမင်အီး ဇွန်းဝက်ကို ရောပြီး လိမ်းပေးပါမိနစ်(၃၀)လောက်ကြာရင်တော့ ရေနဲ့ဆေးချပါ။တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်ပေးပါCredit homeremedies
LEAVE A REPLY
Please enter your comment!
Please enter your name here