ရွှေစကားပြောမယ် ရွှေဆိုတာမရှိဝမ်းစာရှိတန်ဆာလို့အဆိုရှိပါတယ်လက် ဝတ်တန်ဆာအ နေနဲ့ဝတ်ထားလို့ရသလို ငွေလိုရင်လည်းရောင်းရ ပေါင်ရလွယ်တာကိုး ရွှေရဲ့အားသာချက်က တော့ ငွေ ကြေး ဖောင်းပွမှုများ နေတဲ့အချိန်၊နိုင်ငံရေးအ ခြေ

အ နေမတည်ငြိမ်တဲ့အချိန်ငွေတန်ဖိုးကျ နေတဲ့အချိန်ကုန် ဈေးနှုန်းအတက်ကြမ်း နေတဲ့အချိန်စီးပွား ရေးကျ နေတဲ့အချိန်မျိုး တွေမှာ ယေဘုယျအားဖြင့်ရွှေကတန်ဖိုးတက် မြန်ပါတယ်အဲဒီအချိန် တွေဟာရွှေအတွက် ရွှေခေတ်ပါပဲ ရွှေရဲအားနည်းချက်

တွေလည်းရှိပါတယ်လက်ဝတ်တန်ဆာရွှေဝယ်ရင်အလျော့တွက်လက်ခ တွေ ပေးရတယ်အခေါက်ရွှေစင်ဝယ်ထားရင် တော့အလျော့တွက်လက်ခမပေးရပါဘူးအခွန် တွေလည်း သေချာ ကောက် နေပြီဆို တော့စဝယ်ကတည်းကအခွန်နဲ့

အလျော့တွက်လက်ခရှုံး နေပါပြီပြီး တော့ဆိုင်က ရောင်းတဲ့ ရွှေ ဈေးနှုန်းနဲ့ကိုယ့်ဆီက ပြန်ဝယ်တဲ့ ရွှေ ဈေးနှုန်းကွာဟမှုရှိပါတယ်ဝယ်ပြီးချက်ချင်း ပြန် ရောင်းရင်ချက်ချင်းရှုံးပါတယ်ပြီး တော့ရွှေကအိမ်မှာထားရင်၊ဝတ်ထားရင်ရန်သူမျိုး၅ပါး

ဒဏ် ကြောက်ရပါတယ်လုံခြုံအောင်ဘဏ်မှာထားရင်ထိမ်းသိမ်းခပေးရပါတယ်ငွေမြုပ် နေပြီးအတိုးလည်းမရရောင်းမှအရင်း ရောအမြတ် ရော ငွေ ပြန် ပေါ်ပါတယ် နောက်တစ်ခုကကျွန် တော်တို့ဟာရွှေကိုသံ ယောဇဉ်တွယ်တတ်ကြတာပါပဲ

ကြွေးဆပ်ဖို့ ရွှေ ရောင်းပါဆိုမ ရောင်းရက်ကြဘူးသွား ပေါင်ကြတယ်တတ်နိုင်တဲ့အချိန် ပြန် ရွေးမယ် ပေါ့ ပြန် တွေးကြည့်ပါလော လောဆယ်ကိုယ့် ရွှေနဲ့ကိုယ် ရွှေ ပေါင်လို့အတိုး ပေး နေရပြီရွှေ ဈေးတက်တဲ့နှုန်းဟာအတိုးနှုန်း လောက်မများတာ

သတိပြု စေလိုပါတယ်ဒီလို ပြေး ပြေး ပေါင် နေတတ်တဲ့အကျင့်ရှိရင် တော့ ရွှေမဝယ်သင့်ပါဘူးဘဏ်ထဲထည့်ထားတဲ့ ငွေကမှအချိန်မ ရွေး ပြန်ထုတ်လို့ရပါတယ်အတိုးမ ပေးရပါဘူးစာရင်း သေအပ်တာဆိုရင် တော့တစ်နှစ်မ ပြည့် သေးရင်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အတိုးဆုံးမယ် ပေါ့ဒါ တောင် ရွှေ ပေါင်လို့အတိုး ပေးရတာ လောက်ဆုံးရှုံးမှုမများပါဘူး နောက်ပြီး ရင်းနှီးမြှုပ် နှံဖို့ ရွှေဝယ်တယ်ဆိုအရည်အ သွေး ပြည့်ပြီးအလျော့တွက်လက်ခမ ပေးရတဲ့အ ခေါက် ရွှေတုံးရွှေပြား တွေကိုဝယ်သင့်ပါတယ်

ဝယ် ဈေး ရောင်း ဈေးကွာဟမှုလည်းနည်းပါတယ်လက်ဝတ်တန်ဆာ တွေက တော့အရည်အ သွေးလည်းနိမ့်အလျော့တွက်လက်ခလည်းများ ရောင်း ဈေးဝယ် ဈေးကွာဟမှုလည်းများတာ ကြောင့်မဝယ်သင့်ပါဘူးဝယ်ဝတ်ချင်ရင် တောင်

တစ်ကိုယ် ရေအတွက်အနည်းအကျဉ်းသင့် တော်ရုံ လောက်ပဲဝယ်သင့်ပါတယ်ရင်းနှီးမြှုပ် နှံဖို့ဝယ်တာဆိုရင်လက်ဝတ် တန်ဆာရွှေ ထည် တွေကရေရှည်မှာဘဏ်တိုးလောက် တောင်မကိုက်ပါဘူးကျွန် တော်တွက်ကြည့်မိသ လောက်လွန်ခဲ့တဲ့

၅နှစ်အတွင်းမှာငွေကိုဘဏ်ထဲစာရင်း သေထည့်ထားပြီးအတိုးအားလုံးကိုအရင်းထဲ ပြန်ထည့်တာနဲ့ ရွှေ ဈေးတက်တာနဲ့ နှုန်းကအကြမ်းအားဖြင့် တူတူ လောက်ပါပဲဒါ့ ကြောင့် ငွေကိုဘဏ်ထဲမှာထည့်သင့်လားအ ခေါက် ရွှေစင်တုံးဝယ်ထားသင့်

သလားဆိုရင်သိပ်မကွာလှပါဘူးလို့ပဲ ပြောချင်ပါတယ်မျှတ အောင်ခွဲပြီးလုပ် စေချင်ပါတယ် ငွေခဏခဏလိုတတ်ရင် တော့ဘဏ်မှာပဲအပ်ထားပါ ရွှေက ရေတိုမှာ ဝယ်ပြီး ပြန် ရောင်းရင်ရှုံးတတ်ပါတယ် ရွှေဟာဘဏ်အပ် ငွေလိုပဲ

လိုအပ်လာရင်အလွယ်တစ်ကူ ပြန် ရောင်းရတာ ငွေ ပြန် ဖော်ရတာလွယ်ပါတယ် ရေတိုနဲ့ ရေလတ်အတွက်စု ဆောင်းထားဖို့မှာသုံးလို့ရမှာပါဒါ ပေမဲ့ ရေရှည် အတွက် တော့ဒီ့ထက်ပိုစွမ်းတဲ့ရင်းနှီးမြှုပ် နှံမှု တွေရှိ နေပါတယ်အိမ် ခြံ မြေဆိုင်ခန်း

စ တော့ရှယ်ယာအစိုးရသို့ကုမ္ပဏီ ငွေ ချေးစာချုပ်ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းစတာ တွေပါအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါ စေခင်ဗျာ လေးစားစွာဖြင့် ပိုးစုန်းကြူး