ရွှေဈေးထိန်းတဲ့အနေနဲ့ရွှေစင်တုံးနဲ့ရွှေစင်ခဲတွေကိုတောက်လျှောက်ရောင်းပေးတော့မယ်လို့သိရအောက်တိုဘာ၆ရက်၂၀၂၂ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကိုသတ်မှတ်ရာနေရာတွေမှာ တောက်လျှောက်ရောင်းပေးတော့မှာဖြစ်တယ်လို့ရန်ကုန်တိုင်း
ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ကနေသိရပါတယ်နစကအနေနဲ့ရန်ကုန်နဲ့မန္တလေးမှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို ရောင်းချပေးနေတာဖြစ်ပြီးပြည်တွင်းကုန်ဈေးနှုန်းနဲ့ရွှေဈေးနှုန်းကိုထိန်းပေးတဲ့သဘောဖြစ်တယ်လို့YGEAဥက္ကဋ္ဌကပြောပါတယ်။
ဒီရွှေရောင်းပေးတာကပုံမှန်အတိုင်းပဲ ဖြစ်သွားတော့မှာပါဌာနကလည်း တောက်လျှောက် ရောင်းပေးသွားတော့မယ့်သဘောရှိပါတယ်ပြင်ပဈေးကိုလည်းထိန်းတဲ့သဘောပဲပေါ့လို့YGEAဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်အောက်တိုဘာ
၆ရက်မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ၃ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်နဲ့ရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)နဲ့မန္တလေးမြို့ရှိStar Mart Mandalayတို့မှာ အောက်တိုဘာ၆ရက်၊မွန်းလွဲ
၁နာရီကနေ၃နာရီအတွင်းထပ်မံရောင်းချပေးသွားမှာ ဖြစ်တယ်လို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ပြီးခဲ့တဲ့
စက်တင်ဘာ၂၉ရက်နေ့ကလည်း ရွှေတုံး၊ ရွှေခဲ၃ပိဿာကိုပထမအကြိမ်အဖြစ် ရောင်းချပေးခဲ့ပေမယ့်အဲ့ဒီ့အချိန်တုန်းကတော့တင်ဒါဆွဲမယ့်သူမရှိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့အပတ်ကတော့ ရွှေဈေးကကျနေတဲ့အချိန်ပေါ့
အပေါ်ကနေ တောက်လျှောက်ပြုတ်ကျလာတဲ့အချိန်၂၅သိန်း၆ သောင်းလောက်မှာ၊အပြင်မှာပေါက်တာကလည်းအဲ့ဒီ့ဈေး၊တင်ဒါကြမ်းခင်းဈေးကလည်းဒီဈေးပဲဆိုတော့ကျနေတဲ့ဟာကိုအကုန်လုံးကသိနေတဲ့အခါကျတော့တင်ဒါဆွဲတဲ့
သူမရှိဘူးပေါ့ဒီနေ့ကတော့ဈေးကတက်တယ်လည်းမဟုတ်ဘူး၊ကျတယ်လည်းမဟုတ်ဘူးကမ္ဘာ့ဈေးနဲ့ ပြည်တွင်းဒေါ်လာကလည်းပုံမှန်အတိုင်းဖြစ်နေတယ်။ဒီနေ့ကတော့ စောင့်ကြည့်ရဦးမှာပေါ့လို့YGEAဥက္ကဋ္ဌက ပြောပါတယ်ဒါ့အပြင် ရွှေဒင်္ဂါးပြားတွေ ရောင်းချတာနေတာကိုလည်း
အရင်အတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်YGEAက အောက်တိုဘာ၆ရက်နေ့မွန်းလွဲပိုင်းထုတ်ပြန်ထားတဲ့ ရွှေဈေးဟာကျပ်၂,၀၁၇,၀၀၀ ဖြစ်ပြီးပြင်ပဈေးကွက်မှာတော့ကျပ်၂,၆၈၀,၀၀၀ ဖြစ်တာကြောင့်ကျပ်၆၆,၃၀၀၀ကွာဟနေသေးတယ်လို့သိရပါတယ်