အကယ်ဒမီမီးလင်းရွှေဈေးနှုန်း၁၉သိန်း၈သောင်းကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်ထားသော် ဈေးကွက်တွင်ရောင်းချခြင်းမရှိနေရန်ကုန်တိုင်း ရွှေကုန်သည်နှင့်ရွှေလုပ်ငန်းရှင်အသင်းမှရွှေဈေးနှုန်းအဖွင့်ဈေးမှာယေ​နေ့(မေ၁၂ရက်တွင်အကယ်ဒမီ

မီးလင်း ရွှေတစ်ကျပ်သားလျှင်၁,၉၇၆,၅၀၀ကျပ်ဖြင့်ဈေးဖွင့်ထားကြောင်းသိရသည်သို့သော်ဈေးကွက်တွင်အကယ်ဒမီရွှေမှာထိုဈေးဖြင့်အရောင်းမရှိကြောင်းသိရသည်အကယ်ဒမီရွှေမှာတစ်ကျပ်သားလျှင်၁၉သိန်း၈သောင်းကျပ်ဝန်းကျင်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အထိ ဈေးနှုန်းကျဆင်းနေခဲ့ကာထိုဈေးဖြင့်ဝယ်လိုအားများရှိနေခဲ့သော်လည်း ရွှေဆိုင်များတွင် ရောင်းချခြင်းမရှိပေဈေးပြန်ကျနေတယ်ကြားမိလို့ဟိုရက်တွေက ရွှေဆိုင်တစ်ဆိုင်ကိုဝယ်မလို့မေးကြည့်တော့ကုန်ကြမ်းပြတ်နေတယ်

ဆိုပြီးပြောတယ်၁၅ပဲရည်ကျတော့စုဖို့ဆိုအလျော့တွက်လက်ခနဲ့ကျမကိုက်ဘူးလေဒုံးဝယ်ဖို့မေးတော့လည်းဈေးကသာမန်ထက်ပိုနေတယ်လေအဲ့တာကြောင့်ဝယ်လို့မရခဲ့ဘူးဟုရွှေဝယ်ယူစုဆောင်းသူတစ်ဦးကယခုလို ပြောသည်ဈေးကွက်မတည်

ငြိမ်ခြင်းဟာရောင်းချသူတွေဈေးနှုန်းထိန်းထားခြင်းများကြောင့်ဖြစ်ပေါ်နေရတဲ့ရလဒ်ဖြစ်ပြီးရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့်သက်ဆိုင်ရာငွေကြေးထိန်းချုပ်သည့်တာဝန်ရှိသူများ၏မှာကြားချက်တွေအရလုပ်ဆောင်နေ

လျှက်ရှိကြောင်းသိရသည်ဈေးကွက်မတည်ငြိမ်တဲ့အပေါ် ပြောရရင်ဈေးထိန်းတဲ့သဘောမျိုးလေးတွေတွေ့နေရပါတယ်ပြောရရင်ကိုယ်ဝယ်တုန်းက ဈေးတက်နေပြီးကိုယ်ရောင်းတော့မှကျနေတယ်ဆိုရင်သိပ်မရောင်းချင်ကြပဲဈေးထိန်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ကြတာပေါ့၊ဆရာတို့စကားအရဆိုဈေးနှုန်းထိုင်စောင့်တယ်ခေါ်တာပေါ့ အဲ့ဒါကြောင့်ဖြစ်နေရတာပါဟု ရွှေလုပ်ငန်းရှင်များအသင်းချုပ်မှတာဝန်ရှိသူက ပြောသည်။ကမ္ဘာ့ရွှေဈေးနှုန်းမှာတော့တစ်အောင်စလျှင်၁၈၅၄ ဒေါ်လာဈေးအထိကျဆင်းနေကြောင်းသိရသည်