မြန်မာ့ရွှေဈေးသမိုင်းမှာစံချိန်တင်အမြင့်ဆုံးမှတ်တမ်းဝင်တဲ့ရွှေဈေးဖြစ်ပေါ်နေရတဲ့အကြောင်းရင်းဖေဖော်ဝါရီလပထမပတ်ကစလို့အခေါက်ရွှေတစ်ကျပ်သား၁၄သိန်း၂သောင်းနဲ့

တရိပ်ရိပ်တက်လာတဲ့ပြည်တွင်းရွှေဈေးနှုန်းဟာမေလမှာ၁၅သိန်း၉သောင်းကျော်ဖြစ်ခဲ့ပါတယ်။သြဂုတ်၁၆ရက်မှာပြည်တွင်းအခေါက်ရွှေဈေးနှုန်းတစ်ကျပ်သားကိုကျပ်၁၇သိန်းခန့်အထိစံချိန်တင်မြင့်တက်ခဲ့ပေမယ့်နောက်ရက်မှာ

တစ်ကျပ်သားကိုကျပ်၁၆သိန်း၅သောင်းကိုပြန်လည်ကျဆင်းခဲ့ပါသေးတယ်။အဲဒီနောက် တရိပ်ရိပ်ပြန်တက်လာပြီးအခုစက်တင်ဘာ၄ရက်ပြည်တွင်းရွှေဈေးနှုန်းဟာဈေးကွက်ပိတ်ချိန်မှာအခေါက်ရွှေတစ်ကျပ်သားကို ၁,၇၇၈,၀၀၀ကျော်အထိ

ဈေးကွက်ပေါက်ဈေးရှိပါတယ်ဒါဟာအခေါက်ရွှေတစ်ကျပ်သားကို၁၈သိန်းနားကပ်လာလို့မြန်မာ့ရွှေဈေးသမိုင်းမှာအမြင့်ဆုံးမှတ်တမ်းဝင်တဲ့ဈေးလည်းဖြစ်ပါတယ်။ရွှေလုပ်ငန်းရှင်အချို့ကတော့နောက်ရက်မှာကျရိပ်ရှိနိုင်တယ်လို့

ခန့်မှန်းပေမယ့အမေရိကန်ဒေါ်လာငွေတန်ဖိုးမြင့်တက်နေတဲ့အတွက်ပြောရခက်တဲ့အခြေအနေလို့ဆိုပါတယ်။ပြည်တွင်းရွှေဈေးနှုန်းတရိပ်ရိပ်စေတဲ့အချက်တွေကတော့ပြည်တွင်းရွှေဈေးနှုန်းဟာဒေါ်လာငွေဈေးနဲ့ကမ္ဘာ့ရွှေဈေးအပေါ်မှာအဓိက

မှီတည်ပြီးပြည်တွင်းငွေတန်ဖိုးကျဆင်းတဲ့အခါရွှေမှာရင်းနှီးမြုပ်နှံမှုပိုလုပ်တာနဲ့လက်ရှိဈေးကွက်ထဲကိုရွှေအဝင်နည်းမှုတွေကလည်းရွှေဈေးမြင့်တက်စေတဲ့အဓိကအချက်တွေဖြစ်ပါတယ်။၇လအတွင်းမြန်မာငွေတန်ဖိုးကျပြီးအမေရိကန်

ဒေါ်လာငွေတန်ဖိုးတရိပ်ရိပ်မြင့်တက်ခဲ့တာဟာပြည်တွင်းရွှေဈေးတက်စေတဲ့အဓိကအချက်လို့ပြောကြပါတယ်စက်တင်ဘာပထမပတ်မှာတော့ဗဟိုဘဏ်ရဲ့ဒေါ်လာရည်ညွှန်းငွေလဲလှယ်နှုန်းသတ်မှတ်ဈေးမှာတင်တစ်ဒေါ်လာငွေလဲနှုန်းဟာ

၁၇၀၇ကျပ်ရှိနေပြီးပြင်ပဈေးကွက်မှာတစ်ဒေါ်လာပေါက်ဈေးဟာကျပ်၁၈၀၀ဝန်းကျင်အထိဈေးပေါက်နေတာပါ။ဒီလိုဒေါ်လာငွေလဲနှုန်းမြင့်တက်လာတာကြောင့်ပြည်တွင်းငွေထက်ခိုင်မာတဲ့ရွှေဈေးကွက်မှာပိုပြီးရင်းနှီးမြှုပ်နှံလာကြပါတယ်

အဲဒီအခါဝယ်လိုအားများပြီးရွှေဈေးမြင့်တက်ပါတယ်။ကမ္ဘာ့ရွှေဈေးကိုကြည့်ရင်လည်းစက်တင်ဘာ၄ရက်မှာ၁အောင်စကို၁၈၂၇ဒေါ်လာဈေးပေါက်ပြီးဒါဟာပြီးခဲ့တဲ့ရက်တွေနဲ့နှိုင်းယှဉ်ရင်ဒေါ်လာ၂၀ခန့်မြင့်တက်ခဲ့တာဖြစ်ပါတယ်အခုလို

ရွှေဈေးနှုန်းမြင့်တက်တာများပြီးမတည်မငြိမ်ဖြစ်တာကဗဟိုဘဏ်ကစက်တင်ဘာ၃ရက်မှာထပ်မံထုတ်ပြန်လိုက်တဲ့ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့ဘဏ်ငွေစာရင်းတွေထဲကို နိုင်ငံခြားသုံးငွေဝင်လာတာနဲ့ရတဲ့ငွေထဲကမသုံးဘဲကျန်တဲ့

ပို့ကုန်ရငွေတွေကိုသက်ဆိုင်ရာနိုင်ငံခြားသုံးငွေရောင်းဝယ်ရေးဘဏ်မှာဈေးကွက်ပေါက်ဈေးနဲ့ရောင်းချဖို့ဆိုတာကြောင့်လည်းပါပါတယ်ပုံမှန်မိုးကာလမှာရွှေထွက်နည်းလို့ဈေးကွက်ထဲရွှေဝင်နည်းတာရှိပါတယ်။ဒါပေမယ့်အခုတော့ရွှေထွက်တဲ့

နေရာတွေမှာတိုက်ပွဲတွေရှိနေတာ။နောက်အာဏာသိမ်းပြီးတဲ့နောက် လမ်းခရီးမှာအစစ်အဆေးတွေတင်းကြပ်တာနဲ့ကိုဗစ်ကြောင့်ရွှေချွတ်တဲ့လုပ်ငန်းတွေပိတ်ထားကြတာကဈေးကွက်ထဲမှာရွှေအရနည်းပါးရွှေဈေးတက်စေတဲ့အချက်ဖြစ်နေ

ပြန်ပါတယ်အဓိကအကြောင်းအချက်မျိုးစုံနဲ့ရွှေဈေးကွက်ကိုရွှေဝင်ရောက်တာနည်းနေတယ်ကိုဗစ်ကာလမှာကျန်းမာရေးအရရွှေချွတ်ခန်းတွေကအလုပ်နားထားရတဲ့အခြေအနေရှိတယ်အဲဒီတော့ရွှေကဈေးကွက်ထဲနည်းတော့ဈေးတက်စေတာလည်းပါတယ်လို့နှစ် ၃၀ကျော်ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးကဆိုပါတယ်credit