ပြည်တွင်း ရွှေဈေးနှုန်းဆက်တိုက်ပြန်ကျလာမယ်လို့ ရွှေအသင်းပြောစက်တင်ဘာ၁၉ဒီနေ့စက်တင်ဘာ၁၉ရက်မနက်၁၁နာရီ ပြင်ပရွှေဈေးကွက်ဖွင့်ချိန်မှာအခေါက်ရွှေတစ်ကျပ်သားကိုကျပ်၂၉သိန်းနဲ့ရွှေဆိုင်တွေဈေးဖွင့်လာခဲ့ပြီး

ရွှေဈေးနှုန်းဆက်တိုက်ပြန်ကျလာနိုင်တယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်က မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်ရွှေကကမ္ဘာ့ဈေးလည်းကျတယ်၊ ပြည်တွင်းဒေါ်လာဈေးလည်းကျတယ်၊ကျောက်မျက်ကလည်း

ရွှေဒင်္ဂါးပြားတွေရောင်းပေးတဲ့အခါကျတော့ ဈေးကွက်ထဲမှာပစ္စည်းပြတ်တယ်မရှိတော့ဘူးပေါ့အရင်တုန်းကတော့ပစ္စည်းပြတ်မယ်အထင်နဲ့လုပြီးဝယ်ကြတော့ ဈေးမတည်ငြိမ်တာအခု ရွှေဈေးကဆက်ကျဦးမှာပဲ ပြည်တွင်းမှာလည်း

ဒီဇင်ဘာလ လောက်ဆိုတွင်းတွေကတူးဖော်တဲ့လုပ်ငန်းတွေပြန်စတော့မှာအဲ့ချိန်ရွှေကလည်းအများကြီးပြန်ထွက်လာမယ်ပြည်တွင်းမှာလည်းအခုချိန်ကအလုပ်အကိုင်ပါးဝင်ငွေနည်းတဲ့အချိန်ဆိုတော့အဝယ်သိပ်မရှိကြဘူးအရောင်းပဲများတယ်

ဘဏ်စနစ်နဲ့ပေးချေဖို့ကလည်းအရင်ကထဲကလုပ်နေတော့ဘာမှထူးထူးခြားခြားမရှိပါဘူးဘဏ်စနစ်နဲ့လွှဲလို့ရတာကိုပဲ ရွှေသမားတွေက ကျေးဇူးတင်နေရတာ၊ ငွေထုပ်ကြီးပိုက်ပြီး သွားရတဲ့အလုပ်ကအချိန်လည်းကုန်၊အန္တရာယ်လည်းများတယ်လို့ဦးမျိုးမြင့်ကပြောပါတယ်