ရွှေလိုဝင်းတဲ့အသားအရေအတွက်တကယ်အသုံးတည့်တဲ့နနွင်းအသားအရေဝင်းဝါစိုပြည်ခြင်းဟာအမျိုးသမီးတိုင်းလိုချင်တပ်မက်ကြတဲ့အရာပါအသားအရေဝင်းဝါဖို့အတွက်အိန္ဒိယသူတွေကနနွင်းကိုစွဲစွဲမြဲမြဲသုံးလေ့ရှိကြပါတယ်တချို့ဆိုနနွင်းကို
သနပ်ခါးနဲ့တောင်တွဲလိမ်းလေ့ရှိပါသေးတယ်သဘာဝမဟုတ်တဲ့အသားဖြူဆေးတွေသုံးကြည့်မယ့်အစားဒီလိုဆေးဖက်ဝင်ပစ္စည်းကိုစိတ်ရှည်ရှည်နဲ့စွဲသုံးကြည့်ဖို့စာဖတ်ပရိသတ်တွေအတွက်နနွင်းရဲ့အသုံးဝင်ပုံနဲ့အသုံးပြုပုံနည်းလမ်းကောင်းတွေ
ညွှန်းပေးချင်ပါတယ်နနွင်းရဲအသုံးဝင်ပုံနနွင်းဟာအမျိုးသမီးတွေအတွက်သားအိမ်ကိုအဓိကသန့်ရှင်းစင်ကြယ်စေတဲ့ဓာတ်ရှိပါတယ်အထဲကအပူအပုပ်တွေကင်းစင်တဲ့အခါအပြင်ကအသားအရေကအလိုလိုနေရင်းကြည်လင်ဝင်းပလာတာပါ
နနွင်းကိုအသုံးပြုပုံရှေးခေတ်လူကြီးတွေကတော့နနွင်းကိုပျားရည်နဲ့ရောပြီးသင့်တော်တဲ့ပမာဏလက်ဖက်ရည်ဇွန်း၁ဇွန်းစာသောက်သုံးခိုင်းပါတယ်ဒါ့အပြင်သံလွင်ဆီနဲ့လည်းတွဲပြီးနေ့တိုင်းပုံမှန်သောက်သုံးပေးတာကျန်းမာရေးအရကော
အသားအရေအတွက်ပါကောင်းတယ်လို့သိရပါတယ်နနွင်းနဲ့အသားအရေဖြူအောင်မျက်နှာကိုပေါင်းတင်လို့ရပါသေးတယ်နနွင်းနဲ့မျက်နှာပေါင်းတင်မယ်ဆိုရင် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေနဲ့အသုံးပြုကိုရေးသားပေးပါမယ်ပါဝင်ပစ္စည်းများဂျုံ
စားပွဲတင်ဇွန်း၂ဇွန်းအုတ်ဂျုံကိုလည်းအသုံးပြုနိုင်ပါတယ်နနွင်းစားပွဲတင်ဇွန်း၁ဇွန်းနွားနို့စားပွဲတင်ဇွန်း၃ဇွန်းဒိန်ချဉ်အစားထိုးအသုံးပြုနိုင်ပျားရည်၁စက်၂စက်အဆိုပါ ပါဝင်ပစ္စည်းများကိုအားလုံးရောသမမွှေပြီးမျက်နှာပေါ်မှာမိနစ်၂၀ခန့်လိမ်းထား
ပေးပါပြီးလျှင်ရေဆေးချပြီး
မျက်နှာကိုအစိုဓာတ်ရအောင်Moisturizerတခုခုလိမ်းထားပါနနွင်းကခန္ဓာကိုယ်တွင်းမှာရှိတဲ့ဆဲလ်သေများပျက်စီးမှုကိုလျော့ကျစေပြီးအသားအရေကိုချောမွေ့စေပါတယ်အသက်အရွယ်ရလို့အရေးအကြောင်းဖြစ်ခြင်းကိုလည်း
လျော့နည်းစေပြီးဝက်ခြံ၊အဖုအပိမ့်များအသားအရေခြောက်သွေ့ခြင်းစတဲ့အရေပြားဆိုင်ရာပြဿနာများအတွက်အစွမ်းထက်တဲ့ဆေးစွမ်းကောင်းလက်ဖြစ်ပါတယ်နနွင်းဝယ်တဲ့အခါလည်းနနွင်းအစစ်ဖြစ်ဖို့သတိပြုရမှာအရေးကြီးပါတယ်
နနွင်းအစစ်မဟုတ်ရင်နနွင်းရဲ့
အာနိသင်အပြည့်အဝမရတာမျိုးတွေဖြစ်တတ်တာမို့နနွင်းစစ်စစ်ရဖို့အထူးသတိထားဝယ်ယူဖို့အကြံပြုချင်ပါတယ်ကဲနနွင်းရဲ့အကျိုးကျေးဇူးတွေကိုသိထားပြီးပြီဆိုတော့အခုပဲနနွင်းစစ်စစ်ကိုရှာဖွေပြီးအသားအရေလှအောင်အသုံးပြုကြမယ်လေနော်နနွင်းအသားအရေ