မြန်မာနိုင်ငံအတွင်းရှိတန်ဖိုးကြီးရှားပါးပြီးထူးဆန်းသည့်အရာများဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်မြန်မာ့တောတောင်များအတွင်းမှာရှိတဲ့တန်ဖိုးကြီးမားပြီးရှားပါးထူးဆန်းတဲ့အရာများကို ဖော်ပြပေးလိုက်ပါတယ်

အဆိုပါပစ္စည်းတွေဟာတဖက်နိုင်ငံကတရားမဝင်ကုန်သွယ်ရောင်းဝယ်မှုတွေကြောင့်အတော်များများပျက်စီးပျောက်ဆုံးကုန်ပြီဖြစ်ပါတယ်ယင်းပစ္စည်းများကို ထိန်းသိမ်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ပုံမမြင်ဘူးသူများ မြင်ဖူးစေရန်အတွက်ပုံနှင့်တကွဖော်ပြလိုက်ရပါတယ်။

ညောင်နီပင်မြန်မာနိုင်ငံမှာရှိတဲ့ တောထဲတွင်ရံဖန်ရံခါ တွေရလေ့ရှိသော ညောင်ပင်နီဖြစ်သည်သစ်ပင်ကိုင်းအားဓါးဖြင့်ခုတ်လျှင်လူကဲ့သို့ သွေးများထွက်သည်တရုတ်နိုင်ငံမှအဓိကထားဝယ်သည်ဟုသိရသည်၁၉၆၈ခုနှစ်တွင်ပဲခူးရိုးမတွင်

ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးမှထိုအပင်ကိုတွေ့ရှိ၍အပင်လိုက်ခုတ်ကာတရုတ်နိုင်ငံသို့ ရောင်းချခဲ့သည်ဟုသိရသည်ယခုခေတ်တွင်လည်းထိုအပင်ကိုလိုက်လံရှာဖွေဝယ်ယူနေသောထိုင်းလူမျိုးအချို့နှင်တရုတ်လူမျိုးတို့ကိုတွေ့ဖူးသည်

ဒေသခံအချို့ တွေ့ဖူးလျှင်လမ်းပြကြေးပေးကာလိုက်လံရှာဖွေတက်ကြသည်ထိုအပင်သည် ကျောက်မျက်အတုလုပ်သည့်လုပ်ငန်းနှင့် ဆေးဝါးဖော်စပ်သည့် နေရာတွင်အလွန်အသုံးဝင်သည်ဟုကြားဖူးသည်ယခုအခါထိုအပင်မှာမရှိသလောက်ရှားပါးသွားသည်။

ကျွန်းနက်မြန်မာနိုင်ငံရှိ ရေနံမြေနှင့်ဆက်စပ်နေသော ဒေသအချို့တွင် ပေါက်ရောက်သည်ကျွန်းနက်သည်မူလအစကကျွန်းဖိုပင် ဖြစ်သော်လည်း ရေနံမြေ၏ အောက်ခံမြေဆီလွာနှင့် ကျောက်အလွာကြောင့်သက်တမ်းရင့်လာသည့်အခါကျွန်းနက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကျွန်းနက်အားအဂ္ဂရိတ်ထိုးသည့်နေရာတွင် အလွန်အသုံးဝင်သည်ကျွန်းနက်အား အဆီအနှစ်ထုတ်ကာအဂ္ဂရိတ်ပညာဖြင့်သံလုံးရအောင်လုပ်သည်ကျွန်းနက်၏မူလအသားမှာလဲမီးရှို့၍ပြာချလျှင်သံလိုက်သယောင်ရှိသည်အဂ္ဂရိတ်ပညာဖြင့်

ဓါတ်လုံးရအောင်ထိုးနိုင်လျှင်ပီယသီဒ္စီ၊ကာယသိဒွီတို့၌အလွန်ထူးခြားသည်ဂမ္ဘီရအနွယ်ဝင်သစ်ပင် ဖြစ်သောကြောင့် တော်ရုံတန်ရုံ တွေ့ရှိဖို့မလွယ်ကူသလိုတွေ့ရှိသည့်ကျွန်းနက်ပင်အချို့မှာလဲဘုရားဆင်းထုထုပ်လုပ်ရန်သာအသုံးဝင်သည်။

ကျွန်းနက်သားအစစ်အားပိသာချိန်ဖြင့်ချိန်တွယ်ကာသိန်းဂဏန်းကျပ်ဖြင့်ဝယ်ယူကြောင်းသိရသည်ဝါးအမြူတေဝါးအမြူတေသည်ဝါးတောများထဲတွင် တစ်ပင်တည်းထူးခြားစွာပေါက်သည်။ဝါးများထဲတွင် သန္ဓတေည်သည်။

ပုံစံမှာအလုံးသို့မဟုတ် နွယ်ပင်ကဲ့သို့ပုံစံမျိုးဖြစ်သည်ဝါးအမြူတေသည်လပြည့်၊ လကွယ်ညများတွင်ထိုဝါးထဲမှစကားပြောသံများသီချင်းဆိုသံများဝါးကြိတ်သံများ ကြားရတက်သည်ပုဂံခေတ်ကဝါးထဲမှမွေးဖွား၍ဘုရင့်မိဖုရား

ဖြစ်သွားသောဝေဠုဝတီမိဖုရားသည်ထိုအမြူတေမှပေါက်ဖွားသည့်ဟုကြားဖူးသည်ထိုဝါးအမြူတေအားအိမ်၌ ဆောင်ထားလျှင်စီးပွားတက်ခြင်း၊လာဒ်လာဘပွင့်ခြင်းစသည့်အကျိုးကျေးဇူးများရရှိသည်အထူးသဖြင့်စုန်းကဝေ

အောက်လမ်းတို့မပြုစားနိုင်သောကြောင့်စုန်းယုံကြည်သောအာရှနိုင်ငံအချို့နှင့်အာဖရိကနိုင်ငံအချို့က ဈေးကောင်းပေး၍ဝယ်တက်သည်သစ်ကွင်းတောကြီးတောင်ကြီးများတွင်သာ တွေ့ရတက်သည်ပုံပါသစ်ကွင်းများကိုအိမ်၌ဆောင်ထားလျှင်မီးကွင်းသည်လူ၊နတ်ချစ်ခင်သည်။

စုန်း၊ အောက်လမ်းတို့ ပြုစားခြင်းကင်းလွတ်သည်စုန်းယုံကြည်သော မြန်မာလူမျိုးများနှင့်ထိုင်းလူမျိုး၊မလေးလူမျိုးတို့က ဈေးကောင်းပေး၍ဝယ်တက်သည်သံစားကျောက်ရှေးဟောင်းပစ္စည်းပွဲစားများနှင့်ထိုင်းလူမျိုးများ

အလွန်လိုချင်နေသောကျောက်တစ်မျိုးဖြစ်သည်ထိုကျောက်ကိုရေတံခွန်များပေါများရာဒေသနှင့်မီးတောင်များရှိရာဒေသတို့တွင်သာတွေ့ရတက်သည်ထိုကျောက်၏ကာလပေါက်ဈေးတန်ဖိုးမှာသိန်းတစ်ထောင်အောက်သာဖြစ်သည်ထိုကျောက်
သည်

မိုးရေ၊ အောက်ဆီဂျင်နှင့်အိုင်းယွန်းဆာလဖြူရစ်တို့နှင့်ထိတွေ့ပြီးဓါတ်ပြုကာအက်ဆစ်ဓါတ် ဖြစ်ပေါ်သောကြောင့်သံအရည်ပျော်ခြင်း ဖြစ်သည်အရည်ပျော်သည်မှာလဲချက်ချင်းပျော်သွားခြင်းမဟုတ်ဘဲ နှစ်ရက်သုံးရက်ခန့်မှသာအရည်ပျော်ခြင်း ဖြစ်သည်။

ခြသံအဂ္ဂရိတ်ပညာရှင်များ တောထဲရှိခြတောင်ပို့များအားဖြို၍ရှာသော ကျောက်တစ်မျိုးဖြစ်သည်။ ခြသံစစ်လျှင် ကျောက်ပျဉ်၌ သွေးလျှင်နို့ကဲ့သို့အဖြူရောင်အရည်များ ထွက်တတ်သည်ပုဂံခေတ်ရှင်အဇ္ဇဂေါဏ၏မုဆိုးမဘုရား

တည်နိုင်သော ရွှေဖြစ်၊ ငွေဖြစ်လမ်းစဉ် အောင်မြင်ရခြင်းသည် ခြသံ၏အရေးပါမူကြောင့်လဲ ဖြစ်သည်ကျောက်လိပ်၊ ကျောက်ခရုနှင့်ကျောက်ငါးထိုကျောက်ဖြစ်နေသောရေနေသတ္တဝါများအား ကျောက်ဆောင်ထူထပ်၍ရေနှင့်နီးသည့်နေရာများတွင် တွေ့ရတက်သည်။

ထိုကျောက်သတ္တဝါများ၏အသုံးဝင်ပုံမှာ ရေဖလားထဲတွင်ထည့်၍ ပြဒါးကျွေးထားလျှင်ရက်အတန်ကြာသည့်အခါထိုကျောက်သတ္တဝါများစွန့်ပစ်သောအညစ်ကြေးမှာ ရွှေဖြစ်နေတက်သည်ဟုကြားဖူးသည်ဗဟုသုတအဖြစ်ပြန်လည်မျှဝေပါသည်